ကမ္ဘာမှာပထမဆုံးကောင်းကင်ပေါ်ကိုပျံတက်ခဲ့တာ ဂျပန်အမျိုးသားလား?

ကမ္ဘာမှာပထမဆုံးကောင်းကင်မှာပျံသန်းခဲ့တာဘယ်သူလဲ?လို့မေးလိုက်ရင် အမေရိကန်လူမျိုး Wright ညီနောင်လို့ ဖြေကြမှာပါ။ သို့ပေမယ့် ဒါကတစ်ဝက်သာလျှင်မှန်ပြီး တစ်ဝက်မှားနေပါသေးတယ်။
အတိအကျပြောရရင် Wright ညီနောင်က ရွေးလျားနိုင်တဲ့လေယဥ်ပျံနဲ့ကောင်းကင်မှာပထမဆုံးပျံသန်းခဲ့သူတွေဖြစ်ပြီး၊ သူတို့ထက်ပိုစောပြီး ကောင်းကင်မှာပျံသန်းခဲ့သူလည်းရှိပါတယ်။

ပထမဆုံးကောင်းကင်ပေါ်ပျံတက်ခဲ့တာက Montgolfier brothers တို့ဖြစ်ပါတယ်။
1783 ခုနှစ်မှာ မိုးပျံပူဖောင်းနဲ့ ကောင်းကင်ပေါ်ပျံတက်ခဲ့ပါတယ်။


https://intojapanwaraku.com/culture/123323/

ထိုအချိန် ဥရောပမှာ ငှက်ကိုအတုခိုးပြီးအတောင်ပံခတ်ကာကောင်းကင်ကိုပျံသန်းကြမယ်လို့လုပ်ခဲ့ပေမဲ့ စက်ပိုင်းဆိုင်ရာယန္တရားတွေနားမလည်ဘဲ၊ ယနေ့အချိန်အခါနဲ့ဆို တော်တော်ကိုအလှမ်းဝေးတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် အင်္ဂလန်ကအင်ဂျင်နီယာတစ်ယောက်က 1849 ခုနှစ်မှာ glider နဲ့ကောင်းကင်ပေါ်ပျံသန်းခဲ့ပါတယ်။
လေပူတွေထုတ်နဲ့မိုးပျံပူးဖောင်းနဲ့မတူဘဲ၊ လေဟုန်ကိုစီးပြီး ကောင်းကင်မှာပျံသန်းနေတဲ့ငှက်တစ်ကောင်ကဲ့သို့ ခံစားရစေပါတယ်။
ဒီအင်ဂျင်နီယာက ကမ္ဘာမှာပထမဆုံးကောင်းကင်ပေါ်ပျံသန်းခဲ့တယ် ဒါမှမဟုတ် စက်မဲ့ယဥ်နဲ့ပျံသန်းခဲ့တဲ့လူလို့ဆိုလိုက်ရင် တကယ်တော့ မှားပါတယ်။
သူ့ထက်စောတဲ့လူရှိနေလို့ပါ…

1757 ခုနှစ်မှာ ဂျပန်လူမျိုးအလားတူ စက်မဲ့လေယဥ်နဲ့ပျံသန်းမှုကိုလုပ်ခဲ့ပါတယ်။
အဲ့ဒါကတော့ အခုမိတ်ဆက်ပေးမယ့် Kokichi Ukita ဆိုသူပါပဲ..
ဇာတိမြို့ Okayama စီရင်စုရဲ့ 表具師(ひょうぐし)တစ်ယောက်ဖြစ်ပါတယ်။
表具 ဆိုတာက ဂျပန်တံခါး sliding doors တွေမှာ သစ်သားနဲ့ဝါးကိုဘောင်ကျကျလုပ်ပြီး စက္ကူကပ်လိုက်တဲ့ပစ္စည်းဖြစ်ပါတယ်။
ဒါကိုပြုလုပ်ရတာကတော့ Ukita ရဲ့အလုပ်ပါပဲ။

သူဟာ ဒီဘောင်ကျကျလုပ်ပြီးစက္ကူကပ်တဲ့နည်းနဲ့ ငှက်အတောင်ပံကိုလုပ်ခဲ့ပါတယ်။
ကောင်းကင်မှာပျံသန်းဖို့ကတော့ lifting power ဖန်တီးနိုင်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ထိုအချိန်ရဲ့ အဆင့်မြင့်နည်းပညာတွေစုစည်းနေခဲ့တဲ့ ဥရောပမှာတောင် အဲ့ဒီ lifting power ကိုဘယ်လိုနည်းနဲ့ဖန်တီးနိုင်မလဲဆိုတာ လုံးဝနက်နဲနေခဲ့ပါတယ်။

ငှက်ရဲ့အတောင်ပံများကိုစုစည်းပြီးတန်းစီလိုက်တယ်။ ထိုအတောင်ပံများကိုလှုပ်ခတ်လိုက်တာတောင် lifting power ထွက်မလာခဲ့ပါဘူး။
Ukita လည်းထိုကောလဟာလကိုကြားခဲ့ပါ့မလား?
ဘာပဲဖြစ်ဖြစ် ပျံချင်တဲ့စိတ်နဲ့ပဲ ငှက်ကိုကြည့်ရင်းသုတေသနတွေဆက်လုပ်ခဲ့ပါတယ်။

ဒါနဲ့နောက်ဆုံးမှာပြီးသွားတဲ့ သူလုပ်ထားတဲ့အတောင်ပံတွေကိုဝတ်ကာ Okayama စီရင်စုကိုဖြတ်သန်းစီးဆင်းနေတဲ့ Asahikawa ရဲ့ တံတားပေါ်ကနေခုန်ချလိုက်ပြီး မီတာပေါင်းများစွာ ပျံသန်းနိုင်ခဲ့ပါတယ်။

ဒီနေရာမှာအံ့သြဖို့ကောင်းတာက သူကိုယ်တိုင်ပျံသန်းခဲ့တယ်လို့ပြောပါတယ်။
မိုးပျံပူဖောင်းရော၊ gliding ရော ကိုယ်တိုင်ပျံသန်းတာမဟုတ်ဘဲ၊ သူကိုလိုက်စီးတဲ့လူက ပျံသန်းဖို့အတွက်လုပ်ရတာပါ။
ပြုတ်ကျရင်လည်း ကြောက်စရာကောင်းမှာပဲနော်…

Ukita ကငှက်တစ်ကောင်ကဲ့သို့ပျံသန်းဖို့တွက် သူစိတ်အားထက်သန်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ သူ့ဆန္ဒပြည့်ဝသွားပါတယ်။
နည်းပညာကိုယုံကြည့်ခဲ့တာကြောင့်ဖြစ်မယ်နော်…
ဒါကိုအောင်မြင်စေခဲ့တာကတော့ ဂျပန်စက္ကူနယ်ပယ်ကပဲလို့ပြောပါတယ်။
ပါးလွှာပြီးပေါ့ပါးတယ်၊ နောက်ပြီး အကြမ်းခံတယ် ဒါကဂျပန်စက္ကူပါပဲ..

အဲ့ဒီလိုဂုဏ်သတ္တိတွေရှိတဲ့စက္ကူက ထိုအချိန်ဂျပန်မှာသာရှိခဲ့ပါတယ်။
Ukita ကဒီလိုကြီးမားတဲ့အောင်မြင်မှုကိုရရှိခဲ့ပေမဲ့ လူတွေကိုဆူပူစေခဲ့တာကြောင့် Okayama စီရင်စုကနေ နှင်ထုတ်ခံလိုက်ရပါတယ်။
ထို့နောက် လက်ရှိ Shizuoka စီရင်စု Shizuoka မြို့မှာပြောင်းရွှေ့နေထိုင်ပေမဲ့ အဲ့ဒီမှာလည်းနောက်ထပ် ကောင်းကင်ပေါ်ကိုပျံသန်းကြည့်ခဲ့ပါတယ်။
နောက်ထပ်လည်းအောင်မြင်သွားပါတယ်။ အဲ့ဒီအောင်မြင်မှုနဲ့အတူ ထပ်ပြီးနှင်ထုတ်ခံရပြန်ပါတယ်။

ဒီလိုအခြေအနေတွေဖြစ်ခဲ့တာကြောင့် တရားဝင်မှတ်တမ်းတင်မှုတောင်မခံရတာကြောင့်၊ ကမ္ဘာမှာပထမဆုံး gliding နဲ့ပျံသန်းခဲ့သူက Ukita မဟုတ်ဘဲ၊ အင်္ဂလန်လူမျိုး အင်ဂျင်နီယာဖြစ်တယ်လို့ မှတ်တမ်းတင်လိုက်ကြပါတယ်။

အနာဂတ်မှာလည်း ဒီကိစ္စကပြောင်းလဲသွားမှာမဟုတ်သလို ဂျပန်လူမျိုးတွေဟာလည်း Ukida ရဲ့အကြောင်းကိုမေ့သွားကြပါတော့တယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: