အသတ်ခံလိုက်ရတဲ့ဇနီးက နောက်ထပ်ဇနီး ၆ ယောက်ကိုကျိန်ဆဲသတ်ပစ်လိုက်တဲ့ ကြောက်မက်ဖွယ်ရာဇာတ်လမ်း..

ကမ္ဘာတဝှမ်းမှာရှိတဲ့သရဲတစ္ဆေပုံပြင်များ…
ဂျပန်မှာတော့ 怪談Kaidan လို့ခေါ်ပြီး၊ ပူပြင်းတဲ့နွေရာသီမှာ ညပိုင်းကတော့အနည်းငယ်အေးတာကြောင့် လေညင်းခံရင်းသရဲအကြောင်း ပြောလေ့ရှိကြပါတယ်။

တစ္ဆေအများစုကတော့အမျိုးသမီးတွေဖြစ်ပါတယ်။
တစ်စုံတစ်ခုသောအကြောင်းကြောင့် အသတ်ခံလိုက်ရပြီးသရဲဘဝသို့ရောက်သွားပေမဲ့ မကျေနပ်ချက်တွေရှင်းလင်းမသွားဘဲ ၎င်းဘဝနဲ့ဆက်ရှိနေကြတာများပါတယ်။

အမျိုးသမီးတွေကပိုပြီးဆွဲဆောင်မှုရှိလို့လား? ဒါမှမဟုတ် အမျိုးသားတွေထက်အမျိုးသမီးတွေကပိုပြီး မကျေနပ်ချက်အာဃာဂတွေထားနိုင်လို့များလား?
အဲ့ဒီအကြောင်းအရင်းကိုသေချာမသိပေမဲ့၊ ဒီတစ်ခေါက်ပြောပြမှာတော့ အမျိုးသမီးတစ်ယောက်အကြောင်းပါပဲ…

怪談 累ヶ淵(かさねがふち)

အချိန်ကတော့ ဆာမူရိုင်းတွေတိုင်းပြည်ကိုစတင်အုပ်ချုပ်တဲ့ အဲဒိုခေတ်၊ Chiba ခရိုင်ရှိရွာတစ်ရွာမှာ 与右衛門 Yoemon လို့ခေါ်တဲ့ လယ်သမားသူဌေးတစ်ဦးရှိခဲ့ပါတယ်။
ဒီလယ်သမားသူဌေးဟာ လက်ထပ်ထားတဲ့ဇနီးသေဆုံးသွားတာကြောင့် နောက်ထပ်ဇနီးမယားအနေနဲ့ ဘေးရွာမှာနေတဲ့ 杉Sugi ဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်လိုက်ပါတယ်။
杉Sugi  မှာတော့ 助Suke ဆိုတဲ့ကလေးရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီကလေးကရုပ်အင်မတန်ဆိုးတယ်လို့ပြောကြပါတယ်။
与右衛門 Yoemon ဟာအရင်ကတည်းက 助Suke  ကိုမုန်းတီးနေပြီး သွေးအေးတဲ့ဆက်ဆံရေးဖြစ်ခဲ့ပါတယ်။
အဲ့ဒါမှာ 杉 ဟာမိမိရဲ့ကလေးဖြစ်တဲ့ 助Suke ကိုမြစ်ထဲခေါ်သွားပြီး ရေနစ်သတ်ပစ်လိုက်ပါတယ်။

နောက်ပိုင်း 与右衛門 Yoemon နဲ့ 杉Sugi  ကြား ကလေးဖြစ်ထွန်းခဲ့ပါတယ်။
ထိုကလေးကို 累Rui လို့နာမည်ပေးလိုက်ပေမဲ့၊ ဒီကလေးဟာ အရွယ်ရောက်လာတာနဲ့အမျှ တစ်ဖြည်းဖြည်း 助Suke နဲ့ရုပ်ဆင်လာတယ်။
မိဘတွေက 助ရဲ့အငြိုးတွေလား? ဆိုပြီးတုန်လှုပ်ရင်း 累Rui ကိုကျွေးမွေးပျိုးထောင်ခဲ့ပါတယ်။

累Rui ဟာသူ့ရဲ့ရုပ်ဆိုးမှုကို သူကိုယ်တိုင်မုန်းတီးပြီး လူတွေရှေ့မထွက်ဘဲ ပုန်းလျှိုးကွယ်လျှိုးဘဲနေလာခဲ့ပါတယ်။
လယ်သမားသူဌေးကြီးဟာ ကွယ်လွန်သွားချိန် 累Rui ဟာ လက်ထပ်ဖို့ဖြစ်လာပါတယ်။

ဒါပေမဲ့ အဲ့ဒီတစ်ဖက်လူက လယ်သမားသူဌေးကြီးချန်ထားခဲ့တဲ့ အမွေတွေကိုလိုချင်လို့သာလက်ထပ်တာပါ။
လက်ထပ်လိုက်တာနဲ့အဲ့ဒီအမျိုးသားဟာ ချက်ချင်း 累Rui အပေါ် သွေးအေးသွားတယ်။
တစ်ရက်မှာတော့ 累Rui ဟာ လင်ဖြစ်သူနဲ့အပြင်ထွက်သွားတဲ့အချိန် လင်ဖြစ်သူကသူ့ကို မြစ်ထဲတွန်းချပြီး သတ်ပစ်လိုက်ပါတော့တယ်။
ဖြစ်ချင်တော့အဲ့ဒီနေရာဟာ 累Rui ရဲ့မိခင်၊ 杉Sugi က မိမိကလေးဖြစ်သူ 助Suke ကိုရေနစ်သတ်လိုက်တဲ့နေရာပဲဖြစ်နေပါတယ်။

***ဇာတ်လမ်းကအခုမှစမှာပါ…***

累Rui ကိုသတ်လိုက်တဲ့ယောက်ျားက လူအများရှေ့မှာတော့ ဝမ်းနည်းတဲ့ပုံစံလုပ်ပြပြီး၊ နောက်အိမ်ထောင်ပြုလိုက်ပါတယ်။
သို့သော် အဲ့ဒီအမျိုးသမီးဟာအသည်းအသန်နေမကောင်းဖြစ်ပြီး ချက်ချင်းသေဆုံးသွားပါတယ်။

နောက်လက်ထပ်တဲ့အမျိုးသမီးရော၊ နောက်ထပ်ထိုအမျိုးသားလက်ထပ်သမျှမိန်းမတွေ…
၅ ယောက်မြောက်ဇနီးလည်းသေဆုံးသွားပါတယ်.
သူတို့အားလုံး အမည်မသိရောဂါတွေနဲ့ပဲ ခြောက်ချားစွာသေဆုံးကုန်ပါတယ်။

၆ ယောက်မြောက်ဇနီးကတော့ ကိုယ်ဝန်ရသွားပြီး၊ သမီးမိန်းကလေးမွေးခဲ့ပါတယ်။
菊Kiku လို့အမည်ပေးလိုက်ပေမဲ့၊ ထိုဇနီးလည်းချက်ချင်းသေဆုံးသွားပါတယ်။
အဲ့ဒီနောက်ပိုင်း တည်ငြိမ်စွာနဲ့ပဲနေထိုင်သွားတော့တဲ့ထိုအမျိုးသား… 菊Kiku ဟာအသက် ၁၄ နှစ်မှာတော့ ရုတ်တရက်ထူးဆန်းတဲ့အပြုအမှုကို ထလုပ်ခဲ့ပါတယ်။

ပါးစပ်ကနေအမြုံပ်တွေထွက်လာပြီး မျက်လုံး ၂ ဖက်ကနေမျက်ရည်တွေအဝိုင်းသားနဲ့ ထိုအမျိုးသားကိုစိုက်ကြည့်နေခဲ့တယ်,,
“ ငါ 菊Kiku မဟုတ်ဘူး။
လွန်ခဲ့တဲ့ ၂၆ နှစ်ကအသတ်ခံလိုက်ရတဲ့ နင့်ရဲ့မိန်းမ 累Rui ပဲ
အဲ့ဒီအချိန် ချက်ချင်းကျိန်ဆဲသတ်မယ်လုပ်ခဲ့ပေမဲ့၊ ငရဲမှာတိုက်ခိုက်ခံနေရတာကြောင့် မတတ်နိုင်ခဲ့ဘူး။
ဒါကြောင့် နင့်မိန်းမ ၆ ယောက်လုံးကို ငါသတ်လိုက်တယ်”

အဲ့ဒီမှာရှိတဲ့ရွာသားတွေဆီ ကောလာဟလတွေပျံ့နှံ့သွားပြီး ထိုအမျိုးသားကိုမေးမြန်းခဲ့ပေမဲ့၊ မသတ်ခဲ့ပါဘူးဆိုပြီးလိမ်ပြောလိုက်ပါတယ်။
菊Kiku ရဲ့ခန္ဓာကိုယ်ကနေထွက်မသွားတဲ့ 累Rui ရဲ့ ဝိညာဥ် ..
မျှော်လင့်တဲ့အတိုင်းပဲ ထိုအမျိုးသားရှုံးနိမ့်သွားပြီး သူ့အပြစ်တွေကိုဝန်ခံလိုက်ရပါတယ်။
သို့သော် 累Rui ဟာ 菊Kiku ရဲ့ခန္ဓာကိုယ်ကနေထွက်မသွားပါဘူး။

 

ဒါကိုနှင်ထုတ်ပေးခဲ့တာကတော့ Yuten Shonin ဆိုတဲ့ဘုန်းကြီးတစ်ပါးပဲဖြစ်ပါတယ်။


累Rui ရဲ့မကောင်းဆိုးဝါးဝိညာဥ်ကို ကျွတ်လွတ်အောင်လုပ်ပေးလိုက်ပေမဲ့၊ နောက်ထပ်အဲ့လိုပဲအသတ်ခံရတဲ့ 助Suke ရဲ့ဝိညာဥ်ပါကျွတ်လွတ်သွားပါတယ်။
သူ့ကြောင့်ကျွတ်လွတ်သွားတယ်ဆိုပေမဲ့ ဒါကတကယ့်ဖြစ်ရပ်မှန်ပါ..

ဒီလိုပုံပြင်ကိုတစ်စုံတစ်ဦးကထွင်လိုက်ပြီး “ ရှေးရှေးတုန်းကအကြောင်းအရာတွေပါ..” ဆိုပြီးတစ်ဆင့်ပြန်ပြောကြပေမဲ့၊ တကယ်ဖြစ်ရပ်မှန်တွေကိုရေးထားတဲ့ ထိုအချိန်ကစာအုပ်ထဲမှာတော့ ရှိနေခဲ့ပါတယ်…

မတော်တဆတိုက်ဆိုင်မှုကြောင့်ထပ်ခါတလဲဖြစ်တဲ့အထိ ယုတ္တိမရှိအမည်မသိရောဂါနဲ့သေဆုံးခြင်း..
နောက်ပြီးဂယောက်ခြောက်ချားဖြစ်နေတဲ့သမီးက သူမသိတဲ့ 累Rui နဲ့ 助Suke နာမည်တွေကိုခေါ်တာတို့…
ဒီအခြေအနေတွေကို မျက်မြင်တွေ့ရှိခဲ့ပြီး မှတ်တမ်းတင်ခဲ့တဲ့လူတွေ…

သရဲတစ္ဆေတွေတည်ရှိမှုကို အလွယ်တကူငြင်းဆိုကြသူတွေအနည်းငယ်ရှိပေမဲ့၊ ဒီဟာကတော့ မရှင်းပြနိုင်ဘူးမဟုတ်လား?
သင်ရော သရဲတစ္ဆေတွေရှိကြောင်းယုံကြည်ပါသလား။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: