တောထဲ camp ထွက်တတ်သူတို့ သတိမမူလျှင် ကံဆိုးမည့်နေ့..

မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို ကာကွယ်တားဆီးတဲ့အနေနဲ့ လူစုလူဝေးဖြစ်မှုတွေကိုရှောင်ကြဥ်ဖို့ သတိပေးထားပါတယ်။
ဒီလိုလူစုလူဝေးဖြစ်မှုတွေကိုရှောင်ရှားရင်း သဘာဝတရားကြီးကိုလည်းပျော်ရွှင်ခံစားနိုင်မယ့်အားလပ်ချိန်အဖြစ် တောတွေမှာ camp တွေထွက်ကြတာလည်း အရမ်းကိုရေပန်းစားပါတယ်။

သဘာဝတရားနဲ့ကိုယ်နဲ့ နီးစပ်နိုင်ပြီး အေးချမ်းမှုကိုပါရရှိစေသော်လည်း၊ အခြေခံသိထားရမယ့်စည်းကမ်းတွေကိုတော့ လိုက်နာရပါတယ်။
ဒါမှအန္တရာယ်ကင်းစွာ ပျော်ရွှင်ခံစားနိုင်မှာပါ။
နိုင်ငံခြားရုပ်ရှင်တွေမှာလည်း တွေ့ဖူးမှာပါ.. တောထဲမှာ camp ထွက်ရင်းအဖြစ်ဆိုးနဲ့ကြုံလိုက်ရတာတို့…
အခုပြောမယ့်အကြောင်းကလည်း ထိုနည်း၎င်းပါပဲ..

https://grapee.jp/wp-content/uploads/64940_main01.jpg

camp ထွက်ကြတဲ့တစ်နေရာမှာ စက္ကူတစ်ရွက်ကပ်ထားတာကိုတွေ့လိုက်ရတယ်…
ဒီစက္ကူရဲ့ပုံစံကလည်းထူးဆန်းနေတယ်….

တစ်ခြမ်းကိုဖြဲထားတာများလား?… ဒါမှမဟုတ် လေတိုက်လို့စုတ်ပြဲသွားတာလား?

သေချာတာကတော့ တစ်ခုခုပါပဲ… ပိုပြီးသေချာသွားအောင် စာရွက်ရဲ့ ကျန်တစ်ခြမ်းမှာရှိနေတဲ့စာကိုကြည့်လိုက်ပါ…
“ 熊に” (ဝက်ဝံသို့) ဆိုပြီးရေးထားတယ်…

တကယ်ကရှိအုံးမှာပါ…
“ クマに注意!”  (ဝက်ဝံရန်သတိပြုပါ) ဆိုပြီးသတိပေးစာကပ်ထားတာဖြစ်မှာပါ…
စာရွက်ကိုကြည့်ရတာလေတိုက်ပြီးပြဲသွားတာထက်၊ တစ်စုံတစ်ခုသောအကြောင်းကြောင့် စုတ်ဖြဲခံထားရသလိုပဲနော်….

ဒီလိုသဘာဝပတ်ဝန်းကျင်စခန်းချနေရာတွေဟာ ဝက်ဝံနဲ့တောဝက်အန္တရာယ်တွေကိုအထူးကရုစိုက်ရပါတယ်။ သူတို့တွေကျင်လည်ကျက်စားတတ်ကြတယ်။
အထူးသဖြင့်တော့ ဝက်ဝံဟာခန္ဓကိုယ်ကြီးမားပြီး ခြေထောက်များလည်းလျင်မြန်သလိုအာရုံခံမှုလည်းကောင်းပါတယ်။

ဒါကြောင့်သူတို့တွေအနံ့ခံလိုမရနိုင်အောင်စခန်းချနေစဥ်အတွင်း စားပြီးသုံးပြီးသားအမှိုက်တွေကိုကားထဲမှာ ဒါမှမဟုတ် သေသေချာချာပြန်ထုတ်ပိုးပြီးထားဖို့အကြံပြုပါတယ်။
သင်ဟာခရီးထွက်ရတာ ခုံမင်သူတစ်ယောက်ဆိုသေချာပါပြီး.. ဒီစာကသင့်အတွက်ပါ..
ခရီးတစ်ခုထွက်တဲ့အခါမှာလည်း မိမိရောက်ရှိနေတဲ့ပတ်ဝန်းကျင်ကိုသေသေချာချာလေ့လာတတ်ဖို့လိုအပ်သလို
အဖြစ်ဆိုးများနဲ့မကြုံတွေ့စေဖို့ ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: