Wakayama ခရိုင်တွင်နေအိမ် ၈ လုံးမီးလောင်၊ လောင်ကျွမ်းသွားသောရုပ်အလောင်း ၂ ခုတွေ့ရှိ !!!

၄ ရက်နေ့ည၊ Wakayama ခရိုင် Hashimoto မြို့မှာ လူနေအိမ် ၈ လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ၅ ရက်နေ့နံနက် လောင်ကျွမ်းမှုအကြွမ်းအကျန်တွေကနေ ရုပ်အလောင်း ၂ ခုတွေ့ရှိခဲ့ရပါတယ်.

၄ ရက်‌နေ့ည၊ Hashimoto မြို့ရဲ့ Koyaguchi မြို့နယ်မှာ မီးလောင်မှုဖြစ်သွားခဲ့ပြီး ၇ နာရီအကြာမီးငြိမ်းသတ်ပြီးတဲ့ ယနေ့နံနက် ၄ နာရီအကျော်လောက်မှာမီးငြိမ်းသွားခဲ့ပါတယ်။ သစ်သားလူနေအိမ် ၈ လုံးမျှမီးထဲပါသွားပြီး စတုရန်းမီတာ ၁၉၀၀ အထိကိုမီးတွေကူးစက်လောက်ကျွမ်းခဲ့ပါတယ်။
ဒီအထဲမှာ ကံဆိုးချင်တာကတော့ နေအိမ်အသီးသီးကနေ အသက် ၇၉ နှစ်နဲ့ အသက် ၇၀ အမျိုးသားကိုရှာမတွေ့ခဲ့ပါဘူး။
၅ ရက်နေ့နံနက်ရှာဖွေမှုတွေလုပ်ခဲ့တဲ့နောက်မှာတော့ နံနက် ၉ နာရီကျော်လောက်မှာ မီးလောင်ကျွမ်းသွားတဲ့ ခန္ဓာကိုယ် ၁ ခုကိုတွေ့ရှိခဲ့ပြီး အလားတူပဲ နောက်ထပ်ခန္ဓာကိုယ် ၁ ခုကိုပါရှာတွေ့ခဲ့ပါတယ်။ ၂ ဦးစလုံး ဘယ်သူဘယ်ဝါမှန်းအတည်မပြုနိုင်သေးပါဘူး။
ထိုနေရာက အသက်ကြီးသူတွေအများကြီးနေထိုင်ပြီး လမ်းကျဥ်းကျဥ်းနဲ့အိမ်တွေစုနေတဲ့နေရာပါ။ လက်ရှိရဲတပ်ဖွဲ့နဲ့မီးသတ်တွေကလည်း မီးလောင်ရခြင်းအကြောင်းအရင်းကို စုံစမ်းရှာဖွေနေပါပြီးဖြစ်ကြောင်း ဂျပန်သတင်းဌာနဖော်ပြချက်အရသိရပါတယ်။

သစ်သားအိမ်တွေဆိုတော့ ကူးစက်မှုမြန်မှာသေချာနေပြီး နေအိမ် ၈ လုံးဆိုတော့ ပျက်စီးဆုံးရှုံးမှုကြီးတယ်လို့ဆိုရပါမယ်။
လူအသေအပျောက်ပါရှိတဲ့အတွက် ပိုပြီးစိတ်မကောင်းဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: