Shinjuku ရဲ့ ညသန်းခေါင်ယံ ချိန်းပွဲ !!! ပွဲကြမ်းနေပြီဟေ့ !!!

တိုကျို Shinjuku မှာရှိတဲ့ Kabukicho ရဲ့မြို့လယ်ခေါင်…
အိပ်စက်ခြင်းမရှိတဲ့မြို့လို့လည်းခေါ်ကြတဲ့ သန်းခေါင်ယံညနဲ့ နံနက်အထိကို စည်းကားနေတဲ့ မြို့…

https://tguide.jp/ja/spot/891

အရက်မူးသမားတွေနဲ့ အဲ့ဒီအရက်မူးသမားတွေကိုချယ်လှယ်နေတဲ့ ယာကူဇာတွေ..
သေချာတာပေါ့.. ရန်ပွဲတွေဆိုတာကလည်း …
အဲ့ဒီလိုရန်ဖြစ်နေတဲ့ပုံကိုအမိအရရိုက်ကူးပြီး အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာတော့ နာမည်ကြီးသတင်းလိုဖြစ်လာပါတယ်။
အချင်းချင်းအသေအကြေချနေကြတာပါ။
လူပေါင်း ၂ သိန်း ၄ သောင်းဆီကတောင် “ like” ရခဲ့တဲ့တာကတော့ ဒီဓါတ်ပုံပါ..

ချိန်းပွဲနေရာကတော့ Kabukicho ရဲ့ နောက်ဘက်လမ်းမှာပါ..
သူတို့တွေချနေကြတာကို မြင်ရလားတော့မသိဘူး..

深夜の歌舞伎町で『取っ組み合いのケンカ』 激写した写真に24万人が『いいね』

ဝေးတော့သိပ်မမြင်ရဘူးထင်တယ် …အနီးကပ်ပြမယ်…

ဟာ.. ဒီမှာပဲ.. ချနေကြပြီ.. ပွဲကောင်းပဲဟေ့..(ရယ်လျက်)

နည်းနည်းလေးချဲ့ပြီးကြည့်လိုက်မယ်..

အမလေး သေပါပြီး.. လည်ပင်းတွေညစ်နေတာလား..ဟဟဟ
ချစ်စရာကောင်းပါတယ်..

ကြွက်လေး ၂ ကောင်၊ အသေအကြေကိုတိုက်ခိုက်နေပါတယ်။
အစာပဲလုလေသလား?.. ကောင်မလေးကြောင့်များလား?
သူတို့ချင်းတကယ်ကြီးရန်ဖြစ်နေကြပေမဲ့ ခန္ဓာကိုယ်ကသေးသေး၊ ခြေလက်တွေကတိုတို အဲ့ဒီပုံစံကပဲတော်တော်လေးချစ်စရာကောင်းနေပါတယ်။

ဒါနဲ့..စာဖတ်သူတို့…
ဒီ Shinjuku ရဲ့မြို့ကို ဘာလို့ Kabukicho လို့နာမည်ပေးရသလဲဆိုတာ သိပါသလား?
တိုကျိုအကြောင်း တော်တော်လေးအသေးစိပ်သိထားတဲ့လူတွေဆိုရင်တော့ Kabukiza (Kabuki ပြဇာတ်ရုံ) က Ginza မှာရှိတာကို သိထားပြီးပြီလို့ထင်ပါတယ်။

Kabukiza ရှိတဲ့မြို့ဆိုတော့ မြို့နာမည် Kabuki-cho လို့ပေးလိုက်တာဖြစ်မယ်လို့ ထင်ကြမယ်နော်..
ဒါပေမဲ့ တော်တော်လေးအလှမ်းဝေးပါတယ်..
Kabuki-cho မြို့နဲ့ Kabukiza(ဇာတ်ရုံ) က ဘာမှမပတ်သက်ပါဘူး..
Kabukiza(ဇာတ်ရုံ) = Ginza

၁၉၄၈ ခုနှစ်၊ စစ်ပြီးနောက် သိပ်မကြာခင်အတောအတွင်း၊ အဲ့ဒီအချိန်မြို့ရဲ့ဥက္ကဌဖြစ်သူက ပြန်လည်တည်ဆောက်ရေးအစီအစဉ်နဲ့ ဒီ Shinjuku ရဲ့ဧရိယာကို
လူကြိုက်များတဲ့ဖျော်ဖြေရေးနေရာတစ်ခုဖြစ်ချင်တယ်လို့ တွေးခဲ့ပါတယ်။
အဲ့ဒါနဲ့ လူကြိုက်များတဲ့ Kabukiza(ဇာတ်ရုံ) ကို Shinjuku မှာဆောက်မယ်ဆိုပြီး plan ချလိုက်တာပေါ့…

ဇာတ်ရုံကိုစတင်ဆောင်လုပ်ပြီး အမှတ်တရအနေနဲ့ Kabuki-cho လို့မြို့ကိုလည်းနာမည်ပေးလိုက်ပေမဲ့ တစ်ဝက်မှာပဲ အစီအစဉ်တွေပျက်ကုန်ပါတယ်။
ဒါနဲ့ပဲ Kabukiza(ဇာတ်ရုံ) ကို Ginza မှာပြန်ပြီးဆောက်လိုက်ပါတော့တယ်.

Shinjuku ရဲ့နေရာမှာတော့ နောက်ပိုင်း Shinjuku Koma ပြဇာတ်ရုံဆိုပြီး သီးသန့်ပြန်ဆောက်လိုက်တယ်။
ဒါကြောင့် Kabukiza နဲ့ဘာမှမဆိုင်ပါဘူး။
နောက်ပြီး Shinjuku Koma ပြဇာတ်ရုံလည်း ၂၀၁၁ ခုနှစ်မှာဖျတ်သိမ်းလိုက်ရတဲ့အတွက်၊ ဒါတွေက အတိတ်ကကိစ္စတွေဖြစ်သွားတာပေါ့..

Shinjuku ကို ‌နောက်တစ်မျိုး Kabuki-cho လို့ခေါ် ရခြင်းကို ဂျပန်လူမျိုးထဲမှာတောင်သိတဲ့သူရှားမယ်လို့ထင်ပါတယ်။
ဒါဆိုရင် မိတ်ဆွေတွေကိုဗဟုသုတပြန်မျှဝေရင်း ဂုဏ်ဆာလို့ရပြီနော်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: