ကိုဗစ်ကာလအတွင်း AI camera တွေနဲ့ အလုပ်လုပ်နေပြီးဖြစ်တဲ့ Trial ဈေးဝယ်စင်တာကြီး !!!!

ကိုရိုနာကြောင့် နေထိုင်မှုပုံစံအသစ်တွေဖြစ်လာနိုင်ချေရှိပါတယ်။ ဈေးဝယ်ထွက်ချိန် ငွေရှင်းကောင်တာအနီးအနားမှာ လူတွေသွားစုနေတတ်တာကြောင့် ကောင်တာကိုဖြတ်စရာမလိုဘဲ၊ ထိတွေ့မှုကိုလည်ရှောင်ရှားနိုင်တဲ့ စူပါဟာ လက်ရှိနာမည်ကြီးနေပါတယ်။

Chiba မြို့မှာ ၂၄ နာရီလုံးဖွင့်တဲ့ စူပါမားကတ်ကြီးတစ်ခုရှိပါတယ်။ အထဲကိုကြည့်လိုက်ရင် နည်းနည်းပြောင်းလဲသွားတာကို သိလိုက်ပါသလား?
လက်ရှိ “ non-contact” ဆိုပြီးခေါင်းစဥ်တပ်ထားတဲ့ ဈေးဝယ်ခြင်းကြီးပါ….

ကြိုတင်ဝယ်ယူထားတဲ့ Prepaid card ကိုခြင်းမှာပါတဲ့ tablet မှာ ဖတ်လိုက်ပြီး သူကတွက်ချက်နေမယ်။
ပြီးရင်တော့ မိမိဝယ်မယ့်ပစ္စည်းရဲ့ barcode ကို Scan ဖတ်ပြီး ခြင်းတောင်းထဲထည့်လိုက်ရုံပါပဲ…
အားလုံးရွေးပြီးပြီဆိုရင် check button ကိုနှိပ်ရမယ်။
ဝယ်တာကျန်ခဲ့တာရှိမရှိခဏစစ်ဆေးပြီး သီးသန့်ဂိတ်ကနေဖြတ်သွားရုံပါပဲ…

 

တကယ်တော့ ကောင်တာကလူတွေသွားစုနေတတ်တဲ့နေရာပါ။
ငွေရှင်းတဲ့အချိန် ထိတွေ့မှုလည်းမရှိနိုင်တော့ဘူးဆိုတော့ ဆိုင်အတွက်ရော ဈေးဝယ်သူတွေအတွက်ပါ လုံခြုံစိတ်ချရပါတယ်…
ဒီစနစ်လေး.. သဘောကျဖို့ကောင်းပါတယ်။
နောက်ပိုင်း ဒီစနစ်ကအသားကျသွားနိုင်ပါတယ်။

Trial ဈေးဝယ်စင်တာကုမ္ပဏီရဲ့ ပြောခွင့်ဆိုခွင့်တာဝန်ရှိသူ Daisuke Noda စံဟာ “ ကိုဗစ်ကာလမှာ အဆင်ပြေစွာနဲ့ဈေးဝယ်နိုင်ရမယ်။ စက်တွေနဲ့အစားထိုးရမယ်ဆိုလည်း နောက်ပိုင်းတစ်ဖြည်ဖြည်း အစားထိုးသွားဖို့ရှိပါတယ်။ လူလုပ်ရမယ့်အပိုင်းဆိုရင်တော့ လူနဲ့လုပ်သွားမယ်။ ဒါကိုတွင်တွင်ကျယ်ကျယ်ဖြစ်လာဖို့ မျှော်မှန်းပါတယ်” လို့ဖြေကြားသွားခဲ့ပါတယ်။

နောက်ပြီး ဆိုင်ထဲမှာ AI (artificial intelligence) camera အလုံးပေါင်း ၇၀၀ တပ်ဆင်ထားပါတယ်။
ဈေးဝယ်သူတွေရဲ့အသွားအလာ၊ ကုန်ပစ္စည်းတွေရဲ့ stock အခြေအနေတွေကိုစစ်ဆေးပြီး ကိုဗစ်ရဲ့ရေစီးကြောင်းနဲ့အတူလိုက်ပြီး ဆိုင်ကိုစီမံခန့်ခွဲသွားဖို့ ‌ရည်မှန်းထားပါတယ်လို့လည်း သိရပါတယ်။ ….

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်အတွက်တရားဝင်ဆေးလက်ဝယ်မရနိုင်သေးပါဘူး…ဘယ်‌လောက်အတိုင်းအတာထိသွားမလဲမသိနိုင်သေးတဲ့အချိန်အတွင်းမှာပဲ Trial ဈေးဝယ်စင်တာကြီးကတော့ AI (artificial intelligence) camera တွေနဲ့အလုပ်လုပ်နေပါပြီ…
အသုံးပြုသူတွေအတွက်အရမ်းကိုအဆင်ပြေလို့ သဘောကျနှစ်သက်ရသလို၊… အနာဂတ်မှာ လူသားတွေနေရာမှာ စက်ရုပ်တွေအစားထိုးလာလိမ့်မလား… အလုပ်အကိုင်တွေရှားပါးသွားမလား.. ဆိုတဲ့စိုးရိမ်မှုရေမှတ်ကလည်းရှိနေပြန်ပါတယ်….

ဘာပဲပြောပြော နည်းပညာထွန်းကားလာတဲ့ခေတ်ကြီးမှာ လူသားတွေပိုပြီးအဆင်ချောမွေ့တဲ့ဘဝသို့ ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: