Corona ထက် ပိုကြောက်ဖို့ကောင်းတဲ့ မိမိကိုယ်ကိုသတ်သေမှု !!!!

ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေပြီး ပျက်စီးမှုတွေကိုဖြစ်စေတဲ့ Corona virusသင်သိတဲ့အတိုင်းပဲ ဂျပန်တွင်ရောဂါကူးစက်ခံရသူပေါင်း ၇၇၀၀၀ ကျော်ရှိနေပါပြီ။ (စက်တင်ဘာ ၁၇၊ ၂၀၂၀ အထိ)

သို့သော် သေဆုံးမှုအရေအတွက်ကိုသင်သိပါသလား?
ဂျပန်နိုင်ငံမှာ Corona ကြောင့် လူပေါင်း ၁,၄၇၃ ယောက်သေဆုံးခဲ့ပါတယ်။အရမ်းကို ဝမ်းနည်းစရာကောင်းတဲ့ကိစ္စပါ။ ​​

ဒါပေမဲ့ဒီကိန်းဂဏန်းတွေက များသလား၊ နည်းသလားဆိုတာကို
ဒီကိန်းဂဏန်းတွေကနေပဲ ဆုံးဖြတ်ဖို့ဆိုတာ ခက်ခဲတယ်လို့ထင်ပါတယ်။
ဘယ်လိုအကြောင်းရင်းကြောင့် လူကိုသေစေတာလဲ?
ဒေတာအချက်အလက်များနှင့်အတူ နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ Corona ရဲ့ အန္တရာယ်ကိုမြင်နိုင်ပါတယ်။

နှစ်စဉ်သေဆုံးသူ (သေဆုံးရသည့်အကြောင်းရင်း)
ကင်ဆာဖြင့်သေဆုံးသူ ၃၇၃,၅၄၇ ဦး
နှလုံးရောဂါဖြင့်သေဆုံးသူ ၂၀၈,၂၁၀ ဦး
အိုမင်းခြင်းကြောင့်သေဆုံးသူ ၁၀၉,၆၀၆ ဦး
ဦးနှောက်သွေးကြောဆိုင်ရာရောဂါကြောင့်သေဆုံးသူ ၁၀၈,၁၆၅ ဦး
အဆုတ်ရောဂါကြောင့်သေဆုံးသူ ၉၄,၆၅၄ ဦး
ယာဉ်တိုက်မှုကြောင့်သေဆုံးသူ ၉,၆၄၅ ဦး
ထို့အပြင်ပုံမှန်တုပ်ကွေးကြောင့် နှစ်စဉ်လူ ၁၀,၀၀၀ ခန့်သေဆုံးလျက်ရှိပါတယ်။

နှစ်သစ်ကူးဆန်ကိတ်မုန့်ကိုစားပြီး သေဆုံးသွားသောလူများလည်းရှိပြီး သူတို့ရဲ့ လည်ချောင်းတွင်နင်ကာ သေဆုံးရသည်မှာနှစ်စဉ်လူ ၁၀၀၀ မှ ၁၅၀၀ အထိရှိပါတယ်။
ဒါတွေဟာ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုဖွံ့ဖြိုးတိုးတက်မှုနှင့် လူတိုင်းမိမိကိုယ်ကိုချုပ်တည်းခြင်းကြောင့်ဖြစ်သော်လည်း အမှန်တကယ်တွင် Coronaကြောင့် သေဆုံးမှုအရေအတွက်မှာကြီးမားခြင်းမရှိပါဘူး။

ဟုတ်ပါတယ်၊ သေဆုံးမှုအရေအတွက်က သုည ဖြစ်သွားရင်တော့ အကောင်းဆုံးပဲပေါ့။
ဒါပေမဲ့အခြားရောဂါများကလည်းရှိနေဆဲပါပဲ။

သို့ပေမယ့် Corona နှင့်ဆက်နွှယ်သောသတင်းများကို နေ့စဉ်နားထောင်ပြီး ထိုသို့မလုပ်ရန်၊ လိုက်နာရန်စည်းကမ်းများကို အထပ်ထပ်သိမြင်ကြားနေရသောအခါ ၎င်းသည် လိုအပ်သည်ထက် ပို၍ အန္တရာယ်ရှိတယ်လို့ ခံစားမိပါတယ်။
ရလဒ်အနေဖြင့် မိမိကိုယ်ကိုသတ်သေမှုအရေအတွက် သိသိသာသာတိုးပွားလာပါတယ်။၂၀၂၀ခုနှစ် သြဂုတ်လမှာ မိမိကိုယ်ကို သတ်သေတာ ၁,၈၄၉ ဦး ရှိပါတယ်။

 

https://www.jaif.or.jp/journal/wp-content/uploads/2020/05/depressed-young-asian-woman-sitting-on-overpass-at-train-station-negative-attitude-suicide-prevention_t20_oRPmYW-300×185.jpg

 

ပြီးခဲ့သည့်မနှစ်က သြဂုတ်လနှင့်နှိုင်းယှဉ်ပါက သတ်သေတာ ဟာ လူ ၂၄၆ ယောက်ထပ်တိုးလာပါတယ်။
Corona ရဲ့ ချုပ်တည်းမှုကြောင့် ကမ္ဘာ့စီးပွားရေးဟာ မကြုံစဖူးလောက်တဲ့ စီးပွားရေးကျဆင်းမှုသို့ကျဆင်းခဲ့ရတယ်။
ကုမ္ပဏီတစ်ခုပြီးတစ်ခုဒေဝါလီခံရတယ်။
ရလဒ်ကတော့ သတ်သေမှုမြင့်တက်လာခြင်းပါပဲ။

ပြီးခဲ့တဲ့ ခြောက်လတာ ကာလအတွင်း Coronaကြောင့် သေဆုံးခြင်းထက် မိမိကိုယ်ကိုသတ်သေမှုပိုများပါသလား။ ??
ထို့အပြင် ထိုကဲ့သို့သောအဖြစ်အပျက်လည်းဖြစ်ပွားခဲ့ပါတယ်။Iwate စီရင်စုဟာ ရောဂါကူးစက်ခံထားရသူများ လုံးဝလုံးဝ အနည်းဆုံးအထိ မထွက်လာနိုင်တဲ့ စီရင်စုတစ်ခုဖြစ်ပါတယ်။

ရောဂါကူးစက်ခံထားရသူအရေအတွက်မှာနည်းနေဆဲဖြစ်သော်လည်း ဆန့်ကျင်ဘက်အားဖြင့်မိမိကိုယ်ကိုသတ်သေစေခဲ့တဲ့အမှုကိုဖြစ်စေခဲ့ရပါတယ်။
Iwate စီရင်စုတွင် Corona ကူးစက်ခံရပါက သင့်ပတ်၀န်းကျင်ရှိလူများက သင့်ကိုခွဲခြားဆက်ဆံမှာဖြစ်ပါတယ်။
“ ဒီအိမ်မှာ Coronaတဲ့ …”စသဖြင့် ကောလာဟလများပျံ့နှံ့သွားပြီး Corona ရောဂါကူးစက်ခံထားရသော သားရဲ့မိခင်ဖြစ်သူမှာ အခြားပြည်သူတွေကိုစိတ်ပူမိကာ မိမိကိုယ်ကိုသတ်သေခဲ့ပါတယ်။

ထို့အပြင် Iwate စီရင်စုမှာ Corona‌ ကူးစက်ခံထားရသောအမျိုးသမီးတစ်ဦးသည် သူမရဲ့ ပတ်၀ န်းကျင်က မျက်လုံးများကို စိုးရိမ်သောကြောင့်ပျောက်ကွယ်သွားပုံရပါတယ်။
ရှာဖွေလို့မရသေးသော်လည်း မိမိကိုယ်ကို သတ်သေမှုဖြစ်ဖို့များတယ်ဆိုတဲ့ ခန့်မှန်းခြေရှိပါတယ်။
ပြန့်ပွားမှုကိုကာကွယ်ရန်သတိထားရန်အရေးကြီးပါတယ်၊၊

သို့သော် စိုးရိမ်မှုက အလွန်အကျွံဖြစ်သွားတဲ့အခါမှာတော့ အလွန်ဝမ်းနည်းဖွယ်ရာ ဆိုးကျိုးများဖြစ်စေနိုင်ပါတယ်။
Coronaကြောင့် သေဆုံးမှုအရေအတွက်ကိုသာကြည့်ပါက ၎င်းသည်အလွန်များပြားသောအရေအတွက်ဖြစ်သော်လည်း ဂျပန်တွင်တော့ သိပ်မများလှပါဘူး။
ယာဉ်မတော်တဆမှုကြောင့်သေဆုံးရတာက ၇ ဆခန့်တောင် ပိုမိုများပြားပါတယ်။ အဲဒါကြောင့်ဆိုပြီး အပြင်ထွက်ဖို့တားမြစ်ထားတာရှိပါသလား?

Mochi ဆန်မုန့် ကိုစားပြီးနောက် သေဆုံးရသူအရေအတွက်သည် Coronaကြောင့်သေဆုံးရတဲ့အရေအတွက်နှင့်များစွာကွဲပြားမှုမရှိသောကြောင့် Mochi ရောင်းချခြင်းကိုတားမြစ်ထားပါသလား?
ပြောချင်တာက ဒီလိုပါ။Corona virusကူးစက်မှု က ချက်ချင်းသုညသို့ရောက်မသွားပါဘူး။
ပထမဦးစွာ တစ်ဦးချင်း နီးနီးကပ်ကပ်မနေဖို့ကိုသတိပြုရန်လိုအပ်ပေမယ့် နှလုံးသားချင်းတော့ နီးစပ်နေစေချင်ပါတယ်။ ကူညီဖေးမစေချင်ပါတယ်။

လိုအပ်တာထက်ပိုပြီး သတိပြုလွန်ရင်တော့ အလွန်စိတ်လှုပ်ရှားပူပန်မှုတွေကတစ်ဆင့် ပတ်ဝန်းကျင်နဲ့ ဝေးတဲ့နေရာကို ထွက်သွားမယ်ဆိုပြီး ရှောင်ကြဉ်လျှင်တော့ စီးပွားရေးကိုကျဆင်းမှုကို ပြောင်းလဲနိုင်မှာမဟုတ်ပါ။
ထိုမှတစ်ဆင့် မိမိကိုယ်ကိုသတ်သေမှုအရေအတွက်တိုးလာမှာပါ။

ဒီအရာက Corona ထက်ပိုဆိုးတယ်လို့ထင်ပါတယ်။
လူတိုင်းလူတိုင်း လိုတာထက်ပိုပြီး စိုးရိမ်ပူပန်မှုအလွန်အကျူးမဖြစ်စေဖို့နဲ့ အချင်းချင်း ကူညီဖေးမကာ အလုံအလောက်စောင့်ရှောက်မှုနှင့်အတူ အတန်အသင့်သာ သတိပြုစေချင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: