ကလေးတစ်ယောက်ရဲ့ သိချင်စိတ်ကြောင့် ရယ်အားထက်၊ ငိုအားသာခဲ့ရသော ဒါရိုက်တာ !!

ကလေးများရဲ့သိချင်စိတ်ဟာအရမ်းချစ်စရာကောင်းပါတယ်။ လူကြီးများကဲ့သို့ လျှို့ဝှက်တတ်တဲ့စိတ်တွေမရှိဘဲ မိမိရဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းပြောတတ်ကြပါတယ်။
ဒီကလေးလေးဟာလည်း ငါးပြတိုက်ကိုလာရင်း သူ့ရဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းကိုပြောချလိုက်ပါတယ်။

https://grapee.jp/wp-content/uploads/65061_main1.jpg

 

Hokkaido မြို့မှာရှိတဲ့ Northern Daichi Aquarium မှာ ပြတိုက်တစ်ခုလုံးရဲ့ ဒါရိုက်တာအဖြစ်တာဝန်ယူနေတဲ့ Yamauchi ဟာ ၈ နှစ်အရွယ်ကောင်လေးတစ်ရဲ့ မေးခွန်းမှာ တွေဝေသွားခဲ့ရပါတယ်။
အဲ့ဒါကတော့ ပြတိုက်အတွင်းမှာစာရွက်တစ်ရွက်ကပ်ထားပါတယ်။ ထိုစာရွက်ထဲမှာတော့ ဝန်ထမ်းတွေကိုကြိုက်တာမေးအစီအစဥ်ပါ။

ဒီပြတိုက်ထဲမှာသဘောကျတဲ့အရာကို ဘာပဲဖြစ်ဖြစ်‌ရေးပါလို့ ဖိတ်ခေါ်ထားပြီး၊ အဖြေကိုနောက်နေ့တွေမှာ ပြတိုက်အတွင်းမှာပြန်ပြီးဖြေကြားပေးမှာဖြစ်သလို၊ SNS အင်တာနက်မှာလည်း အဖြေပေးမယ်လို့ ရေးထားပါတယ်။
စာရွက်ထဲမှာ မေးခွန်းမေးသူရဲ့နာမည်အရင်းမဟုတ်ဘဲ နာမည်ပြောင်ကိုရေးဖို့နဲ့၊ ယောက်ျားလေးလာ မိန်းကလေးလားဆိုတာလည်း ခွဲခြားထားပေးတယ်။ အသက်အရွယ်ကိုပါ ရေးဖို့လုပ်ထားပေးပါတယ်။

ဒါနဲ့ပဲတစ်နေ့မှာတော့ ထိုစာရွက်အလွတ်ပေါ်မှာတွေ့လိုက်ရတဲ့အမေးခွန်းကတော့ ..
“ အရမ်းကောင်းတာကိုတောင် ဘာလို့လူတွေမလာတာလဲ?” တဲ့….

ဝန်ထမ်းတွေဒီမေးခွန်းကိုကြည့်ပြီး နည်းနည်းတော့ရင်ခံသွားမှာပါ… (ကလေးကပေးတဲ့ အတွေးတစ်ခုရသွားတာပေါ့)
နောက်နေ့မှာတော့ အောက်ဘက်မှာရှိတဲ့အဖြေရေးဖို့နေရာမှာ ပေးခဲ့တဲ့အဖြေက “ ကျွန်တော်လည်းသိချင်နေတာပါ” တဲ့…

တကယ်က ဒီကလေးဟာအရမ်းပျော်ရွှင်ခဲ့တာဖြစ်မှာပါ။
သူကြည့်ရင်းနဲ့ဒီလောက်ပျော်စရာကောင်းတာကိုတောင် ဘာကြောင့်များလူတွေမလာရသလဲပေါ့..
သူ့ရဲ့မေးခွန်းလေးဟာ ပြတိုက်တာဝန်ခံကိုပါပြန်ပြီးအတွေးတစ်ခုပေးစေခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကို လူအများကလည်း
・အင်မတန်စူးရှတဲ့အမြင်ကနေမေးလိုက်တဲ့မေးခွန်းပဲ.. ကံကောင်းပါစေ..
・တည့်တည့်ကြီးမေးလိုက်တာကွ ! so sad ပါ
・ဒီငါးပြတိုက်သိပ်မဆိုးဘူးပဲ တစ်ခါလောက်သွားကြည့်အုံးမယ် !
ဆိုပြီးသူတို့ရဲ့ထင်မြင်ချက်တွေပေးလာပါတယ်။

ဒီကလေးရဲ့မေးလိုက်တဲ့မေးခွန်းက လက်ရှိအင်တာနက်မှာလည်းသတင်းခေါင်းစဥ်ကြီးလိုဖြစ်နေတယ်။
ဒီအတွက်ကြောင့်ပဲ ငါးပြတိုက်မှာလူတွေပြန်ပြီးစည်ကားလာမယ်ဆိုရင်တော့ သူ့ရဲ့ action က သူ့မေးခွန်းအတွက်အဖြေဖြစ်သွားမှာပါ။
စာဖတ်သူတို့ရော ဘယ်လိုမြင်ကြပါသလဲ?

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: