ချစ်စရာကောင်းလွန်းသူ မင်းသမီးချောလေး Nana Mori !!!!

ဂျပန်မိန်းကလေးတွေအားလုံးဟာ ချောတာထက်စာရင် ချစ်စရာကောင်းတယ်လို့ပြောတာ ပိုမှန်ပါလိမ့်မယ်။ (JAPO အမျိုးသားထုကြီးထောက်ခံမယ်ဆိုတာ သိပြီးသားပါ ;p)
မိတ်ကပ်တွေအများကြီးလိမ်းချယ်လေ့မရှိဘဲ သဘာဝအဖြူကိုမှ ပန်းရောင်လေးသန်းနေတာမျိုး…!!
( မိတ်ကပ် artist ဆိုရင်တော့တစ်မျိုးပေါ့.. )

ဒီနေ့မှာလည်း JAPO ရဲ့ပရိသတ်အားလုံးကို မိတ်ဆက်ပေးမှာကတော့ နတ်သမီးလေးတမျှလှပပြီး ချစ်စရာကောင်းလွန်းတဲ့ ဂျပန်လူမျိုးမင်းသမီးချောလေး Nana Mori စံပဲဖြစ်ပါတယ်။

https://grapee.jp/wp-content/uploads/s-12522_01-1.jpg

 

ကဲ.. ဘယ်လိုလဲ? စိတ်ဝင်စားသွားပြီမဟုတ်လား..
အသည်းကိုလှုပ်ခါနိုင်တဲ့အပြုံးပိုင်ရှင်လေး…

https://pbs.twimg.com/profile_images/1271986615712243712/vHDE1gS9_400x400.jpg

သူမအကြောင်းကတော့ ..သူလေးဟာ Osaka မှာမွေးဖွားသူလေးဖြစ်ပါတယ်။
အသက်ကိုပြောပြမယ်နော်..
၂၀၀၁ ခုနှစ်ဖွားပါ…wow !!!!

– ၃၁ ရက်နေ့၊ ၈ လပိုင်း၊ ၂၀၀၁ ခုနှစ်မှာမွေးဖွားပြီး အခုဆိုရင်အသက် ၁၉ နှစ်ရှိပါပြီး…
– သွေးအမျိုးအစားကတော့ A သွေးပါ..

သူမပါဝင်လှုပ်ရှားခဲ့တဲ့ ဇာတ်ကားတွေကိုလည်းမိတ်ဆက်ပေးချင်ပါသေးတယ်။

『天気の子』 Weathering With You

https://img.mipon.org/wp-content/uploads/2019/06/02070413/tenki-no-ko.jpg

ဒီထဲမှာတော့ Nana Mori ဟာ Hina Amano နေရာမှာအသံသရုပ်ဆောင်ထားတာပါနော်..

Last Letter(岸辺野颯香 / 遠野裕里<高校時代>)

https://img.cinematoday.jp/a/rQI_WY3mDYLv/_size_r1200x630/_v_1578647640/main.jpg

နဲ့အတူ အခြားသောဇာတ်လမ်းတွေလည်းရှိပါတယ်။

ချစ်စရာကောင်းလွန်းနေတဲ့သူမကိုတော့ JAPO ရဲ့ ပရိတ်တို့လည်းအားပေးနိုင်အောင် မိတ်ဆက်ပေးလိုက်ပါတယ်။
(admin ကတော့ဒီနေ့ကစပြီး ကလေးကိုဝန်းရံတော့မှာပါ !!!! :p )

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: