ဇိမ်ခံ sports car စီးလိုက်ရင် popular ဖြစ်သွားနိုင်ချေရှိလား ?

ဂျပန်ထုတ်ကားတွေမှာ နေ့စဥ်သုံးကားတွေကပိုများသလို၊ sports cars အနည်းငယ်လည်းပါဝင်ပါတယ်။
sports cars မှာတော့အမျိုးအစားအနည်းငယ်နဲ့အတူ အင်ဂျင်ပါဝါအသင့်အတင့်ရှိပါတယ်။
အမျိုးသားအများစုအတွက်တော့ Ferrari လိုမျိုးနိုင်ငံခြားထုတ် ဇိမ်ခံ sports cars ဆိုတာ ကလေးဘဝကပင် အားကျခဲ့ကြတာချည်းပဲဖြစ်ပါတယ်။

တစ်နေ့နေ့တစ်ချိန်ချိန် သူဌေးဖြစ်လာတဲ့အခါ Ferrari ဝယ်ပြီး မိန်းကလေးချောချောလေးကို တင်ပြီးစီးမယ် !

လို့ တကယ့်စိတ်အမှန်နဲ့တွေးခဲ့တဲ့အမျိုးသားတွေ မနည်းဘူးရှိမှာပါ….

https://beauty-men.jp/111578

သွေးတက်စရာကောင်းလောက်အောင် ဈေးကလည်းမြောက်ပါတယ်။ နောက်ပြီးအထုတ်အပိုးတွေလည်း သိပ်ပြီးတင်လို့မရသလို၊ လူ ၂ ယောက်သာလျှင်စီးနိုင်တဲ့ ဇိမ်ခံကားဖြစ်ပါတယ်။
300km/h နဲ့ထွက်တယ် ! လို့ပြောကြပေမဲ့၊ အဲ့ဒီလောက်အမြန်နဲ့တော့ ဂျပန်ရဲ့လမ်းမမှာစီးခွင့်မရှိပါဘူး…

နေ့စဥ်ဘဝမှာ သိပ်ပြီးအသုံးဝင်မှုမရှိတဲ့ ဒီ sports car အတွက် ငွေအကုန်ခံတယ်ဆိုတော့ သေချာပေါက်သူဌေးတွေပဲဖြစ်မှာပါ….
ဆိုလိုတာကတော့ ဒီလိုကားကိုစီးလိုက်မယ်ဆို မိန်းကလေးတွေကြား popular ဖြစ်သွားမယ်မဟုတ်လားလို့ အမျိုးသားတွေဟာတွေးတတ်ကြလို့ပဲဖြစ်ပါတယ်။

ဒါဆို အမှန်တကယ်ကရော မိန်းကလေးတွေရဲ့အမြင်မှာအဲ့ဒီအတိုင်းပဲလာ?
ဂျပန်လူမျိုး မိန်းကလေးတွေကို အင်တာဗျူးကြည့်ခဲ့ပါတယ်။

ယောက်ျားလေးတွေကိုစီးစေချင်တဲ့ကား ?

ပြည်တွင်းထုတ်ကားကို စီးချင်ကြပုံရပါတယ်။
sports car သာလျှင်မဟုတ်ဘဲ BMW နဲ့ Mercedes တွေရော မရဘူးလာ?

စီးစေချင်တဲ့ကားအမျိုးအစား?

SUV, minivans က ပိုပြီးများနေတယ်။
အထုတ်အပိုးတွေအများကြီးတင်စီးနိုင်လို့ပဲနော်… အမျိုးသမီးတွေက နေစဥ်ဘဝအတွက်လိုအပ်တဲ့ပုံစံကိုရွေးချယ်ကြတာပဲဖြစ်ပါတယ်။
အမိုးဖွင့်ကားကတော်တော်လေးနိမ့်သော်လည်း …အမိုးဖွင့်နိုင်မယ့်နေရာ ဂျပန်မှာတော့ သိပ်ပြီးမရှိတာကြောင့်ပါ…
သို့သော် အမျိုးသားတွေကတော့ စီးချင်ကြတယ်လေ….
အမိုးဖွင့်ကားမှာ ကောင်မလေးကိုတင်ပြီး ပင်လယ်ဘက်ကိုမောင်းချင်ကြပါတယ်။
လက်တွေ့တွက်ချက်မှုတွေတောင်မလုပ်ချင်တော့ဘဲ အချိန်ဘယ်လောက်ပဲကုန်ကုန် ပင်လယ်ဘက်ကိုမောင်းချင်ပါတယ်။

စီးစေချင်တဲ့ကားအရောင်?

ဒီဟာလည်းယောက်ျားလေးမိန်းကလေးတွေကြား ကြီးမားစွာကွဲပြားခဲ့ပါတယ်။
အနီရောင် sports car ကတော့ တကယ့်ကိုအလန်းစားအထင်ကြီးစရာကောင်းတယ်လို့တွေးတဲ့အမျိုးသားတွေ အရမ်းကိုများပါတယ်။
နာမည်ကြီး anime ဖြစ်တဲ့ Gundam မှာတော့ Red mobile suit ကအထူးသီးသန့်ဖြစ်သလိုပဲ၊ အမျိုးသားတွေအတွက် အနီဟာအထူးသီးသန့်အရောင်လို့ သူတို့သတ်မှတ်ထားပုံရပါတယ်။
ဒီမှာတော့ အဖြူ၊ အမည်း၊ ငွေရောင် ကပိုများနေတယ်နော်….
ဆိုလိုတာကတော့ မိန်းကလေးတွေကသိပ်ပြီးမထင်ပေါ်တဲ့အရောင်ကိုစီးချင်ကြတာပါ…..

မစီးချင်တဲ့ကားကရော?

အခြားရွေးချယ်စရာတွေကိုနားလည်ပေမဲ့၊ ပြုပြင်ထားတဲ့ကားတော့မစီးချင်ဘူးဆိုတာလည်း အမျိုးသားအမျိုးသမီးရဲ့ကွဲလွဲမှုထွက်လာခဲ့ပါတယ်။
“ ကျွန်တော်ရဲ့ကားကို စိတ်ဝင်စားနေတယ်မဟုတ်လား? အင်ဂျင်အသံလည်းမကောင်းဘူးလား?”
ဆိုပြီးဆွဲဆောင်တာက မိန်းကလေးတွေအတွက်တော့ ထိရောက်မှုရှိမှာမဟုတ်ပါဘူး..
ဘာကြောင့်လဲဆိုတော့ ကျွန်တော်သူငယ်ချင်း ပိုက်ဆံယန်းသောင်း ၃၀၀ လောက်အကုန်အကျခံပြီး ကားရဲ့အနောက်ဘက်ကို ဇိမ်ခံပြီးလိုက်စီးနိုင်မယ့်ပုံစံမျိုး ပြန်ပြင်လိုက်ပေမဲ့ သူ့မှာအခုထိရည်းစားမရသေးပါဘူး..
ဒါကြောင့်များလားမသိပါဘူး…

ကားထဲမှာဆေးလိပ်သောက်နိုင်တာက?

ဒါကတော့ ခန့်မှန်းထားတဲ့အတိုင်း အများစုကမကြိုက်ဘူးလို့ဆိုပါတယ်…

ဒီအင်တာဗျူးရဲ့ရလဒ်ကတော့ ယောက်ျားလေးတွေကလေးဘဝကတည်းကမက်ခဲ့ရတဲ့အိပ်မက်ကို ပျက်စီးသွားစေပါတယ်။
သို့သော် သေချာပေါက်ကျွန်‌တော်ကတော့ အနီရောင် sports car စီးချင်တာပါ..
popular မဖြစ်သွားရင်တောင် ကိုယ့်အကြိုက်နဲ့ကိုယ် sports car စီးရတော့ မကောင်းဘူးလားဗျ….
ကဲ..မြန်မာလူမျိုး အမျိုးသားတွေကရော ဘယ်လိုကားမျိုးစီးချင်ကြပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: