ကုန်ပစ္စည်းအတုနဲ့အစစ်ကို ယှဥ်ပြီးရောင်းတဲ့ဆိုင်။ သင်ဆိုရင် ဘာကိုလိုချင်မလဲ?

Instant noodles ဟာ ဂျပန်မှာစပြီးပေါ်လာတာပါ။
အဲ့ဒါနဲ့လိုက်ပြီး နောက်ဆက်တွဲပေါ်လာတာကတော့ Cup Noodles ပေါ့..
Cup Noodles ရဲ့ရာဇဝင်ကတော့….
၁၉၇၁ ခုနှစ်မှာပေါ်လာတဲ့ Cup Noodles ရဲ့ မူလတံဆိပ်က လက်ရှိအချိန်ထိနာမည်ကြီးနေတဲ့ 日清(にっしん)cup noodles ပါပဲ..

၂၀၁၁ ခုနှစ်လောက်မှာ နိုင်ငံပေါင်း ၈၀ မှာစတင်ရောင်းချနေကြပြီး စုစုပေါင်းရောင်းအားက ၃၁ ဘီလီယံ တောင်ကျော်ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ 40 ဘီလီယံ ကိုကျော်သွားတဲ့အထိ ကမ္ဘာအရပ်ရပ်ကိုထိုးဖောက်သွားခဲ့ပါတယ်။


https://www.nissin.com/jp/products/brands/cupnoodle/

ဒီလိုနာမည်ကြီးကုန်ပစ္စည်းက Akihabara ရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်ကြီးမှာ ‌ရောင်းချတာကိုတွေ့လိုက်ရပါတယ်။
秋葉原 Akihabara ဆိုတာကတော့ တိုကျိုမှာနေသူတွေသိမလားတော့မသိဘူး..
သူက manga, anime, နဲ့ video games တွေအပါအဝင် Tokyo Anime Center ဖြစ်သလို လျှပ်စစ်ပစ္စည်းတွေကိုလည်းရောင်းချတဲ့ shopping အချက်အချာကြီးပေါ့..

ဒီလိုပုံစံပါ..

https://sirabee.com/2020/09/28/20162416134/

“Honmono” လို့စာလုံးကြီးကြီးရေးထားတယ်
မဟုတ်သေးဘူး ဂျပန်ရဲ့ Cup Noodles အတုကိုမမြင်ဖူးဘူးနော်…

အပြင်ပိုင်းကတော့ ပုံမှန် Cup Noodles လိုပဲ.. ဟုတ်တာပေါ့.. “Honmono” (အစစ်)လို့ရေးထားတာကိုး..

ဒါနဲ့ နောက်ထပ်နည်းနည်းလိုက်ပတ်ကြည့်လိုက်တဲ့အခါ ထူးဆန်းတာကိုတွေ့လိုက်ရတယ်။

“ ဒီ Cup Noodle ကို ၃ မိနစ်တည်းနဲ့မပြုတ်နိုင်ပါဘူး” လို့ရေးထားတယ်

သေသေချာချာကြည့်လိုက်တော့မှပဲ သိရတော့တယ်..
အဲ့ဒါကတော့ Plastic model ပါ…
ဒီလိုစီထားပေးတယ်..

အရင်ကလည်း JAPO မှာ Cup Noodle ရဲ့ Plastic model အကြောင်းကိုပြောပြဖူးတယ်နော်..
ဒီလိုခင်းကျင်းပြီးတော့ ချပြထားပါတယ်။

“ ၃ မိနစ်နဲ့စားနိုင်တဲ့အစစ်”
အဲ့ဒါနဲ့၊ “ ၃ မိနစ်ပြုတ်လည်းမစားနိုင်တဲ့အတု” လို့ရေးထားတဲ့ Cup Noodle တွေ..

ဆိုင်ရှင်က နောက်တယ်နော်…(အဟုတ်မှတ်နေတာ)
စကားမစပ် ဒီဆိုင်မှာတော့ စားသောက်ကုန်ကိုရောင်းချလေ့မရှိပါဘူး..ဒီ ခွက်ခေါက်ဆွဲအစစ်တွေကိုလည်း ချပြတဲ့သဘောအနေနဲ့ထား ထားတာဖြစ်မှာပါ..
စိတ်ဝင်စားဖို့ကောင်းတယ်နော်…

ကဲ..အဲ့ဒါထက် ခင်ဗျားတို့ပိုစိတ်ဝင်စားသွားမှာက ဈေးနှုန်းပါ..
အစစ် = ၁၈၈ ယန်း, အတု = ၂၁၇၀ ယန်း တဲ့…
အတုကပိုပြီးဈေးကြီးနေတာပဲနော်…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: