(28) ရက်နေ့ တိုကျိုမြို့ကူးစက်လူနာ ၇၈ ဦးသာရှိ !!!!

တိုကျိုမြို့အတွက် ဒီ‌နေ့ ၂၈ ရက်နေ့မှာ ကူးစက်လူနာအသစ် ၇၈ ဦးသာရှိကြောင်း အတည်ပြုရရှိခဲ့ပါတယ်ခင်ဗျား..
၅ ရက်ကြာပြီးတဲ့အခါမှာတော့ ၁၀၀ အောက်ပြန်လျော့လာခဲ့ပါပြီ။

အသက် ၁၀ နှစ်အောက်ကနေ ၉၀ အရွယ်အမျိုးသားအထိ စုစုပေါင်း ၇၈ ဦးပါ။ အသက်အရွယ်အားဖြင့်
အသက် ၂၀ = ၂၆ ဦး (အများဆုံး)
အသက် ၃၀ = ၁၅ ဦး
အသက် ၄၀ = ၁၃ ဦး
အသက် ၅၀ = ၉ ဦး
‌ရောဂါလက္ခဏာပြင်းထန်လာနိုင်တဲ့ အသက် ၆၀ နှင့်အထက်ကတော့ ၁၂ ဦးနဲ့.. ၁၀ နှစ်အောက်ကလေးက ၃ ဦးတို့ဖြစ်ပါတယ်။

ယခင်‌ရောဂါလက္ခဏာပြင်းထန်သူများထဲက ၃ ဦးလျော့ကျသွားတဲ့အတွက် ၂၆ ဦးသာကျန်ပါတယ်။ လက်ရှိအထိကတော့ စုစုပေါင်း ၂၅၃၃၆ ဦးပါ။
တိုကျိုမြို့တွင်းဗိုင်းရပ်စ်ကြောင့်သေဆုံးသူတွေက ၂၇ ရက်နေ့အထိ လူပေါင်း ၄၀၀ ရှိပါပြီ။ ဒါဟာ first wave အပါအဝင်လားဆိုတာ အတိအကျတော့မပြောထားပါဘူး။
တိုကျိုမြို့အုပ်ချုပ်ရေးမှူးကတော့ “ လူပေါင်း ၄၀၀ အတွင်းမှာ ၈၀% လောက်က အသက် ၇၀ အထက်ဖြစ်တာကြောင့်၊ နောက်ထပ်အသေအပျောက်တွေမရှိဖို့ အသက်ကြီးသူတွေအတွက်ကာကွယ်စီမံမှုတွေကို ဟာကွက်မရှိအပြည့်အဝ လုပ်သွားချင်တယ်” လို့ပြောပါတယ်။
ဒါကိုတော့ ဂျပန်သတင်းဌာနကဆင့် ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဂျပန်ပြည်နဲ့အတူ မြန်မာပြည်ကြီးလည်း covid ကိုကြံ့ကြံ့ခံတွန်းလှန်နိုင်ကြပါစေ…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: