အပူချိန် ၃၀၀ ဒီဂရီကျော်သွားရင် မီးသတ်ဆေးထုတ်ပေးတဲ့စာရွက် စမ်းသပ်မှုအောင်မြင်

မီးလောင်ပြီး မီးအပူချိန်တွေမြင့်တက်လာတာနဲ့ မီးသတ်‌ဆေးကိုကိုယ်တိုင်ထုတ်ပေးတဲ့စာရွက်ကိုတီထွင်လာပြီး၊ နံရံတွေမှာကပ်ထားခြင်းဖြင့် “ ကိုယ်တိုင်မီးငြိမ်းသတ်နိုင်တဲ့ဆောက်လုပ်ရေးပစ္စည်း” အဖြစ်တီထွင်လိုက်တဲ့ကုမ္ပဏီက စမ်းသပ်မှုပြုလုပ်လိုက်ပါတယ်။

ဒီတီထွင်ထားတဲ့စာရွက်အထူက 0.2 မီတာရှိပြီး ဒီစမ်းသပ်မှုမှာတော့ လေးထောင့်ပတ်လည်အဆောက်အဦးရဲ့အတွင်းဘက်မှာကပ်ထားခဲ့တာပါ။ အပူချိန် ၃၀၀ ဒီဂရီကျော်သွားတဲ့အခါမှာတော့ ထိုစာရွက်ကနေမီးခိုးငွေ့လိုမီးသတ်ဆေးတွေထွက်လာပါတယ်။
စမ်းသပ်မှုက စက္ကန့် ၃၀ တည်းနဲ့မီးငြိမ်းသွားပါတယ်။
Yamato Protech ဗဟိုသုတေသနဌာနရဲ့ဒါရိုက်တာဖြစ်သူက “ ကျွန်တော်တို့ရဲ့နည်းပညာကို Kyoto Animation နဲ့ Shuri Castle တို့လိုမီးလောင်ပျက်စီးမှုအတွက် ဆောက်လုပ်ရေးပစ္စည်းအနေနဲ့အသုံးပြုချနိုင်မယ်လို့ထင်တာကြောင့် အဆောက်အအုံးသုံးအဖြစ်တီထွင်ခဲ့ပါတယ်” လို့ပြောပါတယ်။

တီထွင်ခဲ့တဲ့ Yamato Protech ပြောပြချက်အရ ဒီမီးသတ်ဆေးက လူ့ကိုယ်ခန္ဓာအတွက်လည်း ထိခိုက်မှုမရှိစေပါဘူးတဲ့။ နောက်ပြီး ဘူတာနဲ့ကျောင်းတွေစတဲ့ အများပြည်သူဆိုင်ရာအဆောက်အအုံတွေနဲ့ ဓာတ်လှေကားတွေလို ဧရိယာကျဥ်းတဲ့နေရာတွေမှာ တပ်ဆင်နိုင်တယ်လို့ပြောပါတယ်။
Kyoto Animation နဲ့ Shuri ရဲတိုက်တို့ မီးလောင်သွားတာ စာဖတ်သူတို့လည်းသိမယ်လို့ထင်ပါတယ်. ဝမ်းနည်းစရာဆုံးရှုံးမှုပါ။ ဒီပစ္စည်းကိုနောက်ပိုင်း ဘူတာတွေမှာလည်းတွေ့လာရဖို့ရှိတယ်ဆိုတော့ ဘာပဲပြောပြောဝမ်းသာစရာတစ်ခုပေါ့…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: