မိကျောင်းကို Helium ဓါတ်ငွေ့ရှူစေပြီး သုတေသနလုပ်ခဲ့တဲ့ ဂျပန်အမျိုးသား “ Ig Nobel Prize” ဆုရရှိသွားခဲ့ !!!!!

အခုပြောပြမယ့်အကြောင်းကတော့ ဂျပန်လူမျိုးဖြစ်ပြီး Kyoto University သုတေသနဌာနရဲ့ Professor ဖြစ်သူ Tsuyoshi Nishimura စံရဲ့ နိုင်ငံတကာသုတေသနအဖွဲ့က ဒီ ၂၀၂၀ ခုနှစ် နိုင်ငံတကာမှာ ဆုရရှိခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။

ရရှိခဲ့တဲ့ ဆုကတော့ unique scientific research အတွက်ပေးတဲ့ “ Ig Nobel Prize” ပဲဖြစ်ပါတယ်။ ဒါကို ယခုလ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့ကမှ ကြေငြာခဲ့တာပါ။
ဒီတစ်ကြိမ်နဲ့ဆို ဂျပန်လူမျိုး “ Ig Nobel Prize” ဆုကိုရရှိတာ ၁၄ နှစ်ဆက်တိုက်ရှိပါပြီ။

 

https://grapee.jp/wp-content/uploads/64632_main01.jpg

 

“ BBC” ရဲ့သတင်းမီဒီယာကလည်း ဒါကိုတရားဝင်ဖော်ပြထားပါတယ်။
Professor Tsuyoshi Nishimura စံနဲ့သုတေသနအဖွဲ့က ဘာကြောင့်ဒီဆုရတယ်လို့ထင်ပါသလဲ?

အကြောင်းကတော့ “ Helium ဓါတ်ငွေ့တွေထည့်ထားတဲ့ အလုံပိတ်ကန်ထဲမှာ မိကျောင်းအမကိုထည့်ထားပြီး အငွေ့တွေကိုရှူစေခဲ့ခြင်း” ပဲဖြစ်ပါတယ်။

Professor Tsuyoshi Nishimura စံနဲ့သုတေသနအဖွဲ့ဟာ oxygen နဲ့ helium ဓါတ်ငွေ့ကိုတစ်ဝက်စီထည့်ထားတဲ့ အလုံပိတ်ကန်ထဲမှာ မိကျောင်းကိုထည့်ခဲ့ပါတယ်။ ပြီး‌တဲ့နောက်မှာတော့ ထိုမိကျောင်းရဲ့အသံပြောင်းသွားတာကို တွေ့ရှိခဲ့ပါတယ်တဲ့…

Helium ဓါတ်ငွေ့ကိုရှူပြီးနောက်မှာ မိကျောင်းရဲ့အသံကမူလအသံထက်ကို ပိုပြီး “ ဟိန်း” သွားတာကို သူတို့တွေအတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီအကြောင်းအရာကို သိရတဲ့လူတွေအားလုံးကလည်း အံ့သြနေကြပါတယ်.

“ – မိကျောင်းလည်း သူ့အသံသူပြန်လှန့်နေမလားမသိဘူး။
– ရယ်ချင်လိုက်တာ။ မိကျောင်းကို Helium ဓါတ်ငွေ့ပေးရှူတယ်တဲ့.. ငါတောင်မစဥ်းစားမိဘူး..
– ရက်စက်လို့အစတည်းကကြောက်တာ အခုတော့ အသံကိုပါကြောက်ရတော့မယ် “

စသည်ဖြင့် သူတို့ရဲ့အမြင်တွေကို အမျိုးမျိုးပြောကြပါတယ်။

ဒီလိုမျိုး မိကျောင်းကိုအသံပြောင်းအောင်လုပ်နိုင်တယ်လို့ တော်ရုံကျွန်တော်တို့လိုလူဆို မတွေးနိုင်ပါဘူး။ မထင်မှတ်ထားတာလေးတွေကနေ စိတ်ဝင်စားဖို့ကောင်းတာကို တွေ့ရှိသွားတာဖြစ်နိုင်တယ်နော် …

ဒါဟာလည်း စပ်စုတတ်သူ၊ ပတ်ဝန်းကျင်ကိုလေ့လာနေသူတွေလောက်ပဲ လုပ်နိုင်မယ်လို့ထင်ပါတယ်…
ဒါကြောင့်လည်း ကလေးများရဲ့ စပ်စုတတ်တဲ့ပင်ကိုယ်သဘာဝကို ကျွန်တော်တို့ပျိုးထောင်ပေးဖို့လိုအပ်မလားလို့တော့ ထင်မိတယ်…..

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: