လေလည်မိခြင်းကြောင့် မိမိကိုယ်ကိုသတ်သေခဲ့တဲ့ မိန်းကလေးတစ်ဦး !!!!

ထွက်ချလိုက်လို့မရတဲ့နေရာမှာ ရုတ်တရက်ကြီးလုပ်လိုက်မိတဲ့လေလည်ခြင်း….(ပြောပြရင်တော့ အီးပေါက်လိုက်မိတယ်ပေါ့)
ဓါတ်လှေကားထဲမှာတို့ တိတ်ဆိတ်နေတဲ့စာသင်ခန်းထဲမှာတို့ သူဌေးကကိုယ့်အရှေ့မှာပဲ လေးလေးနက်နက်နဲ့ကို စကားပြောနေတဲ့အချိန်….

 


https://ddnavi.com/serial/662205/a/

 

ချစ်သူနဲ့အခြေအနေကောင်းနေတဲ့အချိန် ပူး..!! ဆို လေလည်လိုက်မိတဲ့အခါ တော်တော်လေးရှက်မိသွားမှာပဲနော်…!!
ဒါကဇီဝဖြစ်စဉ်ပဲမိုလို့ မတတ်နိုင်သလို.. ပတ်ဝန်းကျင်က ရယ်ပြီးခွင့်လွှတ်ပေးကောင်းပေးနိုင်ပေမဲ့ ကာယကံရှင်ကတော့ ရှက်သွားမှာပါ..

ဒါပေမဲ့ အရင်ခေတ်ဂျပန်တုန်းက လေလည်တာနဲ့ပတ်သက်ပြီးတော်တော်လေးတင်းကြပ်ခဲ့ပါတယ်။
လေလည်ခြင်းကြောင့် မိမိကိုယ်ကိုသတ်သေသွားသူတစ်ယောက်လည်း ရှိခဲ့ပါတယ်။

 

အကြောင်းအရာလေးကတော့
တစ်ခုသော အထက်တန်းအလွှာမိသားစုရဲ့မိန်းကလေးဟာ တွေ့ဆုံပွဲတစ်ခုကိုသွားခဲ့ပါတယ်။
တွေ့ဆုံပွဲဆိုတာကတော့ အသိတစ်ယောက်မိတ်ဆက်ပေးပြီး ရွယ်တူငယ်ရွယ်တဲ့အမျိုးသားနဲ့တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်။
ပြောရရင်တော့ ကျင်ယာဖက်တွေ့ဆုံပွဲပဲပေါ့…

လက်ထပ်ရမယ့်တစ်ဖက်လူကိုရှာဖို့တက်ရောက်ရတာဖြစ်ပြီး စိတ်လှုပ်ရှားနေမှာလည်း သဘာဝပါပဲ..
အဲ့ဒီလိုနေရာမှာထိုင်နေရင်းနဲ့ ကောင်မလေးဟာ ပူး..!! ဆိုပြီးလေလည်မိလိုက်ပါတယ်…
“ ရှက်စရာကောင်းလိုက်တာ.. ဒီအကြောင်းသာကောလဟာလလို ပျံ့သွားရင်တော့ ငါအသက်မရှင်နိုင်တော့ဘူး…” ဆိုကာ သူမကိုယ်သူမသတ်သေသွားခဲ့ပါတော့တယ်။…
တရားခံကတော့ လေလည်လိုက်မိလို့ပါပဲ..
ဒီဘက်ခေတ်မှာတော့ ရယ်ပြီး ပြီးရောလုပ်နိုင်ပေမဲ့…အဲ့ဒီအချိန်ကာလကတော့ သေလောက်တဲ့အထိအောင် ရှက်စရာကောင်းတဲ့အပြုအမှုပဲဖြစ်ပါတယ်။…

ဒီအဖြစ်ဆိုးတွေမဖြစ်လာဖို့အတွက် အသစ်ထွက်ပေါ်လာတဲ့အလုပ်အကိုင်တစ်ခုရှိပါတယ်။
屁負比丘尼(へおいびくに) ဆိုတဲ့အလုပ်ပဲဖြစ်ပါတယ်။
အရေးကြီးတဲ့ပွဲတွေမှာတက်ရောက်ပြီး တစ်နေရာရာကနေ ပူး..!! ဆိုတဲ့အသံထွက်လာခဲ့ရင် …

“ ဟယ်,တောင်းပန်ပါတယ်..လေလည်မိလိုက်ပြီ”

ဆိုကာ ကာယကံရှင်ကိုယ်စား သူလေလည်မိလိုက်တာပါဆိုပြီး ကိုယ်စားလာဝန်ခံတဲ့အလုပ်ဖြစ်ပါတယ်။(မသိမသာလေးပေါ့..)
ဒီအလုပ်ကနည်းနည်းလေးရယ်စရာကောင်းပေမဲ့၊ အကျိုးရလဒ်အနေနဲ့လူ့အသက်ကိုကယ်တင်နိုင်မယ်သာဆို မွန်မြတ်တဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။

အသံလာရာကနေ “ No, no, နင်မဟုတ်ဘူးမလား?” လို့ပြောလိုက်တာက တကယ်တော့လူအားလုံးသိနေပေမဲ့၊ အထက်တန်းစားလူတွေနဲ့ မိန်းမငယ်လေးတွေအတွက် ရှက်စရာကောင်းတဲ့အမှတ်တရတွေကယ်တင်ပေးလိုက်တာကြောင့် အဲ့ဒီနေရာမှာမျက်နှာမပျက်ရဘဲ သက်သောင့်သက်သာစွာနေရမယ်ဆိုရင် ကောင်းမွန်တဲ့အလုပ်တစ်ခုပါပဲ..
ဘယ်အချိန်လေလည်မိမလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပါဘူး….

အောင့်ထားလည်း… အား…ထွက်သွားပြီး… ဆိုတဲ့အချိန်တွေရှိမှာပဲနော်…?
အဲ့ဒီလိုအချိန်အတွက် ဒီ屁負比丘尼 ဆိုတဲ့အလုပ်ဟာ အဖိုးတန်ရတနာတစ်ခုလိုပါပဲ…

ယခင်ဂျပန်ဟာတော်တော်လေးကွာဟချက်ရှိ လူမှုအဖွဲ့အစည်းဖြစ်ခဲ့ပါတယ်။
အဲ့ဒီအတွက်တောင် ပိုက်ဆံကိုသုံးတယ်? ဆိုတဲ့သူဌေးတွေနဲ့…
အဲ့ဒီလောက်အထိလုပ်တာလာ? ဆိုတဲ့ အဆင့်အတန်းနိမ့်တဲ့လူတွေရဲ့ကြားမှာ လက်ရှိအချိန်ထိပုံမဖော်နိုင်လောက်အောင် စီးပွားရေးကောင်းခဲ့တဲ့အချိန်ဖြစ်ပါတယ်။

စကားမစပ် ကြောက်စရာကောင်းလောက်အောင် အနံ့ဆိုးကြီးနဲ့လေလည်တဲ့လူတွေလည်း ရှိတာပဲနော်?
အနံ့ဆိုးကြီးနဲ့လေလည်တာတော့ ဘယ်လိုမှရယ်ပေးနိုင်မှာမဟုတ်လို့ ဖြေရှင်းနိုင်မယ့်နည်းလမ်းနည်းနည်းပြောပြပေးပါမယ်။..

အူအတွင်းမှာရှိတဲ့ ဘတ်တီးရီးယားတွေရဲ့ဟန်ချက်ကပျက်သွားတဲ့အခါ အနံ့တွေကပြင်းလာပါတယ်။
အဲ့ဒါရဲ့အဓိကအကြောင်းအရင်းကတော့ ဝမ်းချုပ်ခြင်းပါပဲ….
ရေသောက်နည်းသူတွေက ပိုပြီး ဝမ်းချုပ်တတ်ကြတယ်။

မနက်နိုးလာတဲ့အခါ အရင်ဆုံးအခန်းအပူချိန်လောက်သာရှိတဲ့ရေ ၁ ခွက်အပြည့်ကို ဖြည်းဖြည်းစီသောက်ချလိုက်ပါ…(ရိုးရိုးရေ)
အူမကြီးအေးမသွားစေအောင် ရိုးရိုးရေကိုသောက်ရခြင်းဖြစ်ပါတယ်။

နောက်ပြီး အသားနဲ့ကြက်ဥတွေပဲစားလို့မရပါဘူး…
လက်တလော ဆန်၊ခေါက်ဆွဲ၊အာလူး စတာတွေကိုမစားဘဲ၊ သကြားဓါတ်ကိုကန့်သတ်ပြီး diet လုပ်တာဟာခေတ်စားနေပေမဲ့၊ ဒီအရာကလည်း အူလမ်းကြောင်းအပေါ် ဆိုးရွားတဲ့သက်ရောက်မှုနဲ့ ဆက်နွယ်နေပါတယ်။
သကြားဓါတ်အပြင် အမျှင်ဓါတ်ပါသေသေချာချာလေးယူဖို့လိုအပ်ပါတယ်။

wakame ကဲ့သို့သောပင်လယ်ရေမှော်၊ natto(မြေပဲ), kimchi နှင့်ဒိန်ချဉ်လိုမျိုး အချဉ်ဓာတ်ပါအစားအစာ၊
မှို၊ ရုံးပတီသီးနဲ့ ကွမ်းကတိုးပင်တစ်မျိုးကဲ့သို့ စေးကပ်တဲ့အစားအစာများကလည်း အူလမ်းကြောင်းအတွက်အထောက်အကူပြုပါတယ်။..

လေလည်ခြင်းရဲ့အသံကို ပိတ်ထားလို့မရပေမဲ့၊ အနံ့သာမရှိဘူးဆိုရင်တော့ ချစ်စရာကောင်းတဲ့လေလည်မှုဖြစ်မှာပါ…
ကဲ! ဒါဆိုကျန်းမာခြင်းအပေါင်းနဲ့ပြည့်စုံကြပါစေ….!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: