ကြောက်စရာကောင်းလွန်းတဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးခေါင်းစွပ် !!!!

၉ လပိုင်းဟာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလဖြစ်ပါတယ်။
အရေးပေါ်အစားအစာနှင့်လက်နှိပ်ဓာတ်မီးအပြင် အချို့သောလူတွေဟာဘေးအန္တရာယ်ကာကွယ်ရေးခေါင်းစွပ်တွေကိုပါ ပြင်ဆင်ထားကြပါတယ်။

သို့သော် ဒီလိုဘေးအန္တရာယ်ကာကွယ်ရေး ခေါင်းစွပ်ဆိုရင်ရော…

အိတ်ထဲမှာဘာကြီးမှန်းမသိ ဝင်နေတဲ့ပုံစံမျိုးနဲ့..ကြောက်စရာဓါတ်ပုံ
လူတစ်ယောက် ကာကွယ်ရေးခေါင်းစွပ်ဆောင်းထားတဲ့ပုံစံပဲနော်…..

ရုတ်တရက်ကြည့်လိုက်ရင် နှလုံးတောင်ရပ်သွားနိုင်လောက်ပါတယ်…

ဒီပုံတင်လိုက်တဲ့လူကတော့ (momodazoooi)さんဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး Fukushima စီရင်စုရဲ့အထူးထွက်ကုန်ဖြစ်တဲ့ မက်မွန်သီးကိုပုံဖော်ထားတာပါတဲ့…

 

https://grapee.jp/wp-content/uploads/64351_main01.jpg

မက်မွန်းသီးလိုမျိုး ပြောင်ချောနေတဲ့မျက်နှာလေးကနေ ခြေလက်တွေလည်းထွက်နေတယ်။
Fukushima ဒေသရဲ့စကားတစ်ခုမှာတော့ “ dazoi” ဆိုတာကတော့ “ is” လို့အဓိပ္ပါယ်ရလို့ “ momodazoi” လို့ပြောလိုက်ရင် မိုမိုဆိုတဲ့ မက်မွန်သီးကိုပဲပြောခြင်းဖြစ်ပါတယ်။

ဓါတ်ပုံထဲကအတိုင်းဆို မက်မွန်သီးအကြီးက မက်မွန်သီးအသေးဆီက အိတ်ကိုလုပြီး ဘေးအန္တရာယ်ကာကွယ်ရေးခေါင်းစွပ်အဖြစ်ဆောင်းထားတာကိုတွေ့နိုင်ပါတယ်။ မျက်နှာကလည်းကြောက်နေတဲ့ပုံစံနဲ့…
ဒီဓါတ်ပုံမြင်လိုက်သူအပေါင်းကလည်း ထိန့်လန့်သွားရပါတယ်…

သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားဖို့သတိပေးနေမယ့် “ Momodazoi” ဓါတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။
ဒါကြောင့် ဂျပန်ရောက်နေသူများအားလုံးကို ၉ လပိုင်းထဲမှာ ဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းများကို ပြန်လည်ကြည့်ထားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: