ကျိုတိုမြို့သို့ခရီးသွားနေသည်။ လည်ပတ်သင့်တဲ့နေရာ ၁၀ နေရာ !!!

ဂေရှားမယ်လေးတွေရှိတဲ့ Gion အရပ်မှာလမ်းလျှောက်မယ်ဆိုရင်၊ ကျောက်တုံးတွေစီရင်ခင်းထားတဲ့လမ်းက သင့်ကိုဘဝင်လေဟပ်စေမှာပါ…
Kiyomizu-dera (清水寺) လို့ခေါ်တဲ့ နယ်မြေတွင်းမှာလည်း ငြိမ်းချမ်းရေးသမိုင်းကိုလေ့လာနိုင်ပါတယ်။
ဥတုရာသီ ၄ ခုလုံးရဲ့အလှကိုယ်စီကို ခံစားတွေ့မြင်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။

 

ကဲ..စာတွေရှည်ကုန်တော့မယ် အခုပဲဒီဆောင်းပါးနဲ့အတူ ကျိုတိုမြို့ကြီးဆီသို့ ခရီးထွက်ကြရအောင်နော်….

၁။ 清水寺Kiyomizu-dera

https://travel.rakuten.co.jp/mytrip/ranking/spot-kyoto/?l-id=Mytrip_Popularranking_01

ဒါကတော့ အပေါ်မှာပြောခဲ့တဲ့ Kiyomizu-dera ဘုရားကျောင်ပဲဖြစ်ပါတယ်။ ဒီ Kiyomizu-dera ကို ကမ္ဘာ့အမွေအနှစ်အဖြစ်ပါမှတ်ပုံတင်ထားပြီး ကျိုတိုမြို့ကို ကိုယ်စားပြုထားတဲ့ ခရီးသွား attraction တစ်ခုဆိုလည်းမမှားပါဘူး။
Kiyomizu-dera ကနေ ကျိုတိုမြို့ရဲ့အံ့မခန်းမြင်ကွင်းကိုမြင်ရသလို နွေဦးမှာချယ်ရီ၊ နွေရာသီမှာ စိမ်းလန်းတဲ့အပင်တွေနဲ့ ဆောင်းဦးမှာ Momiji တို့ နေရာယူ ချယ်လှယ်ကြပါတယ်။

အချိန် – 6:00~18:00(ရာသီအပေါ်မူတည်၊ တစ်နှစ်ပတ်လုံးတော့ ပိတ်ရက်မရှိ)
ဝင်ကြေး – လူကြီး ၄၀၀ ယန်း၊ အလယ်တန်းကျောင်းသား ၂၀၀ ယန်း

၂။ Kyoto tower

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/11_kyototower.jpg

ကျိုတိုလို့ပြောလိုက်ရင်လည်း Kyoto tower ကြီးကမပါမဖြစ်ပေါ့…
ဒီတာဝါရဲ့အမြင့်က ၁၃၁ မီတာရှိပြီး မီးပြတိုက်ပုံသဏ္ဌာန်တည်ဆောက်ထားပါတယ်။ မီတာ ၁၀၀ အကွာအဝေးရှိ မြင်ကွင်းပတ်ပတ်လည်ကြည့်နိုင်ပြီး ကျိုတိုတစ်မြို့လုံးကိုပါ မြင်နိုင်တယ်ပေါ့…

အထဲမှာတော့ စားသောက်ဆိုင်တွေ၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေရှိပါတယ်။ မြေအောက်ခန်းအများသုံးရေချိုးကန်ကြီးတစ်ခုလည်း ရှိတယ်လို့ဆိုပါတယ်။
ဒီတာဝါကိုရောက်ပြီးမှတော့ ရေချိုးကန်ကိုသွားဖို့အကြံပြုလိုက်ပါတယ်။

၃။ 金閣寺 Kinkakuji

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/16_kinkaku.jpg

Kinkakuji ဘုရားကျောင်းလို့ လူသိများပေမဲ့တရားဝင်ကတော့ Rokuonji လို့ခေါ်ပါတယ်။ အလွှာ ၃ ခုရှိပြီး တစ်ခုနဲ့တစ်ခုကလည်း မတူညီတဲ့ဗိသုကာပုံစံတွေပါပဲ..
ရွှေသတ္တုပြား အချပ် ၂၀၀,၀၀၀ (20万枚)ခန့်ကိုအသုံးပြုထားပြီး၊ သူဟာလည်းကမ္ဘာ့အမွေအနှစ်အဖြစ် မှတ်ပုံတင်ထားပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးကို ဆွဲဆောင်နိုင်တဲ့ အလှတရားတစ်ခုပေါ့…

အချိန် – 9:00~17:00(တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ)
ဝင်ကြေး – အထက်တန်းကျောင်းသားနှင့်အထက် 400 ယန်း၊ မူလတန်းအလယ်တန်းကျောင်းသား 300 ယန်း

၄။ 二寧坂・産寧坂・清水坂

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/03_saka1.jpg

ဒီလမ်း ၃ လမ်းက Kiyomizu-dera ဘုရားကျောင်းကိုသွားတဲ့လမ်း ဖြစ်ပြီးတော့ တစ်နှစ်ပတ်လုံးလူများစွာနှင့်ပြည့်နေတဲ့ကျိုတိုမြို့ခရီးသွားတွေအများဆုံး ရှိတဲ့လမ်းတွေလည်းဖြစ်ပါတယ်။
တောင်တက်လမ်းကဲ့သို့ပဲ လမ်းတစ်လျှောက်မှာလည်း အမှတ်တရလက်ဆောင်များ၊ သကြားလုံးများနှင့်ဂျပန်အထွေထွေကုန်ပစ္စည်းများကဲ့သို့သောဖက်ရှင်ဆိုင်များကိုတွေ့ရပါတယ်။

၅။ ကျိုတိုဘူတာရုံအဆောက်အဦး

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/10_kyotostation3.jpg

၁၉၉၇ ခုနှစ်ဖွင့်လှစ်ခဲ့တဲ့ လက်ရှိဘူတာရုံအဆောက်အအုံကတော့ ဂျပန်နိုင်ငံရဲ့အကြီးဆုံးဘူတာရုံပါ။
အထဲမှာတော့ ဟိုတယ်တွေ၊ စတိုးဆိုင်တွေ၊ ယဥ်ကျေးမှုဆိုင်ရာအဆောက်အအုံတွေကိုစုစည်းထားပါတယ်။
နောက်ပြီးအထွေထွေစားသောက်ဆိုင်တွေလည်းရှိပြီး အမှတ်တရပစ္စည်းဆိုင်တွေလည်းရှိတာကြောင့် သင့်ရဲ့ကျိုတိုခရီးစဥ်ကို စိတ်ကျေနပ်မှုအပြည့်ပေးမှာပဲဖြစ်ပါတယ်။

 

၆။ Fushimi Inari Taisha ဘုန်းကြီးကျောင်း

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/31_fushimiinari1.jpg

စီးပွား‌ရေးတိုးတက်ခြင်းနဲ့ကောက်ပဲသီးနှံဖြစ်ထွန်းခြင်းရဲ့နတ်ဘုရားအဖြစ်ယုံကြည့်ခဲ့ကြပါတယ်။
မြောက်များစွာစီတန်းထားတဲ့ အနုပညာလက်ရာမြောက်ဂိတ်များဖြစ်တဲ့ “ Senbon Torii” ဟာလည်း အံ့သြဖွယ်ရာပါပဲ။

 

၇။ Uji teahouse

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/37_ujicafe.jpg

ကျိုတိုကိုရောက်ပြီဆိုမှင်တော့ teahouse ဆီသွားဖို့လည်း မမေ့ခဲ့ပါနဲ့ ..
matcha နဲ့ Wasanbon လို့ခေါ်တဲ့ ဂျပန်သကြားလုံးတွေလည်းစားခဲ့ကြည့်ပါ။

 

၈။ ဝါးရုံတောလမ်း

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/41_arashiyama.jpg

Nonomiya နတ်ကွန်းကနေ Okochi Sanso Garden အထိပေါက်တဲ့လမ်းဖြစ်ပြီး၊ Arashiyama ကိုကိုယ်စားပြုတဲ့ ကမ္ဘာလှည်ခရီးသွားတို့ သဘောကျတဲ့နေရာပါ…

၉။ Kyoto Aquarium

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/13_kyoto_aquarium.jpg

ဂျပန်ရဲ့အကြီးဆုံးကုန်းတွင်းငါးပြတိုက်လို့ ဆိုပါတယ်။
Tokyo Aquarium နဲ့ Kyoto Aquarium ဘယ်ဟာပိုလှလဲ? ရောက်ခဲ့ဖူးသူများ ပြောပြပေးပါအုံး…

၁၀။ Kifune Shrine

https://img.travel.rakuten.co.jp/mytrip/content/ranking/spot-kyoto/images/2018/40_kibune3.jpg

Kamogawa မြစ်ဘေးတစ်လျှောက်ရှိတဲ့ ရှေးဟောင်းဘုရားကျောင်းဖြစ်ပါတယ်။
အဓိကတော့ လက်ထပ်ထိမ်းမြားပေးတဲ့နတ်ဘုရာားအဖြစ် လူသိများပါတယ်။
ဆောင်းတွင်းနှင်းတွေဖုံးနေတဲ့လမ်းတစ်လျှောက် ညကလည်းမှောင်မှောင် ထွန်းထားတဲ့မီးတိုင်တွေနဲ့ဆို.. အရမ်းပျော်ဖို့ကောင်းမှာပါ…

ကဲ.. ကျိုတိုလို့ပြောလိုက်ရင် နာမည်ကြီးလည်ပတ်စရာနေရာတွေက ၅၆ နေရာတောင် ရှိတဲ့အထဲမှာအကုန်လုံးကိုပြောပြချင်သော်လည်း စာရှည်မှာစိုးတဲ့အတွက် (၁၀) နေရာလောက်ကိုရွေးပြီးမိတ်ဆက်ပေးလိုက်ပါတယ်။
ဒါဖြင့် ကျိုတိုကိုရောက်ခဲ့ရင် ဒီနေရာတွေကိုသေချာပေါက် သွားလည်ကြည့်ခဲ့ပါ…
ပြောဖို့ကျန်ခဲ့တာရှိမယ်ဆိုရင် မိမိရဲ့အတွေ့အကြုံတွေကို comment မှာ ပြန်မျှဝေနိုင်တယ်နော်….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: