3D printer level က ဒီလောက်တောင်တိုးတက်လာတာလား? ဒါဘာလဲ သိပါသလား?
လွန်ခဲ့သော် နှစ် ၂၀ မတိုင်မီ၊ printer တွေဟာတစ်ဖြည်းဖြည်းတိုးတက်လာပြီး မှင်အရောင်တွေကလည်းမျိုးစုံရလာတဲ့အတွက် ဓါတ်ပုံနီးနီးအရောင်ထွက်လာနိုင်တာကို အံ့သြခဲ့ရပါတယ်။
Epson ဟာမူလအရောင် ၄ မျိုးကနေ ပေါင်းစပ်အရောင်တွေပါရလာပြီး အရောင် ၆ ရောင်ထွက်လာပါတယ်။ အသားရောင်ကိုလည်း လှလှပပလေးထုတ်လာနိုင်ခဲ့ပေမဲ့ သတိမထားမိလိုက်ခင်မှာပဲ ပြန်ကြည့်လိုက်တဲ့အခါ အရောင် ၄ ရောင်ပြန်ဖြစ်သွားခဲ့ပါတယ်။ ဒီ ၄ ရောင်တည်းကိုတောင်မှ အရောင်တွေကလှလှပပလေး ထွက်လာနိုင်တယ်နော်?
နည်းပညာတွေရဲ့ တိုးတက်မှုပဲမဟုတ်လား..
မျက်မှောက်ခေတ် printer လောကမှာတော့ နောက်ထပ်ကွဲပြားတဲ့ယှဥ်ပြိုင်မှုတွေ ရှိလာပါတယ်။
အဲ့ဒါကတော့ 3D printer ပါ !!!!
PC အတွင်းရှိ 3D data ကို printout လုပ်ပြီး three-dimensional model အဖြစ်ဖန်တီးယူလိုက်တဲ့ပုံစံဖြစ်ပါတယ်။
အဲ့ဒီမှာတော့ ပိုပြီးအနုစိတ်သွားပြီး output လုပ်ပြီးနောက် အရောင်တင်ဖို့မလိုအပ်တော့ပါဘူး။ ဒီနောက်ပိုင်းမှာတော့ အရောင်စုံတဲ့ 3D printer များတောင်ထွက်လာပါတယ်။
ပိုပြီးတော့ လက်တွေ့ကျလာကာ၊ အိမ်ကိုတောင် print out ပုံစံနဲ့ဆောက်လုပ်နိုင်တဲ့ခေတ်ဆီကိုရောက်လာခဲ့ပါပြီ !!!!
https://gigazine.net/news/20131030-contour-crafting/
အစားအစာတွေကိုတောင် လက်နဲ့ချက်စရာမလိုတော့ဘဲ print out လုပ်နိုင်လာပုံရပါတယ်။
ဒီလိုနည်းပညာတိုးတက်လာပုံအရဆိုရင် အာကာသစခန်းမှာတောင် ပီဇာစားနိုင်မယ့်နေ့တွေရောက်လာမလားမသိနိုင်ဘူးနော် …
အဲ့ဒီလို 3D printer ဟာ၊ သတ္တုထုတ်လုပ်ခြင်းမှာလည်း အရေးပါတဲ့သုတေသနနယ်ပယ်ဖြစ်လာပါတယ်။
ဒါဘာပုံလဲဆိုတာ သိပါသလား?
https://nlab.itmedia.co.jp/nl/articles/2009/27/news032.html
ဒုတိယကမ္ဘာစစ်အချိန်ရဲ့ ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘော 大和(やまと)Yamato ပါ..
microscope နဲ့ကြည့်လိုက်မယ်ဆိုရင်…
https://twitter.com/castem_liq/status/1309641895748882435/photo/2
ဝါး !!!! စစ်သင်္ဘောလို့ လုံးဝမထင်ထားဘူးနော် …?
စကားမစပ် အောက်မှာပါတဲ့ bar က တစ်ခြားမထင်ပါနဲ့.. အဲ့ဒါဆံခြည်မျှင်တဲ့ ….
ဒီလိုဆံခြည်မျှင်မှာကပ်နေလောက်တဲ့အထိ သေးပါတယ်…
ဒီလောက်အထိသေးရင်တော့ မျက်လုံးနဲ့အတည်ပြုနိုင်မှာမဟုတ်ဘူးနော်…
ဒီလိုတောင်သေးတဲ့ Needle-nose pliers တွေလည်း ထွက်လာပါတယ်။
လူ့ လက်နဲ့ဆိုရင်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူးနော်…
ကျွန်တော်စဥ်းစားနေတယ် ဘယ်မှာသုံးရမလဲလို့…(ရယ်လျက်)
ဂျပန်ကဒီလိုပစ္စည်းသေးသေးလေးတွေထုတ်လုပ်တဲ့နေရာမှာ အထူးကျွမ်းတယ်လို့ဆိုရပါမယ်။
Anime နဲ့ movies တွေမှာ စက်ရုပ်သေးသေးလေးက လူ့ခန္ဓာကိုယ်ထဲဝင်သွားပြီး ဖျားနာခြင်းတွေကိုတိုက်ခိုက်ပေးတဲ့ အခန်းတွေကိုကြည့်ရတယ်..
ဒါဆို ဒါဟာတကယ်များဖြစ်လာမလား? ဆိုပြီးကျွန်တော်တို့ကိုတွေးစေတဲ့အထိ 3D printers တွေတိုးတက်လာပါတယ်။
တွေးကြည့်ရင်တော့ အနာဂတ်လူသားတွေရဲ့ ကမ္ဘာကပျော်စရာပဲနော်…
Kengo Abe