ဖောက်ပြန်တဲ့အိမ်ထောင်ဖက်ကို ဂျပန်လူမျိုးဆန်စွာ လက်စားချေနည်း !!!!

မိမိချစ်သူ ဒါမှမဟုတ် မိမိရဲ့အိမ်ထောက်ဖက်ဆီကနေ သစ္စာဖောက်တာခံလိုက်ရတာမျိုး ဘယ်သူမဆိုမလိုချင်ကြဘူးနော်..
သင်ဆိုရင်ရော ဘယ်လိုလုပ်မလဲ?
တိုက်ရိုက်သူ့အရှေ့မှာသွားပြီး စိတ်ဆိုးပြနေမလား?

 

https://ananweb.jp/anan/306653/

စာဖတ်သူတို့သိပြီးတဲ့အတိုင်း ဂျပန်လူမျိုးတွေဟာ ကိုယ့်ရဲ့ထင်မြင်ချက်ကို ရှင်းရှင်းလင်းလင်းမပြောကြသူတွေက ပိုများပါတယ်။
အဲ့ဒီလိုပုဂ္ဂိုလ်တွေက ဘယ်လိုပုံစံနဲ့ဒေါသထွက်ကြသလဲ…. ဆိုတာကို မေးကြည့်ခဲ့ပါတယ်။
ခင်ပွန်းသည်ဆီကနေ သစ္စာဖောက်ခံလိုက်ရတဲ့အမျိုးသမီးရဲ့လက်စားချေခြင်းနည်းလမ်း, တော်တော်လေးတော့ ကြောက်ဖို့ကောင်းတယ်..

 

Mask ကနေအနံ့ဆိုး။
မျက်မှောက်ခေတ် mask ကိုမပါမဖြစ်တပ်နေတာ ဂျပန်လည်းအတူတူပါပဲ။
ဒါပေမဲ့ အမျိုးသားတွေဟာ mask ကိုအထူးတလည် သေသေချာချာတပ်ကြတဲ့လူတွေကနည်းပြီး mask ဖြစ်ရင်ပြီးရော၊ ဘာပဲဖြစ်ဖြစ်ရတယ်ဆိုတဲ့ လူတွေက ပိုများပါတယ်။
အခုပြောမယ့်အမျိုးသားလည်း ဒီလိုလူမျိုးထဲက တစ်ယောက်ဖြစ်ပါတယ်.
ရုတ်တရက် အမည်းရောင်အကွက်နဲ့ ဖက်ရှင်ကျတဲ့ mask ကိုတပ်ပြီး တစ်ယောက်တည်းအပြင်ထွက်သွားတတ်တယ်…အကြိမ်ပေါင်းလည်းမနည်းတော့ဘူးလို့ ဆိုပါတယ်.

တစ်နေ့မှာတော့ အမျိုးသမီးက အခန်းတွင်းသန့်ရှင်းရေးလုပ်နေတဲ့အချိန် mask ထည့်ထားတယ်လို့ ထင်ရတဲ့အထုတ်ကို ရှာတွေ့သွားပါတယ်။

“ စိတ်မရှိဘူးဆိုရင် သုံးပါ” လို့အမျိုးသမီးလက်ရေးနဲ့ရေးထားတဲ့ ချစ်စရာကောင်းတဲ့စာတစ်စောင်နဲ့အတူ….

ခင်ပွန်းသည်ကတိတ်တဆိတ် ဒီအမျိုးသမီးနဲ့တွေ့နေတယ်လို့ စဥ်းစားမိခဲ့တဲ့ဇနီးလုပ်သူဟာ ခင်ပွန်းသည်အိပ်နေတဲ့အချိန်လေးမှာ အဲ့ဒီ mask ကို အသားငါး၊အသီးအရွက်ထည့်တဲ့ အမှိုက်အစိုနဲ့အတူ ရောထည့်လိုက်ပါတယ်။
ခဏလောက်ထည့်ထားပြီးတဲ့နောက် ပြန်ထုတ်ကာ လျှော်ထားတဲ့ပုံစံနဲ့ ပြန်ပြီးလှန်းထားပေးခဲ့တယ်…

ခင်ပွန်းသည် နောက်နေ့ အလုပ်သွားမယ့်အချိန် mask တပ်လိုက်တဲ့အခါမှာတော့
“ နံလိုက်တာ !!!” လို့ထအော်ပါလေရော….
သဘောကျစရာ လက်စားချေခြင်းပါပဲ…

 

ဖောက်ပြန်နေတဲ့အငယ်အနှောင်းကိုပါ အတူတွေ့ဆုံစေပါ။
ခင်ပွန်းသည်က အသက် ၄၀ ကျော်မယ့်မွေးနေ့နဲ့တောင်နီးနေပါပြီ… အဲ့ဒီမတိုင်ခင်လေးမှာမှ ခင်ပွန်းသည်ဖော်ပြန်နေတဲ့အကြောင်းကို သိလိုက်ရပါတယ်။
သူဖောက်ပြန်နေတဲ့အမျိုးသမီးကလည်း လုပ်ငန်းခွင်ကအမျိုးသမီးဖြစ်နေတယ်..
ဇနီးဖြစ်သူကလည်းအရင်က အလုပ်အတူတူလုပ်ဖူးတာကြောင့် ခင်ပွန်းကိုမသိစေဘဲ မွေးနေ့ပါတီစီစဥ်ပြီး ရုံးကလူတွေကိုဖိတ်လိုက်ပါတယ်။
အဲ့ဒီအထဲမှာလည်း ထိုမိန်းကလေးလည်း ပါဝင်နေတာပေါ့…

အဲ့ဒီနေ့မှာ‌တော့ ခင်ပွန်းသည်ရဲ့အပြုအမှုတွေ သံသယဖြစ်စရာကောင်းနေမယ်မဟုတ်လား…

 

အိပ်ယာခင်းကနေ ငှက်မွေးတွေကိုဖယ်ပါ။
ခင်ပွန်းသည်က မိန်းကလေးတစ်ယောက်နဲ့ တိတ်တိတ်ပုန်းတွေ့နေတာကို သိနေပါပြီ…..
သင်မေးကြည့်မယ်ဆိုရင်တောင် အတန်းဖော်နဲ့ဆွေးနွေးစကားပြောနေတာလေးပါလို့ပဲ ပြောပါတယ်။
ဒါကိုသဘောမကျခဲ့တဲ့ဇနီးသည်က သူမအမျိုးသားအသုံးပြုနေတဲ့ အိပ်ယာခင်းထဲကနေ ငှက်မွေးတွေအားလုံးကိုဖယ်လိုက်ပြီး ပုံမှန်ဝါဂွမ်းကိုပဲထည့်ထားလိုက်ပါတယ်
ဂျပန်ဆောင်းတွင်းရဲ့ အအေးဒဏ်ကို ဝါဂွမ်းပဲဆိုမခံနိုင်တဲ့အတွက် အမျိုးသားကတော့ အေးခဲသွားလောက်မှာပါ…

 

ဖိနပ်ကိုလွှင့်ပစ်ပါ။
ခင်ပွန်းသည်အပြင်ထွက်နေတဲ့အချိန် Line မှာ Incoming call တွေကို တွေ့သွားတဲ့အမျိုးသမီး…
ခင်ပွန်းသည်ဖောက်ပြန်နေတာကို သိသွားပါတယ်။
ဒါပေမဲ့ မပြောဘူး..
သူမရဲ့အမျိုးသားက မကြာမကြာဂေါက်ရိုက်သွားတတ်ပါတယ်။ သို့သော်သိလိုက်ရတာက နေ့လည်ထဲကအမျိုးသမီးတစ်ယောက်နဲ့တွေ့နေတာပဲဖြစ်ပါတယ်။
တစ်ခုသော သောကြာနေ့ည ယောက်ျားဖြစ်သူအိပ်နေတဲ့အချိန် ယောက်ျားရဲ့ဖိနပ်အားလုံးကို အမှိုက်အိတ်ထဲထည့်ပြီး ဝှက်ထားလိုက်ပါတော့တယ်။
ထိုအမျိုးသားဟာ အပတ်တိုင်းစနေနေ့ဆိုအပြင်ထွက်နေကြဖြစ်ပေမဲ့၊ ဘာမှကိုမပြောတော့ဘဲ အဲ့ဒီအတိုင်းအိမ်မှာပဲ နေတော့တယ်တဲ့…

သစ္စာဖောက်ခံလိုက်တဲ့အတွက် ပြန်ပြီးလက်စားချေချင်တာကိုနားလည်ပါတယ်။ ဒီလုပ်ရပ်နဲ့တင်ပြန်ပြီးကျေအေးပေးနိုင်ပါ့မလားဆိုပြီး မေးစရာတွေလည်း ရှိပါတယ်။ သို့သော် အရာအားလုံးကို မေတ္တာနဲ့သာအနိုင်ယူလိုက်ပါ။

ကဲ ဂျပန်အမျိုးသမီးတို့ရဲ့ ကြောက်စရာကောင်းတဲ့လက်စားချေခြင်းကို… ဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: