အသီးအနှံတွေရဲ့ အရသာမပျက်သွားစေဖို့ အကောင်းဆုံးသိမ်းဆည်းနည်းများ !!!!

လက်ရှိဂျပန်မှာတော့ အသီးအနှံတွေက အရသာရှိတဲ့အချိန်ကာလကိုပြန်ရောက်လာပါပြီ။
အသီးအနှံဆိုတာ အဓိကအစားအစာမဟုတ်တဲ့အတွက် အများကြီးဝယ်ထားမယ်ဆိုရင် ၂ ရက် ၃ ရက်ဆက်တိုက် လတ်ဆတ်တုန်းမှာစားလိုက်ရတယ်နော်..
ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ရင်ပြီးတာပဲ၊ အကြာကြီးထားစားလို့ရမယ်လို့ သင်တွေးမိတယ်မဟုတ်လား?
တကယ်က မှားပါတယ်။
ထုတ်ပိုးပြီးထား ထားမယ်ဆိုရင်ရော? အဲ့ဒါလည်း မဟုတ်သေးပါဘူး။

အမျိုးမျိုးစမ်းသပ်ကြည့်ပြီး တကယ်မှန်ကန်တဲ့သိမ်းဆည်းတဲ့နည်းလမ်းကိုတွေ့သွားရင် သစ်သီးတွေရဲ့အရသာကို မဆုံးရှုံးရတော့ပါဘူး။

ကဲ အရင်ဆုံး စပျစ်သီး..
စပျစ်သီးက သိမ်းဆည်းရအခက်ဆုံးတွေထဲမှာပါတယ်လို့ပြောကြတယ်.. ဒါကြောင့် ဒီလိုလေးလုပ်ကြည့်ပါ…

https://gunosy.com/articles/eOxZ6?s=s

အစားနိုင်တော့ဘူး !! ဆိုရင် စပျစ်သီးတစ်လုံးကို အခိုင်မှာပြန်ပြီးထိုးထားလိုက်ပါ။
ကလေးတွေလို လက်ဆော့ထားတယ်လို့ထင်ရပေမဲ့ အဲ့ဒီလိုမဟုတ်ပါဘူး။ ဒါကသင့်တော်တဲ့ သိမ်းဆည်းနည်းပါ။
ဒီလိုထားလိုက်မယ်ဆို အခိုင်ကစပျစ်သီးမှာရှိတဲ့ အာဟာရအချိုဓါတ်တွေကိုပြန်စုပ်ယူလိုက်ပြီး တစ်ခိုင်လုံးကို အချိုဓါတ်တွေပြန်ပေးပါတယ်။
ဒါပြီးရင်တော့ သတင်းစာနဲ့ပဲဖြစ်ဖြစ်ထုတ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ရုံပါပဲ။
သတင်းစာ စာရွက်နဲ့ထုတ်ရတယ်ဆိုတာက လေအေးတွေတိုက်ရိုက်မထိအောင် ကာကွယ်ခြင်းသဘောမျိုးဖြစ်ပါတယ်။

သခွားမွှေး

https://www.nichireifoods.co.jp/media/12643/

ဂျပန်မှာ Luxury fruit လို့တောင်ပြောကြတဲ့ သခွားမွှေး..
သခွားမွှေးကတော့ အခြေနေပေါ်လိုက်ပြီး သိမ်းဆည်းတဲ့ပုံမတူပါဘူး။

မာသေးတယ်၊ မမှည့်သေးတဲ့သခွားမွှေးဆိုရင်တော့ ရေခဲသေတ္တာထဲ သွားထည့်လို့မရပါဘူး။
သေတ္တာ၊ ပုံး တစ်ခုခုထဲထည့်ထားမယ်ဆိုရင် အဲ့ဒီပုံးထဲကနေထုတ်လိုက်ပါ။
ပုံးထဲမှာက အစိုပြန်တတ်တဲ့အတွက်၊ သခွားမွှေးရဲ့အောက်ခြေကနေ ပုပ်လာမှာဖြစ်ပါတယ်။
Paper towel စတာတွေကိုအောက်မှာခင်းထားပြီး အခန်းအပူချိန်မှာပဲထားပါ။
နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းမရှိဖို့လည်း ကရုစိုက်ရပါမယ်။

သခွားမွှေးရဲ့ အောက်ဘက် ချက်လိုမျိုးနေရာကို လက်မနဲ့ဖိကြည့်လိုက်ပါ။ အနည်းငယ်ပျော့နေပြီဆို စားလို့ရပါပြီ။

 

ငှက်ပျော်သီး


ငှက်ပျောသီး ဆိုရင် ချက်ချင်းတောင်မည်းသွားတတ်တယ်နော် ..
အဲ့ဒါအတွက်ကတော့ ၁ လုံးချင်းစီ ပလက်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားဖို့ပါပဲ။
ငှက်ပျောသီးဟာ မှည့်သွားပြီဆိုတာနဲ့ hydrocarbon (Ethylene gas) ဓါတ်ငွေ့တစ်မျိုးထွက်လာပါတယ်။
အဲ့ဒီ gas ကပဲ ငှက်ပျောသီးကိုမည်းသွားစေတာပါ။ တစ်လုံးချင်းစီထားလိုက်တာက အဲ့ဒီ gas ရဲ့ပမာဏကို ထိန်းချုပ်လိုက်တဲ့သဘောမျိုးပါ..
နောက်ပြီး ရေခဲသေတ္တာထဲထည့်လိုက်မယ်ဆို gas ထွက်မှုကိုလည်း လျော့နည်းသွားစေပါတယ်။
ရက်အတန်ကြာထားလို့ အခွံကမည်းသွားပေမဲ့ အထဲမှာတော့ နောက်ထပ်နည်းနည်းတောင် ထားစားနိုင်ပါသေးတယ်။
သို့သော် အရမ်းအကြာကြီးမထားမိဖို့တော့ သတိထားရပါမယ်။

ကီဝီသီး

https://www.nichireifoods.co.jp/media/13799/

သခွားမွှေးနဲ့အတူတူပါပဲ။ မှည့်မမှည့်ပေါ်မူတည်ပြီး သိမ်းဆည်းပုံကွဲပြားပါတယ်.
မှည့်သွားတဲ့ကီဝီဆိုရင် အလယ်မှာရှိတဲ့အဖြူရောင်ကပျော့သွားပါတယ်.
အဲ့ဒီအတွက် စစ်နိုင်မယ့်နည်းကတော့ ကီဝီသီးကိုထောင်ထားတဲ့ပုံစံနဲ့ကိုင်ထားပါ။ ပြီးရင်တော့ အပေါ်အောက်ကိုလက်နဲ့ညင်ညင်သာသာဖိကြည့်ပြီး ပျော့နေမယ်ဆိုရင်တော့ စားလို့ရပါပြီ။

မာနေမယ်ဆိုရင် အပြည့်အဝမမှည့်သေးတဲ့အတွက် အခန်းအပူချိန်ထဲမှာပဲ သိမ်းပါ။
ပန်းသီးနဲ့အတူတူ ပလတ်စတစ်အိတ်ထဲထည့်သိမ်းထားမယ်ဆိုရင်တော့ ပန်းသီးကထွက်တဲ့ Ethylene gas ဟာ မြန်မြန်မှည့်ဖို့ အထောက်အကူပြုပါတယ်။

ပျော့လာတဲ့ကီဝီသီးကိုစားလိုက်မယ်ဆိုကောင်းပေမဲ့၊ အကယ်၍ စားလို့မကုန်ခဲ့ဘူးဆိုရင် သတင်းစာ ဒါမှမဟုတ် Paper towel နဲ့ပတ်ပြီး ပလတ်စတစ်အိတ်နဲ့ထုတ်ကာ ရေခဲသေတ္တာထဲသိမ်းထားလိုက်ပါ။

စကားမစပ် အအေးခံပြီးသိမ်းထားလို့လည်းရပါတယ်။
ကီဝီကိုရေဆေးပြီး Paper towel နဲ့ ရေတွေကိုသုတ်ပြီးတဲ့နောက် ၁ လုံးချင်းစီထုပ်ပိုးပြီး အအေးခံသိမ်းထားလိုက်ပါ။
၁ လကြာမျှတောင် သိမ်းထားနိုင်ပြီး၊ တစ်ဝက်လောက်အရည်ပျော်သွားတဲ့အခြေအနေမှာ Sorbet ပုံစံလုပ်စားလည်းအရသာ အရမ်းရှိပါတယ်.

အရသာရှိတဲ့အသီးအနှံတွေအတွက် သိမ်းဆည်းပုံကလည်းစကားပြောတာကြောင့် ဒီအချက်တွေကအကျိုးရှိမယ်လို့ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: