Shinjuku ဘူတာအတွက် လမ်းညွှန်များကို cookies အဖြစ်လုပ်ခဲ့သူ ?
ထူးထူးခြားခြားအမြင်နဲ့ cookies တွေလုပ်တတ်သူ Haco ဆိုသူက ယခုတစ်ခါလည်း Shinjuku ဘူတာရုံအတွက် လမ်းညွှန်ကွတ်ကီးတွေလုပ်ချလိုက်ပြန်ပါပြီး…
သူရဲ့လုပ်ဆောင်မှုကလူအများကိုနှစ်သက်သဘောကျစေခဲ့ပါတယ်။
https://grapee.jp/wp-content/uploads/64816_main03.jpg
Shinjuku ဘူတာဟာ လူအများဖြတ်သန်းသွားလာတဲ့နေရာဖြစ်ပြီး စည်ကားတဲ့နေရာတစ်ခုပါ။
ဘူတာရုံအတွင်း လမ်းညွှန်ပြသထားတဲ့ဆိုင်းဘုတ်၊ စာလုံးတို့ကိုအများအပြားတွေ့ရမှာပါ။
ဘူတာရဲ့အရှေ့ထွက်ပေါက်အတွင်းအပြင်မှာ အကြီးစားပြန်လည်ပြုပြင်ခြင်းတွေရှိတာကြောင့် အသုံးပြုသူများအတွက်လမ်းညွှန်ပြသမှုဟာလည်း အချိန်နှင့်အမျှပြောင်းလဲနေပါတယ်။
ဒီလောက် ရှုပ်ယှက်ခက်နေမယ်သာဆို ပထမဆုံးရောက်ဖူးသူတွေအတွက် လမ်းမှားနိုင်မယ်နော်…
အဲ့ဒီလိုလမ်းညွှန်အမှတ်အသားတွေကို အရသာရှိလှတဲ့အရာအဖြစ်ပြောင်းလဲလိုက်ပါတယ်. ဘူတာနဲ့ယှဥ်ကြည့်မယ်ဆို..
Shinjuku ဘူတာဟာ ၂၀၂၀ ခုနှစ် ၇ လပိုင်းကနေ အရှေ့အနောက်အခမဲ့ဖြတ်သန်းသွားလာနိုင်တာကြောင့် လက်မှတ်ဂိတ်နေရာကိုလည်ပြောင်းလဲလိုက်ပြီး နှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ “ Central East Exit” နဲ့ “ East Exit” ကို Central East Ticket Gate နဲ့ East Ticket Gate အဖြစ်ပြောင်းလဲလိုက်ပါတယ်.
ဒီလိုပြောင်းလဲမှုတွေကြောင့် ယခင်နေစဥ်အသုံးပြုခဲ့တဲ့အမှတ်အသားများလည်းကွယ်ပျောက်သွားတာတွေရှိပါတယ်။
ဒီလိုလွမ်းဆွတ်မှုတွေကိုတော့ ဒီကွတ်ကီးတွေက အမှတ်တရအနေနဲ့ပြန်လည်ဖော်ဆောင်ပေးနိုင်မှာပါ…
ကွတ်ကီးတွေကြည့်ရင်း ယခင်ကြည့်နေကြလမ်းညွှန်တွေပါလားဆိုပြီး အမှတ်ရနိုင်တာပေါ့…
စားလိုက်ရမှာတောင်နှမြောစရာလေးပါ… ဒါပေမဲ့ အရသာလည်းရှိပုံရတဲ့အတွက် နည်းနည်းတော့စားချင်မိတယ်နော်…
JAPO Myanmar