နမ်းတဲ့နေရာမှာ အဲဒိုခေတ်လူတွေအရမ်း “ Ro” ခဲ့ကြတယ် !!!

ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် နက်ရှိုင်းတဲ့အချစ်လို့ပြောလိုက်ရင် လူတွေအရမ်းစိတ်ဝင်စားကြပါတယ်။
အချစ်အတွက် ဂိုက်လိုင်းပေးတဲ့စာအုပ်ဟာ အဲဒိုခေတ်အချိန်ကတည်းကရှိခဲ့ပါတယ်။
အဲ့ဒီအချိန် ထုတ်ဝေခဲ့တဲ့တဏှာရာဂအတွက် လမ်းကြောင်းပေးတဲ့စာအုပ်အနေနဲ့ပြောရရင် 「好色旅枕」ဖြစ်ပါတယ်။
နမ်းပုံနမ်းနည်း၊ အမျိုးသမီးအမျိုးသားကြား ချစ်သူကိုခေါ်ပုံခေါ်နည်းတွေ ဖော်ပြပေးထားပါတယ်။

 

https://mag.japaaan.com/wp-content/uploads/2017/06/ec_kuchisui-660×350.jpg

 

အဲ့ဒိုခေတ်ကာလရဲ့နမ်းပုံ?ကိုဘယ်လိုထင်ပါသလဲ
အံ့သြစရာကောင်းလောက်အောင် ရဲရင့်ကြပါတယ်။
「吸口軒(ぎうこうけん)」ဆိုတဲ့ပြဇာတ်ရဲ့ အခန်းတစ်ခန်းမှာတော့ kissing နဲ့ပတ်သက်ပြီးသေသေချာချာလေး ရှင်းပြပေးထားတယ်။
အနမ်းနဲ့အမျိုးသမီးကိုဘယ်လိုဆွဲဆောင်နိုင်မလဲဆိုတာတွေပါ…

အဲ့ဒီအချိန်က kiss လို့မခေါ်ဘဲ 口吸いKuchisui (Mouth sucking) လို့ခေါ်ပါတယ်။
နောက်ပြီး အတူတူနေပြီးသွားတဲ့နောက် အမှန်တကယ်ချစ်လာ မချစ်လာဆိုတာကိုအတည်ပြုဖို့အကောင်းဆုံးဟာ အနမ်းပါပဲ.. လို့လည်းဖော်ပြထားပါတယ်။

https://mag.japaaan.com/wp-content/uploads/2017/06/660_p_0029-660×487.jpg

 

ပြည်တန်ဆာတွေကြားခေါ်နည်း !!!
စကားမစပ် Yoshiwara ရပ်ကွက်မှာတော့ အနမ်းကို kiss လို့မခေါ်ဘဲ Osashimi လို့ခေါ်ခဲ့ကြတယ်။ ငါးအသားရဲ့ လတ်ဆတ်လှတဲ့ “ ဆာရှိမိ” နဲ့တင်စားရလောက်အောင် ရွှေကြာမလေတွေရဲ့အနမ်းကို အဲဒိုခေတ်ကအမျိုးသားများနှစ်သက်ခဲ့ကြပါတယ်။
(နမ်းရင်းနဲ့တော့ မကိုက်စားလောက်ပါဘူးနော်..ဆာရှိမိဆိုတော့…ဟဟဟ!!!)

အိုဆာရှိမိဆိုတာကတော့ ဖောက်သည်တွေကခေါ်တဲ့ပုံဖြစ်ပြီး ရွှေကြာတွေအချင်းချင်းကြားမှာတော့ Tetsuke ဒါမှမဟုတ် kimari လို့ခေါ်ခဲ့ကြပါတယ်။ ဖောက်သည်တွေအတွက်ကတော့ ရွှေကြာမလေးတွေနဲ့အနမ်းဟာ အိပ်မက်ထဲကခံစားမှုကဲ့သို့ နှစ်သက်ဖွယ်ကောင်းပေမဲ့၊ ရွှေကြာတွေအတွက်ကတော့ ဆန္ဒမပါတဲ့အလုပ်သဘောအရပါပဲ..တဲ့..

ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ နမ်းတာကို kiss လို့မခေါ်ဘဲ Mouth sucking , Osashimi လို့ခေါ်ခဲ့ကြတဲ့အဲဒိုခေတ်အကြောင်းကို ဗဟုသုတအဖြစ်ဝေမျှပေးလိုက်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: