Shinto ဆိုတာဘာလဲ? ဂျပန်လူမျိုးတွေယုံကြည်ကြတဲ့ Shinto ဆိုတာ ဗုဒ္ဓဘာသာလာ?

သစ်သားနဲ့ဆောက်လုပ်တဲ့အဆောက်အဦးတွေဟာ အဓိကဘုန်းကြီးကျောင်းပါ။ နောက်ပြီး သစ်ပင်ကြီးဆိုရင်တော့ အဓိကနတ်ကွန်းပဲပေါ့…
ဘယ်အရာပဲဖြစ်ဖြစ်ဂျပန်ဆန်ပြီး လှပတဲ့ပုံရိပ်ဖြစ်ပေမဲ့… ဘုန်းကြီးကျောင်းနဲ့နတ်ကွန်းရဲ့ မတူကွဲပြားမှုကို စာဖတ်သူတို့သိထားပြီးပြီလား?

ဘုန်းကြီးကျောင်း = ဗုဒ္ဓဘာသာ
နတ်ကွန်း = Shinto
ဘုရားကျောင်း = ခရစ်ယာန်

ဆိုတဲ့မတူညီတဲ့ပုံစံက ဘာသာရေးနဲ့အဆောက်အအုံတို့ရဲ့ ဆက်နွယ်မှုဖြစ်ပါတယ်။
အခုတစ်ကြိမ်ကတော့ နတ်ကွန်း၊ Shinto ရဲ့အယူအဆကိုအဓိကထားပြီး ပြောပြသွားပါမယ်။

ဂျပန်ရဲ့အထူးဘာသာရေးဖြစ်တဲ့ Shinto မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ထူးခြားချက်တွေ များစွာရှိပါတယ်။
ပထဆုံး ဒီဘာသာရေးကိုအစပြုလိုက်တဲ့ အဖွဲ့အစည်း/တည်ထောင်သူ မရှိပါဘူး။
ဗဟိုလူမရှိတဲ့ဘာသာရေးဆိုတော့ တော်တော်လေးတွေ့ရခဲတယ်နော်..

နောက်ပြီး ပညတ်စာတို့ကျမ်းစာတို့လည်းမရှိပါဘူး။
ဗုဒ္ဓဘာသာမှာရော၊ ခရစ်ယာန်ဘာသာမှာပါ မေတ္တာသုတ်တို့ ကျမ်းစာအုပ်တို့အစရှိတဲ့ သင်ကြားပို့ချပေးတဲ့စာတွေရှိပေမဲ့ Shinto မှာတော့မရှိပါဘူး။

ဘုရားပုံသဏ္ဍာန်ကလည်းတိတိကျကျမရှိဘဲ၊ သဘာဝတရားကိုကိုးကွယ်ခြင်းဖြစ်တဲ့ တောင်၊ ကျောက်တုံး၊ မီးလျှံ၊ ရေ၊ စတဲ့အမျိုးမျိုးသောနေရာမှာ ဘုရားရှိတယ်လို့သင်ကြားပါတယ်။
ဘုရားရှစ်သန်းရှိတယ်လို့ပြောကြပေမဲ့ တကယ်ကဘုရားပေါင်း ရှစ်သန်းရှိတာကိုဆိုလိုတာမဟုတ်ဘဲ၊ မရေမတွက်နိုင်အောင်အများအပြားရှိတယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။
နောက်ပြီး အဲ့ဒီသဘာဝတရားကိုးကွယ်ခြင်းမှာ ဘိုးဘေးတို့ရဲ့ဝိညာဥ်ကိုတိုင်တည်ပြီးလည်း ဆုတောင်းကြပါတယ်။

ဂျပန်မှာတော့ အထူးတလည်လေ့လာကြတယ်လို့မဟုတ်ဘဲ၊ နေစဥ်ဘဝထဲမှာပါဝင်နေတဲ့ Shinto နဲ့ထိတွေ့ကြပါတယ်။
ဒါဟာအခြားသောသာသာများနဲ့မတူကွဲပြားပြီး သဘာဝနဲ့ထိတွေ့နေတာကြောင့်ဂျပန်လူမျိုးအများစုဟာ ကိုယ့်ကိုကိုယ်ဘာသာမဲ့လို့ယူဆကြပါတယ်။
အဲ့ဒီလိုမဟုတ်ဘဲ လူအများစုရဲ့စိတ်ထဲမှာတော့ Shinto ဟာအခိုင်အမာတည်ဆောက်ထားတယ်။

ဂျပန်မှာ ဗုဒ္ဓဘာသာစပြီးဝင်ရောက်လာတာဟာ ၆ ရာစုနှစ်ကဖြစ်ပါတယ်။
ဘာသာရေးအသစ်ဝင်ရောက်လာတဲ့အချိန်ရဲ့တုံ့ပြန်မှုဟာ အရမ်းကိုထူးခြားပြီး၊ Shinto နဲ့ဗုဒ္ဓဘာသာအကြားသဟဇာတဖြစ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စိတ်ဝင်စားစရာကိစ္စလည်းဖြစ်ပေါ်ခဲ့ပါတယ်။

ဧကရာဇ်စနစ်ဆိုတာက Shinto ကိုဗဟိုပြုထားခြင်းပါပဲ..။
နောက်ပြီးနှစ်တစ်နှစ်ရဲ့ပထမဆုံးလမှာတော့ နတ်ကွန်းဆီသွားပြီးနတ်ဘုရားမှာဆုတောင်းမှုပြုကာ သေတဲ့အချိန်ကျရင်တော့ ဗုဒ္ဓသာသာဘုန်းကြီးကျောင်းသို့သွားပါတယ်။

ဒီလိုတစ်သတ်မှတ်တည်းခွဲခြားထားမှုရှိပါတယ်။
Shinto မှာတော့ အသုဘအခမ်းအနားမကျင်းပဘူးလို့မဟုတ်ပေမဲ့ ရှားပါတယ်။

 

https://jbpress.ismedia.jp/articles/-/62063

 

Shinto မှာတော့ သေဆုံးခြင်းကိုမုန်တီးကြတယ်။
ဘုန်းကြီးကျောင်းမှာ သင်္ချိုင်းအုတ်ဂူဆောက်လုပ်နိုင်ကြပေမဲ့၊ နတ်ကွန်းမှာတော့ အုတ်ဂူဆိုတာမရှိပါဘူး။
ဗုဒ္ဓဘာသာမှာတော့ သေခြင်းဟာဘဝတစ်ပါးသို့ကူးပြောင်းသွားပြီး ကောင်းရာသုဂတိလားတယ်လို့အဓိပ္ပါယ်ရပေမဲ့၊ Shinto မှာတော့ သေဆုံးခြင်းဟာမသန့်ရှင်းတဲ့အရာလို့ အဓိပ္ပါယ်ရပါတယ်။

Shinto ထဲမှာလည်း နာမည်အကြီးဆုံးဖြစ်ပြီး၊ လက်ရှိဧကရာဇ်ရဲ့ဘိုးဘေးဖြစ်တဲ့ 天照大神 Amaterasu Omikami ဟာ နေမင်းရဲ့သင်္ကေတဖြစ်ပါတယ်။
ထိုပုဂ္ဂိုလ်ရဲ့နေရောင်အလင်းမရောက်ရှိတဲ့ အမှောင်လောကမှာ သေဆုံးသူတို့ရဲ့နိုင်ငံရှိတယ်လို့မှတ်ယူကြပါတယ်။

ဒီအယူအဆကနေ အရင်ဂျပန်ဟာ နတ်ကွန်းကနတ်ဘုရားမှာဆုတောင်းတဲ့နေရာ၊
ဘုန်းကြီးကျောင်းကတော့ ဟာဘာသာရေးသာလျှင်မဟုတ်ဘဲ လူတွေရဲ့ဘဝနဲ့သေခြင်းကိုမှတ်တမ်းတင်တဲ့နေရာအဖြစ်လုပ်ဆောင်ပေးတယ်လို့ သတ်မှတ်လာကြပါတယ်။

ဒါဆို သေခြင်းကိုရွံရှာမုန်းတီးတဲ့ Shinto မှာတော့ သေဆုံးသူတွေကိုဘယ်လိုလုပ်ပါသလဲ? လို့ဆိုရရင် ကျွန်တော်တို့အသက်ရှင်နေတဲ့လူသားတွေဟာ ဘိုးဘေးတွေကိုအောက်မေ့ဖို့အတွက်ဆုတောင်းမှုပြုသွားနေမယ်ဆိုရင် ၃၃ နှစ်မှာ ဘုရားဖြစ်လာမယ်လို့ပြောကြပါတယ်။
အဲ့ဒီလိုပြော၍မကုန်နိုင်သောဘုရားပေါင်း ၈ သန်းမှာတစ်ပါးအပါအဝင်ဖြစ်လာပါမယ်။
နောက်ပြီး Shinto ရဲ့ဘုရားဟာ နေရာဒေသတစ်ခုတွင်နေထိုင်ပြီး ထိုနယ်မြေကိုအထောက်အကူပြုပေးပါတယ်။

ဥပမာတောင်ပေါ်မှာဘုရားအဖြစ်နေထိုင်ပြီး သားစဥ်မြေးဆက်ရဲ့ကြွယ်ဝမှုကိုစောင့်ရှောက်ပေးတယ်။ ဒါကြောင့်နတ်ကွန်းဟာ တောင်စောင်းပေါ်မှာရှိကြတာများပါတယ်။

ဆာမူရိုင်းခေတ်ကုန်သွားပြီး ခေတ်သစ်ဖြစ်တဲ့ Meiji ခေတ်ကိုရောက်လာတဲ့အခါ အဲ့ဒီအချိန်ရဲ့အစိုးရဟာ ဧကရာဇ်ကိုဗဟိုပြုတဲ့ခိုင်မာတဲ့ပေါင်းစည်းမှုရှိသောတိုင်းပြည်ဖြစ်ဖို့မျှော်မှန်းကာ အနောက်နိုင်ငံများနဲ့တန်းတူဖြစ်ဖို့ ကြိုးစားလာခဲ့ပါတယ်။
အဲ့ဒီအထဲမှာ ပေါင်းစည်းထားတဲ့ Shinto နဲ့ ဗုဒ္ဓဘာသာကိုခွဲခြားလိုက်ကာ၊ အသုဘပွဲဟာလည်း Shinto ပုံစံနဲ့အစပြုလာခဲ့ပါတယ်။
1872 ခုနှစ်မှာ Shinto ပုံစံအတွက်လုပ်ခဲ့တဲ့ သင်္ချိုင်းမြေဟာ၊ လက်ရှိလည်းတိုကျိုမြို့ထဲမှာရှိတဲ့ Aoyama သုသာန်ပဲဖြစ်ပါတယ်။

ဒါပေမဲ့ Shinto တစ်ခုတည်းကိုပဲ အတင်းအကျပ်ကြိုးစားခိုင်းတဲ့အစိုးရရဲ့နည်းလမ်းဟာ မထိုးဖောက်နိုင်ဘဲ၊ နောက်ဆုံးမှာအရင်လိုပဲ ဗုဒ္ဓဘာသာနဲ့အတူပြန်ရောနှောသွားပါတယ်။

နောက်ပြီးခရစ်ယာန်ဘာသာယဥ်ကျေးမှုလည်းဝင်ရောက်လာပြီး၊
မွေးဖွားတဲ့အချိန် နတ်ကွန်းသို့သွားကာ နတ်ဘုရားဆီမိတ်ဆက်မှုပြုတယ်၊
နှစ်သစ်အစ နတ်ကွန်းမှာရှိတဲ့နတ်ဘုရားသို့သွားဆုတောင်းတယ်။
Obon အတွက်တော့ ဗုဒ္ဓဘာသာနည်းလမ်းနဲ့ ဘုန်းကြီးကျောင်းရှိအုတ်ဂူကနေဘိုးဘွားကိုအိမ်သို့ပြန်လည်ခေါ်ဆောင်လာတယ်။
Halloween ဆိုလည်း အကြီးအကျယ်ကျင်းပကြပါတယ်။ သို့သော်ဘာအတွက်ကျင်းပလဲဆိုတော့ မသိကြပါဘူး။
Christmas ကျတော့ ကြက်ကြော် စားကြပါတယ်။
နောက်ပြီး သေဆုံးပြီးဆိုရင်တော့ ဘုန်းကြီးကျောင်းရဲ့အုတ်ဂူမှာထည့်သွင်းကြပါတယ်။

ဒီလောက်အထိ ရောနှောနေတယ်ဆိုတော့ “ သင်ဘယ်ဘာသာကိုယုံကြည်တာလဲ?” ဆိုတဲ့မေးခွန်းအတွက် အဖြေမရှိသလိုဖြစ်သွားပါတယ်။
သို့သော် ဘယ်လောက်အထိပဲသွားသွား သေချာပေါက်ဂျပန်လူမျိုးတို့ရဲ့စိတ်ထဲမှာတော့ Shinto ရဲ့အယူအဆဖြစ်တဲ့ သဘာဝတရားနဲ့ဘိုးဘေးတို့ရဲ့ကျေးဇူးအောက်မေ့တယ်ဆိုတာကို တွေ့ရပါတယ်။

ဘာသာမဲ့လုံးဝမဟုတ်ပေမဲ့ မိမိမှာဘာသာတရားမရှိဘူးလို့တွေးကြတဲ့ဂျပန်လူမျိုးတွေရဲ့ အသိဟာ ဒီသမိုင်းနောက်ခံကနေ ဆင်းသက်လာလို့ပဲဖြစ်ပါတယ်။….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: