Kanto နဲ့ Kansai ကိုဘယ်လိုခွဲခြားမလဲ? နယ်နိမိတ်စည်းကရော ဘယ်မှာလဲ?

အရင်ဆောင်းပါးတွေမှာလည်းပြောခဲ့ပါတယ်။ ကျွန်တော်က တိုကျိုမှာမွေးဖွားခဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် Kanto အရပ်သားပါ။
အဲ့ဒီလိုပြောလိုက်တာနဲ့ Kansai အရပ်သားတွေဆီကနေ

“ တိုကျိုဆိုတာ, ထည့်တောင်မတွက်ဘူး”

လို့အမြဲအပြောခံရပါတယ်။ မဟုတ်သေးဘူး ထည့်တွက်တွက်၊ မတွက်တွက် ဒါကကျွန်တော်ရဲ့ ဇာတိမြို့လေးပါ…
အဲ့ဒီလို တစ်နည်းနည်းနဲ့ Kansai လူတွေဆီကနေ ကတ်သီးကတ်သတ် ပြောခံရတတ်ပါတယ်။ (Kansai လူတွေအားလုံးကိုတော့ မဆိုလိုပါဘူး)

ပြောင်းပြန်အနေနဲ့ ကျွန်တော်တို့ Kanto အရပ်သားတွေဘက်ကနေပြန်ကြည့်ရင် Kansai လူတွေက စကားပြောတဲ့အခါဟာသလေးတွေ နှောပြီးပြောတတ်ကြပါတယ်။
ဒါကြောင့် seriously လေးလေးနက်နက်နေတတ်တဲ့ Kansai လူတစ်ယောက်ကိုတွေ့ရင်၊ “ Kansai လူမျိုးဖြစ်ပြီးအဲ့ဒီလောက် seriousတာ ဘယ်လိုကြီးလဲ?” လို့ စိတ်ထဲတစ်မျိုးကြီးဖြစ်နေတတ်ပါတယ်။
Kansai လူမျိုးအားလုံးဟာ ပေါ့ပေါ့ပါးပါး ပျော်ပျော်နေတတ်ကြလို့ပါ…

တစ်ဖန် ကျွန်တော်ကစိတ်ဝင်စားဖို့ကောင်းတာကိုပြောလိုက်ရင် “ Kanto အရပ်သားဖြစ်ပြီးတော့ ဟာသတွေပြောနေရလား” ဆိုပြီး တအံ့တသြအကြည့်ခံရပြန်ပါရော…
မဟုတ်သေးပါဘူး.. Kanto အရပ်သားဖြစ်ပေမဲ့ ဟာသတွေပြောတတ်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့လူတွေလည်း အများကြီးရှိပါတယ် !!!
ဘာကြောင့်လဲဆိုရင် “ Kanto အရပ်သားမှန်ရင် လေးလေးနက်နက်နေတတ်ကြတယ်” လို့ Kansai လူတွေကတွေးတတ်ကြလို့ပါ

အဲ့ဒီလို၂ ဦး ၂ ဖက်၊ မဟုတ်သေးဘူး အဓိကကတော့ Kansai ဘက်ကနေ ရန်သူသဘောမျိုးအမြင်စောင်းနေကြတဲ့ ပတ်သက်မှုဖြစ်ပါတယ်။
ဒါဆိုရင် ဒီဒေသ ၂ ခုကိုခြားထားတဲ့ နယ်နိမိတ်စည်းကိုရော စာဖတ်သူတို့သိပါသလား?

နားလည်ရလွယ်ကူမယ့်ပုံစံနဲ့ပြောရမယ်ဆို Nagoya မြို့က ပထမတစ်ချက်ပါ။
Oita Kansai အနီး၊ ဘာပဲပြောပြော ဒေသ ၂ ခုရဲ့ အလယ်ဗဟိုအနီးမှာရှိတဲ့မြို့ကြီးကတော့ Nagoya ပါ…

သို့သော် Nagoya ရဲ့ယဥ်ကျေးမှုကိုကြည့်လိုက်ရင် ဒီဟာကလည်းထူးခြားနေပြန်တယ်။
Kanto လို့လည်းပြောလို့မရသလို Kansai လို့လည်းပြောလို့မရတဲ့ Nagoya ရဲ့ကိုယ်ပိုင်ယဥ်ကျေးမှုဧရိယာပါပဲ…

နောက်ပြီး ဘေးမှာရှိတဲ့ Shizuoka စီရင်စုကတော့ Kanto ယဥ်ကျေးမှုကိုယူထားတယ်လို့ထင်ရပေမဲ့ စီရင်စုရဲ့အရှေ့ခြမ်းတစ်ဝက်က Kanto ယဥ်ကျေးမှုဖြစ်ပြီး၊ နောက်ဘက်ခြမ်းကတော့ Nagoya ယဥ်ကျေးမှုဖြစ်သွားပြန်ပါရော…
အဲ့ဒီလို ယဥ်ကျေးမှုနယ်မြေမှာ Kanto နဲ့ Kansai ကိုခွဲဖို့ အတော်လေးခက်ခဲသွားပါတယ်။

ဒါဆို ပြောဆိုကြတဲ့စကားတွေ စကားလုံးအဓိပ္ပါယ်ကနေ စဥ်းစားကြည့်ကြမယ်..!!!
関東 Kanto関西 Kansai ရဲ့ “ 関 Kan” ဆိုတာ ဘာအဓိပ္ပါယ်ဖြစ်မလဲ?

“ 関 Kan” ကို အရင်အချိန်က တိုင်းပြည်နယ်နိမိတ်ဆိုပြီး သုံးနှုန်းပါတယ်။ အဓိပ္ပါယ်ကတော့ အတားအဆီးပါ။
နယ်နိမိတ်ကနေ အနောက်ဘက်ကိုတော့ 関西 Kansai လို့ခေါ်လိုက်ပြီး၊ အရှေ့ကိုတော့ 関東 Kanto လို့ ခေါ်လိုက်ပါတယ်။
ဒီလောက်ဆိုရင်တော့ ထင်သာမြင်သာခွဲခြားနိုင်လောက်မယ်နော် ….?

ဒါဆို အဲ့ဒီကန့်သတ်ထားတဲ့စည်းက ဘယ်နားမှာဖြစ်မလဲ?
နယ်နိမိတ်စည်း ၃ ခုက အရေးကြီးတဲ့စည်းတွေပဲလို့ ပြောကြပါတယ်။

 

https://nlab.itmedia.co.jp/nl/articles/1905/22/news082.html

 

အဲ့ဒီအချိန်ရဲ့ လမ်းပန်းဆက်သွယ်ရေးအဓိကလမ်းကိုမူတည်ပြီး ပြုလုပ်ခဲ့တဲ့နယ်နိမိတ်စည်းဟာ Lake Biwa ဆိုတဲ့ကန်အနီးမှာရှိပါတယ်။
အဲ့ဒီနေရာကိုကျော်ပြီးအနောက်ဘက်ကိုသွားရင် Kyoto, Nara, Osaka စတဲ့မြို့တွေကိုရောက်ပါတယ်.
ဒါကြောင့် ထိုနေရာတွေကို 関西 Kansai ဆိုပြီးခေါ်လာကြပါတော့တယ်။

ဒါပေမဲ့ 関東 Kanto ရဲ့ပြဿနာကတော့၊ နယ်နိမိတ်စည်းကနေ အရှေ့ဘက်ကို Kanto တွေလိုခေါ်ရမှာ ဧရိယာတော်တော့်ကို ကျယ်ပြန့်နေခြင်းပါ..
ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုရင်၊ အရင်က 関西 Kansai ဧရိယာမှာသာ မြို့ကြီးတွေရှိနေလို့ပါ..
အဲ့ဒီအချိန် 関東 Kanto ဘက်ရဲ့ တိုကျိုဆိုတာ ကျေးလက်ဒေသလေးပေါ့…

ဒါကိုပြန်စုစည်းပြီး “ ကျေးလက်ဒေသ” လို့ခေါ်တွင်စေခဲ့ခြင်းဖြစ်ပါလိမ့်မယ်။
Kansai လူမျိုးနဲ့သူတို့ရဲ့အတွေးအခေါ်က နည်းနည်းရိုင်းတာပဲနော်…ဟဟဟ!!!
မတတ်နိုင်ပါဘူးလေ.. တိုကျိုဟာ အဲ့ဒီအချိန်ကျေးလက်ဒေသလေးပဲဆိုတော့…!!!

လက်ရှိမှာတော့ 関西 Kansai လို့ပြောရင် Kyoto, Osaka, Hyogo, Nara, Shiga, Wakayama, Mie ခရိုင်တို့ဖြစ်ပါတယ်။
ဒါပေမဲ့ သီးသီးခြားခြားကြီးသတ်မှတ်မထားတဲ့အတွက် Shikoku ကျွန်းမှာနေသူတွေကလည်း သူတို့ကိုယ်သူတို့ Kansai လို့ ခံယူလာကြတယ်။ ဒါကို Osaka လူတွေကတော့ သဘောမကျကြပါဘူး။

ကမ္ဘာအနှံ့မှာ ယဉ်ကျေးမှုဆိုင်ရာကွဲပြားခြင်းတွေနဲ့ ၎င်းဒေသတစ်ခုစီမှာသိမ်မွေ့တဲ့ conflict တွေကတော့ ရှိစမြဲပါ..
သင့်ရဲ့နိုင်ငံမှာရော ဘယ်လိုနယ်နိမိတ်တွေကန့်သတ်ထားသလဲ? အဲ့ဒီစည်းတွေကရော ဘယ်မှာရှိပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: