ခြင်္သေ့တစ်ကောင်ရဲ့အားနဲ့ညီမျှတဲ့ Coconut crab ကြောင့် အိပ်မက်ဆိုးမက်ခဲ့ရတဲ့မိသားစု !!!

စာဖတ်သူတို့အားလုံး horror movies တွေကိုကြိုက်ပါသလား?
ဂျပန်ရဲ့ horror movies တွေကတော့ တိတ်တိတ်ဆိတ်ဆိတ်ထိတ်လန့်ကြောက်ရွံ့ခြင်းကိုဖြစ်ပေါ်စေတဲ့ပုံစံမျိုးက များပါတယ်။
ကျွန်တော်ကတော့ ကြည့်ပြီးရင် Toilet တော်မသွားရဲတော့တဲ့အတွက် ကြည့်ကိုမကြည့်ပါဘူး။

အခုပြောမယ့်အကြောင်းအရာကတော့ အိုကီနာဝါရဲ့အိမ်တစ်အိမ်မှာဖြစ်သွားခဲ့တာပါ။

တစ်နေ့မှာ အဖေနဲ့သားဟာ ကားနဲ့အပြင်ထွက်တဲ့အချိန် ကားလမ်းပေါ်မှာအရမ်းကိုကြီးတဲ့ Coconut crab ကိုတွေ့ခဲ့ပါတယ်။
အဲ့ဒီနေရာမှာ ထားထားခဲ့မယ်ဆို အန္တရာယ်ရှိတာကြောင့် လောလောဆယ်ထိန်းသိမ်းစောင့်ရှောက်လိုက်ပြီး နောက်တစ်နေ့ပဲဖြစ်ဖြစ် တောထဲကိုပြန်လွှတ်ပေးမယ်လို့ လုပ်ခဲ့ကြပါတယ်။
သူတို့ ထိန်းသိမ်းစောင့်ရှောက်လိုက်တဲ့ Coconut crab ကတော့ ဒီမှာပါ….

https://www.dee-okinawa.com/topics/2019/08/birgus-latro.html

ဒါကတော့ Medium size ပါ။
အကောင်ကြီးဆိုရင်တော့ 4kg လောက်ရှိပါတယ်။ အကောင်ကြီးရင်ကြီးသလိုပဲ ညှပ်နိုင်တဲ့အားကလည်း ခြင်္သေ့တစ်ကောင်ရဲ့ကိုက်ဆွဲနိုင်တဲ့အားနဲ့သွားညီမျှပါတယ်။
ကြောက်စရာကောင်းပြီး သတိထားရမယ့် သတ္တဝါထဲမှာ Coconut crab လည်း ပါဝင်တယ်ပေါ့…
သူညှပ်ပြီဆိုရင် လူလက်တောင်အလွယ်တကူ ပြတ်ထွက်သွားနိုင်ပါတယ်။

သတိရှိစွာနဲ့ပဲ ဇောက်နက်နဲ့ဆွဲပုံးထဲထည့်ထားရင်း အပေါ်မှာလည်းအဖုံးဖုံးထားခဲ့ပါတယ်။
အဲ့ဒီလိုနဲ့ မနက်ဖြန်လောက်မှ တောထဲပြန်လွှတ်မယ်ဆိုပြီး သူတို့စိတ်ချချနဲ့အိပ်လိုက်ပါတယ်။

 

သို့သော် နောက်နေ့မနက်ကြည့်လိုက်တဲ့အခါမှာတော့ မရှိတော့ပါဘူး။


သေချာတာကတော့ အိမ်ထဲတစ်နေရာရာမှာတော့ ရှိလောက်မယ်။ ဘာနဲ့သွားတူလဲဆို‌တော့ အိမ်ထဲမှာ ခြင်္သေ့တစ်ကောင်လွှတ်နေသလိုပဲပေါ့..
မိသားစုဝင်တွေအတွက်လည်း အန္တရာယ်ရှိတယ်
အဲ့ဒီတော့ လင်မယားနှစ်ယောက်လည်း စကားများရပြီပေါ့..

“ ဘာလို့အဲ့လောက်အန္တရာယ်ရှိတာကို အိမ်ထဲယူလာရတာလဲ” ပေါ့…

Coconut crab ကြောင့်လင်မယားနှစ်ယောက် စကားများ၊ သမီးကလည်းငို၊ အဲ့ဒါနဲ့သားဖြစ်သူက အိမ်ထဲကိုလိုက်ပတ်ကြည့်လိုက်တဲ့အခါမှာတော့ …
တွေ့ပါပြီ…

 

သူ့ကိုအစာနဲ့မျှားပေမဲ့ ထွက်မလာပါဘူး။

နောက်ဆုံးမှာတော့ စင်ရဲ့ဟိုးနောက်ဘက်မှာ တွေ့လိုက်ပါတယ်။

သေသေချာချာလေးကိုင်တွယ်လိုက်ရပါတယ်။
အဲ့ဒီတော့မှ မိသားစုလည်းဘေးကင်းသွားရတဲ့အတွက် စိတ်အေးသွားရပါတယ်.
ဒီတစ်ခါတော့ အပေါ်ကနေဝိတ်နဲ့သေသေချာချာလေးဖိထားခဲ့ပြီလေး…

 

ဘီယာဘူး ၆ ဘူးလောက်တင်ထားလိုက်ပြီး “ အရမ်းမလေးဘူးလား?” လို့တောင် သူတို့ပြောရင်းရယ်နေခဲ့ကြပါသေးတယ်..
နောက်နေ့မနက်လည်းရောက်ရော..

ထပ်လွှတ်သွားပြန်ပါပြီ….

ဝယ်တာတောင်မကြာသေးတဲ့ သံဇကာလည်း ကောက်ကွေးကုန်လို့…

ထင်တဲ့အတိုင်းပါပဲ..ဘယ်လောက်တောင်အားရှိလဲဆိုတာ..
ဒီလိုနဲ့ အိမ်သားတွေထပ်စကားများရပြန်ပြီပေါ့..

တွေ့ပါပြီ….

ဒီတစ်ခါတော့ ဒီလိုတောင်လုပ်လိုက်ရပါတယ်။

ဆွဲပုံးပေါ်မှာသံဇကာ၊ သူ့အပေါ်မှာ ဂျပန်အရက်ဗူး ၁ ဖာ၊ နောက်ထပ်အပေါ်မှာလေးတဲ့အရာထပ်တင်ထားလိုက်ပါတယ်…
ဒီတစ်ခါတော့ စိတ်ချသွားရတဲ့အတွက် ရေချိုးခန်းထဲမှာထားလိုက်ပါတယ်.

ဒီလိုနဲ့ ညသန်းခေါင် ၂ ချက်ထိုးအချိန်မှာတော့ ယောက်ျားလုပ်သူရဲ့အော်သံကိုကြားလိုက်ရတယ်…
ဝါး !!!!!


Toilet သွားဖို့ထလာတဲ့အချိန် အိမ်မှာအရင်ကတည်းကရှိနေတဲ့ ကျောက်ပုစွန်အရုပ်ကိုသွားတက်နှင်းမိလိုက်တာကြောင့် ဟိုအကောင်ကြီးအထင်နဲ့အော်လိုက်မိတာပါတဲ့…
မိသားစုကလည်း တော်သေးတယ်ဆိုပြီး ရယ်ကြပြောကြရင်း သူတို့ အသံတစ်သံကြားလိုက်ပါတယ်…
ဒါနဲ့ တိတ်တိတ်လေး ရေချိုးခန်းထဲမှာသွားကြည့်လိုက်တဲ့အခါ…

လွှတ်ထွက်သွားတော့မယ်.
အုန်းသီးကဏန်းလည်း ဝေးဝေးမသွားနိုင်လောက်ပါဘူးဆိုပြီး သေသေချာချာပြန်ထည့်လိုက်ကာ သူတို့တွေအိပ်လိုက်ကြပါတယ်။
နောက်နေ့မနက် ထင်တဲ့အတိုင်း ထပ်ပြီးထွက်လာနိုင်ပါတယ်။


အဲ့ဒီနေ့မှာပဲ သူတို့တွေတောထဲကိုပြန်လွှတ်ပေးလိုက်တယ်။

 

 

ကြောက်စရာကောင်းတဲ့ သတ္တဝါကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတဲ့သူတို့မိသားစု နောက်ဆုံးတော့လုံခြုံစိတ်အေးသွားရပါပြီး..

ဒါကြောင့် Coconut crab ကိုတွေ့ခဲ့ရင် သတိထားနိုင်ဖို့အတွက် ဝေမျှလိုက်ပါတယ်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: