(၁၀) ရက်နေ့၊ Nagoya မြို့ရှိနတ်ကွန်းတွင် အလှူငွေအခိုးခံရမှုဖြစ်သွားခဲ့

Nagoya မြို့ရှိ နတ်ကွန်းမှာအလှူငွေအခိုးခံရတဲ့အမှုဖြစ်သွားခဲ့ပါတယ်။ ကိုရိုနာအတွက်ကာကွယ်တားဆီးမှုအနေနဲ့နတ်ကွန်ကိုမလာခိုင်းတော့ဘဲ online နဲ့ဝတ်ပြုနိုင်ဖို့တပ်ဆင်ထားတဲ့ကင်မရာက ခိုးယူနေတဲ့ပုံကိုအမိအရရိုက်ကူးမိခြင်းကြောင့် သိရတာပါ။

ဖြစ်စဥ်ကတော့ ၁၀ ရက်နေ့နံနက် ၃ နာရီခွဲလောက်မိုးမလင်းသေး၊ Nagoya မြို့ရဲ့ Betsukoe နတ်ကွန်းမှာ တပ်ဆင်ထားတဲ့ကင်မရာမှာ ကိရိယာတစ်ခုခုကိုအသုံးပြုပြီး ဒင်္ဂါးထည့်တဲ့သေတ္တာပုံးကနေ ပိုက်ဆံထည့်ထားတဲ့သေတ္တာကိုထုတ်ယူသွားကြတာကို သိရပါတယ်။ သူတို့ယူသွားတာ ၆ မိနစ်လောက်ပဲကြာပါတယ်.
နတ်ကွန်းကတော့ ဒီကင်မရာကဗိုင်းရပ်စ်ကြောင့်နတ်ကွန်းဆီမလာနိုင်တဲ့လူတွေအတွက် အွန်လိုင်းနဲ့ဝတ်ပြုနိုင်ဖို့တပ်ဆင်ထားတာပါတဲ့..
Betsukoe နတ်ကွန်းရဲ့တာဝန်ရှိသူတစ်ဦးကတော့ “ တစ်ယောက်ချင်းစီကသူတို့ရဲ့လိုအင်ဆန္ဒအတွေးတွေနဲ့ထည့်ထားတဲ့ အလှူငွေဖြစ်တာကြောင့်၊ မြန်မြန်လာတောင်းပန်စေချင်တယ်” လို့ပြောပါတယ်။
ရဲတွေကလည်းဒီအမှုကိုစုံစမ်းနေပါတယ်။ (၁၀) ရက်နေ့ကဖြစ်သွားခဲ့တာပါ။ ကိုယ့်လူမျိုးကတော့ တိုင်းတပါးမှာနာမည်ကောင်းတွေပဲရမယ်လို့ ယုံကြည်နေမယ်နော်..
source:ANN

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: