ဆာမူရိုင်းတွေ ငရဲကျသလား?

SAMURAI ဆိုတာကတော့ ကမ္ဘာအနှံ့ရှိလူများကို ဆွဲဆောင်ထားတဲ့ ထူးခြားသည့်ဂျပန်ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဆာမူရိုင်းတွေဆိုတာ လူသတ်သမားတွေပဲလို့… သင်ထင်ကောင်းထင်လိမ့်မယ်နော်။
မဟုတ်ပါဘူး… အားနည်းတဲ့လူကိုကူညီတတ်တဲ့ကြင်နာမှုအပြင် ဂုဏ်သက္ခာ၊ သစ္စာရှိမှုကိုပါတန်ဖိုးထားတဲ့အနေနဲ့ ကိုယ်ပိုင်စည်းကမ်းတွေကို ပြင်းထန်စွာချမှတ်ကြတဲ့ ဆာမူရိုင်းတွေပဲဖြစ်ပါတယ်။

http://fs-astrology.com/archives/2595

အဲ့လိုဆိုရတာနဲ့အတူ လူသတ်ရတာလည်း သူတို့ရဲ့အလုပ်ပါပဲ…
တစ်ဖက်ကအရမ်းဆိုးတဲ့ ရန်သူတွေကလည်းသေချာပေါက်အများကြီးရှိပါတယ်။
အဲ့ဒီလိုသူတို့တွေက သေပြီးတဲ့နောက်မှာ ငရဲကျသွားလာ?

သေဆုံးပြီးနောက် ကမ္ဘာတစ်ခုရှိနေသေးလား? ဆိုတဲ့မေးခွန်းအပေါ် ကျွန်တော်လည်းမသေဖူးသေးတော့ အဖြေမပေးနိုင်ပေမဲ့၊ ကမ္ဘာတစ်ဝှမ်းမှာကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာမှာတော့ ကွယ်လွန်ပြီးနောက်ဘဝတစ်ပါးသို့ကူးပြောင်းတယ်ဆိုတဲ့ဖြစ်စဉ်တွေရှိတာကြောင့် နောက်ဘဝဆိုတာရှိမယ်ဆိုရင်တောင်မှ မထူးဆန်းဘူးလို့ထင်ပါတယ်။
ထင်တယ်ဆိုတာက သက်သေတော့မပြနိုင်ဘူးပေါ့နော်…

ဂျပန်မှာကတော့ သေဆုံးပြီးနောက်အယူအဆက ဗုဒ္ဓဘာသာပေါ်မှာအခြေခံထားပါတယ်။
ကြီးမားတဲ့ကွဲလွဲမှု ၂ ခုရှိတယ်။ကောင်းတာတွေလုပ်ခဲ့တဲ့လူ ရောက်ရှိမယ့်နေရာကတော့ Paradise Jodo နိဗ္ဗာန်ပေါ့…
နောက်ပြီးတော့ နိဗ္ဗာန်ကိုမရောက်တဲ့သူတွေအတွက်တော့ 六道(りくどう)လို့ခေါ်တဲ့ ဘုံ ၆ဘုံထဲက ၁ဘုံ ကိုသွားရတယ်။

ဒီဘုံ ၆ဘုံထဲမှာ ထိပ်ဆုံးကပိုကောင်းပြီး၊ အောက်ဘက်ကတော့မကောင်းတဲ့နေရာပေါ့။
စကားမစပ် ကျွန်တော်တို့နေထိုင်တဲ့လူသားတွေကမ္ဘာက ထိပ်ဆုံးကနေရေတွက်ရင် ၂ ခုမြှောက်မှာပါ။ ကောင်းမှု၊မကောင်းမှုတွေရောနှောနေတဲ့ လူ့ပြည်ပေါ့။

အလိုဆန္ဒနဲ့ဖုံးလွှမ်းနေတဲ့ကမ္ဘာကြီးက Rokudo ပဲဖြစ်ပါတယ်.
လူသားတွေရဲ့ကမ္ဘာမှာလည်း အမျိုးမျိုးသောဆန္ဒတွေနဲ့ပြည့်နှက်နေတယ်နော်…အဲ့ဒါနဲ့အောက်ဘက်မှာတော့ ငရဲလို့ခေါ်ကြတဲ့ကမ္ဘာရှိပါတယ်။ ငရဲပြည်ပေါ့။ မြန်မာဗုဒ္ဓဘာသာမှာတော့ အပါယ်၄ဘုံထဲက ငရဲဘုံပေါ့။
ထိုအရာနဲ့ပြောင်းပြန် လူ့ပြည်ရဲ့အပေါ်ဘက်မှာတော့ ပျော်စရာတွေနဲ့ပြည့်နေတဲ့ နတ်ပြည်ပါ…
ဒီနေရာကို နိဗ္ဗာန်လို့ထင်ကြတဲ့လူအများအပြားရှိပေမဲ့ တကယ်တော့မတူပါဘူးနော်..

ပျော်ရွှင်မှုတွေကိုတောင်းဆိုလိုက်တာက လောဘတက်တာနဲ့အတူပဲ..
ဒါကြောင့် ဒါကိုလည်းစွန့်လွှတ်ရမယ်လို့ဆိုပါတယ်။
ဟုတ်ပြီ.. နည်းနည်းမြင်ယောင်ကြည့်လိုက်တော့ ကျွန်တော်ကတော့ နိဗ္ဗာန် ကိုတော့ မရောက်နိုင်‌သေးလောက်ပါဘူးထင်ပါတယ်..

ကဲ ဆာမူရိုင်းဘက်ကိုပြန်သွားရအောင်..
အစွန်းရောက်သီအိုရီကနေပြောရမယ်ဆို ဆာမူရိုင်းအလုပ်အကိုင်ဟာ ဘယ်လိုပဲဖြစ်ဖြစ် အနှိမ့်ဆုံးဘုံရဲ့ အပါယ်ဘုံထဲက ငရဲကိုပြည်ကို ပြုတ်ကျမှာပဲ။
အဲ့ဒီငရဲပြည်မှာလည်း ငရဲကြီး ၈ ထပ်ဆိုပြီးရှိသေးတော့
သူတို့တွေက ငရဲကြီး ၈ထပ်ထဲက တစ်ထပ်ထပ်ကို ကျမှာမဟုတ်လား..

ငရဲကျ၊ မကျဆိုတာအတွက် ဆုံးဖြတ်မှုက သေပြီးနောက်ပြုလုပ်တဲ့တရားစီရင်မှုမှာ ဆုံးဖြတ်ပါတယ်။အကယ်၍ သင်က လူသားများသာမက တိရိစ္ဆာန်များ၊ ပုရွက်ဆိတ်များနှင့်အင်းဆက်ပိုးမွှားများကဲ့သို့သောသက်ရှိသတ္တဝါများကိုပါ သတ်ဖြတ်ခဲ့ပြီး၎င်းတို့အပေါ် ရောင်ပြန်ဟပ်ခြင်းမရှိပါက ငရဲသို့ချက်ချင်းသွားရမှာပါ။
အလုပ်မှာလူတွေကိုသတ်ဖြတ်တဲ့ဆာမူရိုင်းဟာ သူနောင်တရပေမဲ့ လူတွေကိုသတ်ဖို့ရည်ရွယ်ချက်ရှိရှိသွားတာကြောင့် ဒီနေရာကနေထွက်လို့မရဘူး။

ယေဘူယျအားဖြင့်ငရဲတွင်သံခြေသည်း၊ ဓားများကဲ့သို့သောလက်နက်များဖြင့် တစ်ဦး ကိုတစ်ဦးသတ်ဖြတ်နေကြမှာပါ။ မြန်မာပြည်က ဘုရားစောင်းတန်းတွေနဲ့ ဗုဒ္ဓစာပေတွေမှာလည်း ငရဲပြည်မှာ ဘယ်လိုခံစားရတယ်ဆိုတာတွေကို လေ့လာမှတ်သားဖူးကြမယ်ထင်ပါတယ်။
အကယ်၍သင်သည်အသတ်ခံရပါက မကောင်းတဲ့အစွဲဖြင့် ပြန်ပြီး ရှင်သန်ထမြောက်မည်ဖြစ်ကာ ထိုငရဲ့ပြည်တွင်း၌ပင် အစဉ်အမြဲတိုက်ခိုက်နေရမှာပါ။
အဆုံးမဲ့သတ်ဖြတ်ခြင်းတွေနဲ့ပေါ့။

ဒီလိုတူညီသောဇာတ်လမ်းမျိုး ဒဏ္ဍာရီရှိပါတယ်။ရဲရင့်စွာတိုက်ပွဲဝင်ကြသော စစ်သူရဲကောင်းများ လူ့လောကမှထွက်သွားကြသောအခါ ၎င်းတို့သည် Main God Odin အောက်တွင်စုရုံးရောက်ရှိလာကြပါတယ်။
ထို့နောက်သူတို့ဟာ နံနက်ခင်းလေ့ကျင့်ခန်းအဖြစ် အချင်းချင်းသတ်ဖြတ်ခဲ့ကြပြီး ညနေခင်း၌ပြန်လည်ရှင်သန်လာကာ စားသောက်ပွဲကျင်းပကြပါတယ်။
နောက်တစ်နေ့နှင့်နောက်တစ်နေ့တို့မှာလည်း ဒီလိုပဲ အဆုံးမဲ့ဆက်လက်တည်မြဲနေပုံရပါတယ်။

ဘာသာရေးအရတော့ လုံးဝကွဲပြားခြားနားနေမှာပါ။ ဒါဟာဧရိယာအတော်လေးဝေးနေတယ်ဆိုပေမယ့် အကြောင်းအရာရဲ့ စည်းကမ်းချက်တွေမှာ တူညီသောအရာတစ်ခုရှိနေတာက ထူးဆန်းတဲ့အရာဖြစ်ပါတယ်။
တကယ်ပဲ ဒီလိုတွေ ရှိရင်ရှိမှာပဲနော်။
အားလုံးလည်း ငရဲမကျဖို့ အထူးသတိပြုကြပါနော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: