အဲဒိုခေတ်ရဲ့ မိတ်ကပ်က သေစေနိုင်လောက်တယ် ?

အသားအရေကို ဖြူဖွေးသွားစေတဲ့ အလှအပထုတ်ကုန်တွေကို ဘာမှမတွေးပဲ ဖြူချင်လို့ ဝယ်လိုက်မိတဲ့သူတွေ အများကြီးရှိပါတယ်မလား?
ဟုတ်ပါတယ်၊ အသားဖြူတာဟာ ဘယ်ခေတ် ဘယ်နေရာပဲဖြစ်ဖြစ် မိန်းကလေးအများစုတောင့်တကြတဲ့ အရာတစ်ခုပါပဲ။ အမျိုးသားတွေကတော့ အမျိုးသမီးများလောက် အသားဖြူတာနဲ့ပတ်သတ်ပြီး စွဲလမ်းကြလိမ့်မယ်မထင်ပေမယ့် . . .

အခုချိန်မှာတော့ အသားအရေကိုဖွေးဖြူစေတဲ့အာနိသင်ပါဝင်တဲ့ အမျိုးမျိုးသော အသားအရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်မြောက်များစွာရှိပါတယ်။
အသစ်အသစ်တွေနဲ့ များပြားလှတဲ့ အလှကုန်တွေဟာဖြင့် ဘာကို ရွေးချယ်ရမလဲမသိလောက်အောင်ပင် များပြားလှပါတယ်။

သို့သော် ရှေးကာလတုန်းကတော့ အလှကုန်ဆိုတာဟာ ရွေးချယ်ရန်လုံလောက်မှုမရှိခဲ့ပုံပါပဲ။
ဆာမူရိုင်းခေတ်ရဲ့ အသားအရေကို အဖြူရောင်ဖြစ်စေတဲ့ အလှကုန်ဟာ အမှန်တကယ်မှာတော့ အသက်အန္တရာယ်ဖြစ်စေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။

https://intojapanwaraku.com/wp-content/uploads/2020/09/bihaku.jpeg

အဖြူရောင်ဟာ အခက်အခဲခုနစ်ခုကိုဖုံးကွယ်ထားတယ် ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။
အဖြူရောင်နဲ့သာဆိုရင် အခြားအရောင်ဟာ အနည်းငယ်အဆင်မပြေရင်တောင် ဘယ်လိုဖြစ်ဖြစ် အဆင်ပြေသွားလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
အသားလေးဖြူတော့ဘာဝတ်ဝတ်လိုက်နေရောတို့ ဘာတို့လို့နေမယ်ထင်တယ်နော်။

ဒါ့ကြောင့် ရှေးခေတ်ကလူတို့ဟာ အဆင်းလှတဲ့အသားအရေနှင့်ပတ်သတ်ပြီးတော့လည်း အလွန်တွယ်ကပ်နှစ်သက်ခဲ့ပုံရပါတယ်။
ယခုခေတ် မိတ်ကပ်ဖောင်ဒေးရှင်း လို့ခေါ်တဲ့အရာလိုမျိုးအနေနဲ့ အဲဒီအချိန်တုန်းကတော့ အဖြူရောင်အမှုန့်ကို သုံးခဲ့ပါတယ်။
ဖောင်ဒေးရှင်းအနေဖြင့် မျက်နှာပေါ်ရှိအမာရွတ်၊အဖုအထစ်များကို အဖြူရောင်အမှုန့်ဖြင့်ဖုံးကွယ်နိုင်အောင် သုံးတာဖြစ်ပါတယ်။

အများပြည်သူများလည်း အဖြူရောင်အမှုန့်များကို သုံးတဲ့သူတွေရှိပါတယ်။ သို့သော် သရုပ်ဆောင်များ၊ ဖျော်ဖြေမှုပြုလုပ်သူများက၎င်းကိုထူထဲစွာပိုပြီးအသုံးပြုခဲ့ကြပါတယ်။
ဤအဖြူရောင်အမှုန့်တစ်ခုဖြစ်လာစေဖို့ စျေးပေါတဲ့ ခဲမှုန့်များကို ကုန်ကြမ်းတစ်ခုအဖြစ်အသုံးပြုခဲ့ကြတယ်တဲ့။
ဒါဟာစျေးပေါတယ်၊ရလွယ်တာကြောင့် drop လုပ်ဖို့ရန်ခဲယဉ်းခဲ့ပါတယ်။
ဒါကြောင့်လည်း သုံးစွဲသူများစွာရှိပုံရပါတယ်။

 

 

သို့သော် Kabuki သရုပ်ဆောင်များကြားတွင် လျှို့ဝှက်ဆန်းကြယ်သောရောဂါတစ်ခုပျံ့နှံ့သွားခဲ့ပါတယ်။
ဖျော်ဖြေနေစဉ််အတွင်းမှာ ခြေထောက်တွေရဲ့ ဟန်ချက်ကို မထိန်းထားနိုင်တော့ပဲ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ခြေထောက်မထောက်နိုင်ပဲ လဲကျသွားကာ နောက်ဆုံးတော့သေသွားခဲ့ရပါတယ်။

နာတာရှည်ခဲစွဲလမ်းခဲ့ကြတယ်။
အဖြူရောင်အမှုန့်ကြောင့်ဆိုတာလူတိုင်းသိသော်လည်း ဖြူဖြူဖွေးဖွေးဖြစ်စေတဲ့ အလှကုန်ကတော့ သူ့ရဲ့စိတ်အားထက်သန်မှု၊တပ်မက်မှုတို့ကြောင့် ဆက်ပြီးရောင်းနေတုန်းပါပဲ။

အပေါ်ယံလှဖို့က အဲလောက်တောင် အရမ်းအရေးကြီးလား ? ဆိုတဲ့အရာအတွက်တော့ ဤကဲ့သို့သောဇာတ်လမ်းလေးရှိခဲ့ပါတယ်။
Nobunaga Oda ကိုသစ္စာဖောက်သတ်ဖြတ်ခဲ့သူ Mitsuhide Akechi ကတော့
သူနှင့်စေ့စပ်ထားသည့်အမျိုးသမီးသည်ဖျားနာပြီး သူမရဲ့ မျက်နှာမှာ အနာများကြီးကျန်ရှိနေခဲ့ပါတယ်။
သူ့ရဲ့အိမ်ထောင်ရေးကိုစွန့်လွှတ်ဖို့ အမျိုးသမီးတစ်ယောက်ဆီကသတင်းတစ်ခုရရှိခဲ့ပေမယ့်
သူကတော့“ အသွင်အပြင်ပြောင်းသွားရင်တောင်အတွင်းပိုင်းကမပြောင်းလဲဘူး” လို့ပြောခဲ့ပါတယ်။
Mitsuhide ကသူ့အမျိုးသမီးကိုတကယ်ချစ်တာပဲနော်….။

အဖြူရောင်က အခက်အခဲ (၇) ခုကိုဖုံးကွယ်ထားနိုင်ခြင်းထက်
ချစ်ခြင်းမေတ္တာကတော့ အခက်အခဲ (၇) ခုထက်ပိုပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်လို့ပဲပြောရမလား ?

စကားမစပ်၊ ယနေ့ခေတ်မှာလည်း အမျိုးသမီးများဟာ အလှအပအတွက်အချိန်နှင့်ငွေများစွာအသုံးပြုနေကြဆဲပါပဲ။
အရင်ခေတ်သည်လည်းပဲ အလှအပအတွက် အတော်အတန် အလေးထားပုံရပါတယ်။
အဲဒိုမှ Sayama Hanshichimaru လို့ခေါ်တဲ့ အလှအပအနုပညာရှင်တစ် ဦး ရေးသားခဲ့တဲ့ Miyako Fuzoku Keiwaiden ဆိုတဲ့စာအုပ်မှာတော့
ခြေလက်အင်္ဂါများအတွက်ထိမ်းသိမ်းစောင့်ရှောက်မှု၊
ခြေထောက်လှပဖို့နှိပ်နယ်ခြင်း၊
ဆံပင်ပုံသွင်းပေးခြင်း စသည်တို့ပါဝင်ခဲ့ပါတယ်။

ယနေ့အလှအပမဂ္ဂဇင်းတွေကို ကြည့်ခြင်းဖြင့်လည်း အမျိုးသမီးများရဲ့ အလှအပအပေါ်စိတ်အားထက်သန်မှုကတော့ မည်သည့်အချိန်မှာမပြောင်းလဲတဲ့အရာဆိုတာ မြင်တွေ့နိုင်မှာပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: