Takayama Hachiman ဆောင်းဦးရာသီပွဲတော် !!!! ယခုလအောက်တိုဘာတွင် ကျင်းပမည်။

ဂျပန်နိုင်ငံရဲ့ အလှဆုံးပွဲတော်သုံးခုအနက်တစ်ခုဖြစ်တဲ့ Takayama ပွဲတော်ရဲ့ ဒုတိယအပိုင်းကိုတော့ အောက်တိုဘာလတွင်ကျင်းပကြပါတယ်။ တစ်နှစ်လျှင်နှစ်ကြိမ် နွေဦးနှင့်ဆောင်း ဦးရာသီမှာ ကျင်းပတဲ့ပွဲတော်ဖြစ်ပြီး နှစ်ပေါင်း ၄၀၀ ကျော်ကျင်းပခဲ့ပြီးပြီဖြစ်တဲ့ သမိုင်းဝင်ပွဲတော်ဖြစ်ပါတယ်။
Takayama Hachiman Matsuri လို့ လူသိများသည့် ဆောင်းဦးရာသီပွဲတော် ကိုတော့ အောက်တိုဘာ ၉ နှင့် ၁၀ ရက်နေ့ များတွင်နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက Takayama နွေဦးပွဲကို လွဲချော်ခဲ့သူများအတွက် သီတင်းကောင်းတစ်ခုပါပဲ။ အဲဒါကတော့ ဆောင်းဦးရာသီ ယခုအောက်တိုဘာလတွင် Takayama ဆောင်းဦးရာသီပွဲတော်ကျင်းပမယ်လို့ကြားသိရပါတယ်။
Takayama ပွဲတော်ကို Tokyo ရှိ Gion Matsuri ၊ Saitama ရှိ Chichibu Matsuri တို့နှင့်အတူ ဂျပန်နိုင်ငံရဲ့ အလှဆုံးပွဲတော်များအဖြစ် ကျင်းပတာဖြစ်ပါတယ်။

 

https://images.japan-experience.com/guide-japon/626/s380x280/takayama-takayama-matsuri-4.jpg

Takayama Hachiman Matsuri ဆိုတာကတော့ ဂျပန်၌ပူပြင်းတဲ့ နွေရာသီကို နှုတ်ဆက်ပြီးဆောင်းရာသီကို ကြိုဆိုရန်ပြင်ဆင်သည့်ပွဲတော်ဖြစ်ပြီး ဒါဟာမြောက်ပိုင်း Takayama ရဲ့ မြို့ဟောင်းအတွက် Hachiman ဘုန်းကြီးကျောင်းမှာကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။

https://www.tsunagujapan.com/wp-content/uploads/2014/09/%E9%AB%98%E5%B1%B1%E7%A5%AD2.jpg

ပွဲတော်ရဲ့ အဓိကဆွဲဆောင်မှုကတော့ လှပတဲ့ Yatai ၁၁မျိုးရဲ့ ပြသမှုနှင့်ချီတက်ပွဲဖြစ်ပြီး Hida လက်မှုပညာလက်ရာများဖြစ်ပါတယ်။

https://www.instagram.com/p/BnX-So8A3cA/media/?size=l

Yatai များကိုတော့ မွန်းလွဲပိုင်းမတိုင်မီတန်းစီထားပါတယ်။ ညနေခင်းရောက်လို့ မှောင်လာသည်နှင့်တစ်ပြိုင်နက် Yatai တစ်ခုစီမှာ Chochin မီးအိမ်ပေါင်း ၁၀၀ လောက်ထွန်းလင်းစေပါတယ်။ Yataiများရဲ့ ထူးခြားလှပတဲ့ အဆင်တန်ဆာများဖြင့် ညအမှောင်ထုထဲတွင် ပို၍ပင်တောက်ပလှပလို့နေပါတယ်။

https://www.instagram.com/p/8n-L9vNHYj/media/?size=l

 

https://d20aeo683mqd6t.cloudfront.net/wp-content/uploads/2014/09/%E9%AB%98%E5%B1%B1%E7%A5%AD3.jpg

ပွဲတော်စတင်ဖြစ်တည်လာပုံရဲ့ ဇာစ်မြစ်ကို သေချာ အတိအကျ မသိရသေးသော်လည်း ပွဲတော်ဟာ ၁၅၆၆ခုနှစ် မှ ၁၆၉၂ခုနှစ်ကြားတွင် Hida Takayama ဒေသကို Kanamori မိသားစုအုပ်ချုပ်ချိန်မှစတင်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

၁၆၉၂ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ ရက်စွဲပါစာတွင် Kagahan လက်ရှိ စီရင်စုဖြစ်တဲ့ Ishikawa မှာ Takakama ပွဲတော်ကို လွန်ခဲ့တဲ့ အနှစ် ၄၀ အတွင်းကျင်းပခဲ့တယ်လို့ဖော်ပြထားပါတယ်။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: