ဧကရာဇ်မင်းကိုခစားရင်း စည်းစိမ်တွေနဲ့နေခဲ့ရတဲ့ “ အိုနိုးနော့် ခိုမချိ” …ဧကရာဇ်မင်းအနိစ္စရောက်သွားတဲ့အခါမှာတော့…

သမိုင်းမှာထင်ကျန်ခဲ့တဲ့ကမ္ဘာ့အလှဆုံးအမျိုးသမီးတွေက ဘယ်သူလဲဆိုတာသိပါသလား?
အီဂျစ်နိုင်ငံရဲ့ Cleopatra၊ တရုတ်နိုင်ငံရဲ့ Yang Guifei ၊ နောက်ပြီး ဂျပန်မှာဆို 小野小町အိုနိုးနော့် ခိုမချိ ပါပဲ..
၃ ယောက်လုံးဟာ အံ့သြစရာကောင်းလောက်အောင် ချောမောပြီး၊ အဲ့ဒီအလှနဲ့သမိုင်းကိုကဗ္ဗည်းထိုးခဲ့တယ်ဆိုလည်း မမှားပါဘူး။

ဒီဆောင်းပါးမှာတော့ ထိုအမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ အိုနိုးနော့် ခိုမချိ အကြောင်းကိုပြောပြသွားချင်ပါတယ်။
သူမအကြောင်းကိုရှင်းပြရရင် သူမဟာ ၈၂၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး၊ ၉၀၀ ခုနှစ်လောက်မှာကွယ်လွန်အနိစ္စရောက်ပါတယ်။ သူမသက်တမ်းကြာရှည်တယ်လို့ ဆိုနိုင်ပါတယ်။

ပန်းချီအနေနဲ့ကျန်ခဲ့တဲ့သူမရဲ့ပုံကတော့ ဒီမှာပါ။

https://intojapanwaraku.com/culture/120563/

ပန်းချီဆရာကပဲသိပ်မဆွဲတတ်တာလား? အဲ့ဒီအချိန်ရဲ့အလှအပအမြင်ဟာ မျက်မှောက်ခေတ်နဲ့ပဲမတူလေသလား? သေချာတော့မသိပေမဲ့ …လုံးဝလှတဲ့အမျိုးသမီးတစ်ယောက်ပုံစံတော့ပေါ်မနေဘူးနော်…

သူမရဲ့ရာဇဝင်ကနေ သူမရဲ့အလှအပကိုပဲ ကြည့်လိုက်ရအောင်..
Ninmyō အင်ပါယာမှာ အသုံးတော်ခံခဲ့တဲ့ အိုနိုးနော့် ခိုမချိ…
ဘယ်လိုလူမျိုးလဲ၊ ဇာတိကရောဘယ်မှာလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့ လူတိုင်းရဲ့အာရုံစိုက်ခြင်းခံရတဲ့ မိန်းမလှလေးတစ်ယောက်ပီပီ နန်းတော်ထဲမှာအမှုထမ်းနေတဲ့အမျိုးသားအများစုဟာ သူမကိုချစ်ခွင့်ပန်ကြပေမဲ့၊ ဘယ်သူ့ကိုမှစိတ်မဝင်စားခဲ့ပါဘူး…

ထိုအထဲကတစ်ယောက်ဖြစ်တဲ့ 深草少将Fukakusa Shosho
(少将Shosho ဆိုတာက ရေတပ်ဗိုလ်ချုပ်ကိုပြောတာမဟုတ်ပါဘူး၊ လူနာမည်ပါ။ )
အိုနိုးနော့် ခိုမချိကို အကြိမ်ပေါင်းမနည်းချစ်ခွင့်ပန်ပေမဲ့ တော်တော်နဲ့မှ OK ဆိုတဲ့အဖြေကိုမရပါဘူး။
အဲ့ဒီအထဲမှာ အိုနိုးနော့် ခိုမချိဆီကပြန်ရတဲ့အဖြေကတော့ “ ရက် ၁၀၀ တိတိဆက်ပြီးပိုးပန်းမယ်ဆိုအဖြေပေးမယ်” တဲ့..
ဒါနဲ့ပဲ Fukakusa တစ်ယောက်ညတိုင်းလမ်းလျှောက်သွားပြီးအဖြေတောင်းပါတော့တယ်။

၉၉ ရက်နေ့အထိသွားနေရင်းနဲ့ နှင်းတွေသဲကြီးမဲကြီးကျလာပါတယ်။ ဘာပဲဖြစ်ဖြစ်ဇွဲမလျော့ဘဲ သွားမယ်လို့ဆုံးဖြတ်ခဲ့တဲ့ Fukakusa ဟာသွားရင်းလမ်းမှာတင် အေးခဲပြီးသေဆုံးသွားပါတော့တယ်။
အသက်ကိုအလောင်းအစားလုပ်ရလည်း ဘာပဲဖြစ်ဖြစ်လုပ်ချင်တဲ့မိန်းကလေး အဲ့ဒါကအိုနိုးနော့် ခိုမချိပါပဲ..

သူမဟာလှရုံတင်မကပါဘူး၊ အနုပညာမှာလည်းပါရမီပါတယ်လို့ဆိုရပါမယ်။
အဲ့ဒီအချိန်ရဲ့ အနုပညာလို့ပြောရင် သီချင်းပါ..
ဒီဘက်ခေတ်လို ကာရာအိုခေတို့၊ bandတို့၊ Idol တို့ကိုပြောချင်တာမဟုတ်ပါဘူး။
အဲ့ဒါကတော့ 俳句 Haiku လို့ခေါ်တဲ့ ဂျပန်ကဗျာ..
တိုတိုလေးပဲ.. ဒါပေမဲ့ စာလုံးအရေအတွက်ကန့်သတ်ချက်တွေရှိတဲ့အထဲမှာ ခံစားမှုအတွေးကိုပါဖော်ပြတဲ့ ကဗျာ…

သမိုင်းမှာအကောင်းဆုံးသီချင်းတွေကိုပဲစုစည်းထားတဲ့ Ogura Hyakunin Isshu (百人一首) ဆိုတဲ့ကဗျာစာအုပ်ထဲမှာလည်း သူမရဲ့သီချင်းကရွေးချယ်ခံရပါတယ်။
ပါရမီရှင်မိန်းမလှလေးပဲနော်…
သူမရဲ့သီချင်းကိုလည်း ကြည့်လိုက်ရအောင်..

“ 花の色は 移りにけりないたずらに
我が身世にふる ながめせし間に “

ယနေ့ခေတ်စကားနဲ့ဆိုရရင်,
“ မသိလိုက်ခင်လေးမှာ ပန်းတွေရဲ့အရောင်တွေ လုံးဝမှေးမှိန်သွားတယ်
ရွာနေတဲ့ရှည်လျားတဲ့မိုးကို မှိုင်တွေစွာငေးကြည့်နေစဥ်အတွင်း”

ဆိုတဲ့အဓိပ္ပါယ်ပါ.. အရမ်းလှတဲ့သီချင်းပဲနော်…

ဒီ‌လောက်ပါရမီနဲ့ပြည့်စုံပြီး ပြိုင်ဘက်ကင်းတဲ့မိန်းမလှလေးရဲ့ နိဂုံးကတော့ အရမ်းကိုအထီးကျန်ဆန်လွန်းလှခဲ့ပါတယ်။

ကျိုတိုမှာ 小町寺Komachidera ဆိုတဲ့နာမည်နဲ့ လူတွေသိကြတဲ့ဘုရားကျောင်းရှိပါတယ်။
တရားဝင်နာမည်ကတော့ 補陀落寺(ふだらくじ)Fudarakuji လို့ခေါ်ပြီး ဒီနေရာဟာ အိုနိုးနော့် ခိုမချိရဲ့ဘဝနိဂုံးချုပ်သွားတဲ့နေရာပင်ဖြစ်ပါတယ်။

ဧကရာဇ်မင်းရဲ့အစေကိုခံပြီး စည်းစိမ်းချမ်းသာတွေနဲ့နေထိုင်ခဲ့ရပေမဲ့၊ ဧကရာဇ်မင်းသေဆုံးသွားတဲ့အခါမှာတော့ သူမရဲ့အလုပ်ပါဆုံးရှုံးလိုက်ရပြီး နောက်ဆုံးတောထွက်သွားပါတယ်။
ဒီဘုရားကျောင်းကိုခက်ခက်ခဲခဲရောက်လာခဲ့ပေမဲ့၊ မကြာခင်နှစ်အတွင်းမှာပဲ အိုနိုးနော့် ခိုမချိဟာ အလွန်တရာပြိုင်ဘက်ကင်းလှပါတယ်ဆိုတဲ့ သူမရဲ့အလှလည်းလုံးဝမှေးမှိန်သွားပြီး၊ နံရိုးတွေထွက်လာလောက်တဲ့အထိ ပိန်ချုံးသွားကာအဖွားအိုတစ်ယောက်ကဲ့သို့ ဖြစ်သွားပါတယ်။

ဒီလိုနဲ့တစ်ယောက်တည်းနေလာရင်း ဘုရားကျောင်းအနီးရှိလမ်းပေါ်မှာပဲသေဆုံးသွားပြီး၊ ထိုနေရာမှာပဲ သူမရဲ့အလောင်းပုပ်ပျက်သွားပါတယ်။
ပုပ်ပျက်သွားတဲ့ခန္ဓာကိုယ်၊ နောက်ဆုံးအရိုးပဲကျန်တော့တဲ့အချိန် မျက်လုံးအပေါက်ကနေ ဆူဆူကီ လို့ခေါ်တဲ့အပင်ပေါက်လာပြီး၊ အဲ့ဒီအပင်ဟာလေတိုက်တိုင်းမှာ “ နာတယ်၊နာတယ်” လို့ ဝိညာဥ်ကအောင်ဟစ်နေခဲ့တယ်လို့ပြောကြပါတယ်။

ဒါကိုမြင်ခဲ့တဲ့ခရီးသွားဘုန်းကြီးတစ်ပါးဟာ ရက်ရောစွာမြှုပ်နှံပေးလိုက်ခြင်းဖြင့်၊ နောက်ဆုံးငြိမ်းချမ်းသွားတယ်လို့ဆိုပါတယ်.

ပါရမီအရည်အချင်းတွေနဲ့ပြည့်စုံပြီး ပြိုင်ဘက်ကင်းတဲ့မိန်းမလှလေးဟာ အရမ်းကိုဝမ်းနည်းဖွယ်စွာအဆုံးသတ်ခဲ့ရပါတယ်။
ရက် ၁၀၀ တိုင်တိုင်လာမပိုးပန်းခိုင်းဘဲ လက်ထပ်ခဲ့ရင်တော့၊ သူမရဲ့ဘဝပြောင်းလဲချင်ပြောင်းလဲသွားနိုင်တယ်နော်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: