“ Mask Vending machine” နဲ့အအေးခံထားတဲ့ Mask များရရှိနေပြီ !!!!

ကိုရိုနာနဲ့အတူ နောက်တစ်ကျော့ပြန်ရောက်လာတဲ့ ၂၀၂၀ ဂျပန်နွေရာသီ…
ဒီလိုပူလောင်တဲ့နွေရာသီမှာ Mask တပ်ထားရတော့ ပိုပြီးပူလောင်စိတ်ညစ်ကြတဲ့လူတွေအများကြီးရှိကြမှာပဲမဟုတ်လား။
အဲ့ဒီအထဲမှာတော့ နာမည်ကြီးလူပြောများလာတာကတော့ “ Mask Vending machine” ပဲဖြစ်ပါတယ်။

https://grapee.jp/wp-content/uploads/63881_01.jpg

Okayama စီရင်စု, Kurashiki မြို့ Kojima ရပ်ကွက်ရဲ့ “ Kojima Jeans Street” မှာတော့ ၅ လပိုင်းကနေစပြီး “ အအေးခံထားတဲ့ Mask” တွေကိုဝယ်နိုင်တဲ့ Vending machine ကိုချထားပေးခဲ့ပါတယ်။

“ နွေရာသီ Mask ရောက်ပါပြီ” ဆိုတဲ့ လက်ကမ်းစာရွက်နဲ့အတူ၊ အဖြူရောင်အပြင်ရောင်စုံလှပတဲ့ Mask တွေထည့်ထားတဲ့ Vending machine ပဲဖြစ်ပါတယ်။
ဒီလိုပုံစံကို ကားထိုင်ခုံချုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Shibuya store ကအစပြုလိုက်တာပဲဖြစ်ပါတယ်။

ဒီလိုနွေရာသီမှာ “ Mask vending machine” ကတော့ လူတွေရဲ့စိတ်ဝင်စားမှုကို ပိုပြီးရရှိခဲ့ပါတယ်။
ဒီ “ Mask vending machine” ဖြစ်လာပုံကို ကုမ္ပဏီသူဌေးဖြစ်တဲ့ Mr. Toshio Shibuya ကိုမေးကြည့်လိုက်တဲ့အခါမှာတော့ …

https://grapee.jp/wp-content/uploads/63881_02.jpg

ပထမကတော့ ရောင်းချဖို့မစဥ်းစားခဲ့ပါဘူး။
သို့သော် ၃ လပိုင်းကိုဝင်လာပြီး Mask လုံးဝပြတ်သွားတဲ့အခြေအနေနဲ့ကြုံရတာကြောင့် “ ကိုယ်တိုင်ချုပ်မယ်” ဆိုပြီးအစပြုခဲ့ပါတယ်။
အစပိုင်းက ဝန်ထမ်းအတွေနဲ့မိသားစုအတွက်ပဲ လုပ်ခဲ့တာပါတဲ့…
အဲ့ဒီလိုနဲ့ ပတ်ဝန်းကျင်မှာလည်း Mask မရှိလို့ ဒုက္ခရောက်နေကြသူတွေအများကြီးပဲ… ဘာပဲဖြစ်ဖြစ်ချုပ်ပြီး အခမဲ့ဝေမယ်ဆိုပြီး စိတ်ကူးရခဲ့တာပါလို့ ပြောလာပါတယ်။
အဲ့ဒီမှာပဲ Mask အခု ၁၀၀၀ ချုပ်ပြီး အိုကယာမစီရင်စုမှာ သူဟာလှူဒါန်းခဲ့ပါတယ်။

ဒီ vending machine ထဲထည့်ပြီး Mask ရောင်းချတာနဲ့ပတ်သက်ပြီး အိုင်ဒီယာရခဲ့တာကတော့ …
“ ၄ လပိုင်းထဲဝင်လာတဲ့အခါ Mask တွေကအရမ်းပူတာပဲ !မျက်နှာရေနွေးနဲ့ပေါင်းထားရသလိုပဲ!ဆိုပြီးအခက်အခဲလေးတွေကြားလာရတာကြောင့် ကဲ..ဒါဆိုနွေရာသီသုံးအတွက် ပြန်လည်ဒီဇိုင်းဆွဲထုတ်လုပ်မယ်ဆိုပြီး အစပြုခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်ကဈေးရောင်းရတာနဲ့ပတ်သက်ပြီးအတွေ့အကြုံသိပ်မရှိဘူးဗျ။ “ ဘယ်လိုလုပ်ရင်ကောင်းမလဲ” လို့စဥ်းစားရင်းနဲ့
“ Kojima Jeans Street” မှာ အလုပ်သွားအလုပ်ပြန်ကြတဲ့လူတွေကများတော့ ဆိုင်ဖွင့်ဖို့တော့မဖြစ်နိုင်ဘူး..ဒါဆို vending machine ထားကြည့်လိုက်မယ်… အမျိုးအစားစုံစုံလင်လင်လည်းထည့်မယ်ဆိုပြီး…. vending machine အလယ်အလတ် တစ်လုံးဝယ်ပြီးစလိုက်တာပါလို့….ပြောပြပေးပါတယ်။

https://grapee.jp/wp-content/uploads/63881_03.jpg

Mask ကိုပုလင်းထဲထည့်ပြီးတန်းစီထားတယ်။
အပူချိန်ကိုတော့ 5℃ လောက်ထားထားတာကြောင့် ဝတ်လိုက်တဲ့အချိန်မှာတော့ အေးသွားစေမှာဖြစ်ပါတယ်။
အရင်က တစ်ရက်ကိုအခု ၂၀ လောက်ရောင်းရပြီး…နောက်ပိုင်း Twitter တွေမှာပါလူသိများလာတဲ့အခါမှာတော့ တစ်နိုင်ငံလုံးနီးပါးသိသွားပြီး ဓါတ်ပုံလာရိုက်ကြတယ် လာဝယ်ကြတယ်။
ခုနောက်ပိုင်းဆို vending machine နဲ့ ၁ ရက်ကို အခု ၈၀၀ လောက်ရောင်းရပါတယ်။ ၁ နာရီခွဲလောက် ၁ ကြိမ်ပစ္စည်းပြန်မထည့်ရင်တော့ မလျင်မမီသလောက်ရှိတယ်လို့လည်း သိရပါတယ်။…

https://grapee.jp/wp-content/uploads/63881_04.jpg

ကဲ.. အခုလိုပူလောင်တဲ့ရက်တွေမှာ အရေးကြီးအပြင်ထွက်စရာလည်းရှိ၊ ပူကလည်းပူဆို ဘယ်သူမှ Mask မတပ်ချင်ကြဘူးနော်..
ဒီလိုကိစ္စတွေဖြေရှင်းဖို့ အအေးခံထားတဲ့ Mask တွေကတော့ အိုကယာမမှာရနေပါပြီ….
မြန်မာနိုင်ငံမှာလည်း “ Mask vending machine” ရှိလာမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းမှာပဲလို့ တွေးမိပါတယ်။…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: