ဂျပန်လူမျိုးတွေ အသုဘပွဲတွေမလုပ်တော့ဘူးလာ? သင်္ချိုင်းလည်းမရှိတော့ဘူးလာ?

ဂျပန်ရဲ့ အသုဘအခမ်းအနား၊ သင်္ချိုင်းရဲ့ယဥ်ကျေးမှုဓလေ့ဟာလည်း တစ်ဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပါတယ်။
အလျင်အမြန်ပါပဲ..
အရင်ကတည်းက ဂျပန်မှာ အခမ်းအနားခန်းမ (အကယ်၍ အိမ်ကြီးကြီးရှိမယ်ဆို မိမိအိမ်တွင်) ဖြစ်ပြီး၊ ဒီလိုမျိုးစင်အကြီးကြီးနဲ့အလှဆင်တည်ဆောက်တဲ့ အသုဘအခမ်းအနားကတော့ သာမန်ရိုးကျပုံစံပါပဲ…

https://www.aeonlife.jp/knowledge/manner/detail/

 

ဂျပန်ဗုဒ္ဓဘာသာဝင်တွေရဲ့ပုံစံဖြစ်ပါတယ်။
ပစ္စည်းဈေးတန်ဖိုးကလည်းမတူတာကြောင့် နှိုင်းယှဥ်ကြည့်ဖို့ခက်ခဲသော်လည်း နိုင်ငံအသီးသီးရဲ့ အသုဘပျမ်းမျှကုန်ကျစရိတ်ကတော့ ဒီမှာပါ..

・အမေရိကန် 444,000 ယန်း
・ကိုရီးယား  373,000 ယန်း
・ဂျာမနီ   198,000 ယန်း
・အင်္ဂလန်  123,000 ယန်း

အမေရိကန်ကတော့ ဈေးကြီးတယ်လို့ သင်ထင်မိမှာပါ။ အံ့သြဖို့တော့ စောလွန်းပါသေးတယ်။
ဂျပန်ကတော့ 2,310,000 ယန်း တောင်ဖြစ်ပါတယ်တဲ့…
ဈေးကြီးလိုက်တာလို့ သင်ထင်ခဲ့တဲ့ အမေရိကန်ထက်တောင် ၄ ဆနဲ့အထက်ဖြစ်ပါတယ်။
အခမ်းအနားခန်းမကို ခမ်းနားထည်ဝါစွာနဲ့လုပ်မယ်ဆိုရင်တော့ ဈေးကြီးတာကသဘာဝပါပဲ။

ပုံမှန်ပြည်သူတွေကတော့ မကျေနပ်နိုင်ဘူးလို့ဆိုကြပေမဲ့၊ ဒါဟာ 戒名(かいみょう)Kaimyo လို့ခေါ်တဲ့စနစ်ကြောင့်ပဲဖြစ်ပါတယ်။
戒名(かいみょう)Kaimyo ဆိုတာကတော့ ဘုန်းတော်ကြီးဆီကနေချီးမြှင့်ခြင်းခံရတဲ့ သေဆုံးပြီးနောက်ဗုဒ္ဓဘာသာဝင်နာမည်ဖြစ်ပါတယ်။
ဒါဟာ ဈေးအတော်ဆုံးလို့ပြောမယ်ဆိုရင်တောင် ယန်း သောင်း ၂၀ ကနေ သောင်း ၃၀ အထိရှိပါတယ်။
ဈေးကြီးမယ်ဆိုရင်တော့ ယန်းသောင်း ၂၀၀ နဲ့အထက်ရှိပါတယ်.

နာမည်ပေးရုံအတွက်ပဲလာ? ဘုန်းကြီးကျောင်းဘက်က ကုန်ကျစရိတ်တွေယူတယ်ရယ်လို့မဟုတ်ပါဘူး။
ခမ်းနားထည်ဝါစွာလုပ်ထားတဲ့လူတွေကိုတော့ ဂုဏ်အသရေရှိတဲ့ 戒名(かいみょう)နဲ့အတူ ဈေးကြီးတာကိုအကြံပြုပါတယ်။

နောက်ပြီး သင်္ချိုင်းအုတ်ဂူ
အုတ်ဂူကို ဘုန်းကြီးကျောင်းရဲ့မြေငှားပြီးတည်ဆောက်ပေမဲ့၊ ဒီဈေးနှုန်းဟာ ယန်းသောင်း ၂၀၀ ကနေ ၃၀၀ ရှိပါတယ်။
အုတ်ဂူကျောက်တိုင်ခလည်းသေချာပေါက်ပါဝင်ပေမဲ့၊ အများစုကတော့ ဘုန်းကြီးကျောင်းရဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။
နောက်ပြီး ဘာသာရေးကော်ပိုရေးရှင်းများအနေဖြင့်အခွန်စည်းကြပ်ရန်တာဝန်မရှိတာကြောင့်
ဝင်ငွေတစ်ခုလုံးပါပဲ…

သင့်ဘယ်လောက်ပဲဝင်ငွေရှာနိုင်ပါစေ ဆိုတဲ့အကြောင်းကြောင့်၊ ဂျပန်လူမျိုးတွေရဲ့ ဘုန်းကြီးကျောင်းတွေနဲ့ဝေးကွာမှု အလျင်အမြန်ဖြစ်လာတာဟာ ဒါကြောင့်ပါပဲ…
သေဖို့အတွက်တောင် ဘယ်လောက်အထိမပြင်ဆင်ထားရင်မရဘူးလဲ? လို့တွေးလိုက်ရင် သေဖို့တောင်မလွယ်သလောက်မှာရှိပါတယ်။

နောက်ပြီး မြို့ကြီးတွေမှာတော့ Population concentration ကပိုပြီးဖြစ်နေကာ မြို့လယ်ရှိအုတ်ဂူအရည်အတွက်ဟာ ပိုပြီးတောင်များလာပါတယ်။
ဒါဆို ကျေးရွာတွေရဲ့ သင်္ချိုင်းဓလေ့ကိုဆိုရမယ်ဆို “ ဒီတစ်ကြိမ်တော့ သင်္ချိုင်းဂူကိုလည်ပတ်ဖို့တောင်မသွားနိုင်တော့ဘူး” ဆိုတာတွေရှိလာပါတယ်။
အထူးသဖြင့် မိမိအိမ်ထောင်ဖက်ကအသက်ကြီးလာတဲ့အခါ တောင်ထဲမှာရှိတဲ့သင်္ချိုင်းကိုသွားဖို့ဆိုတာကလည်း မတတ်နိုင်တော့ပါဘူး။

အဲ့ဒီအတွက် မီးသင်္ဂြိုဟ်ပြီးနောက် ပြာအိုးကိုအိမ်ပြန်ယူလာတဲ့လူတွေများလာပါတော့တယ်.
အသုဘအခမ်းအနားလည်းမလုပ်နိုင်သလို၊ အုတ်ဂူဆိုတာလည်းအဝေးဆုံးမှာဖြစ်နေပါတယ်။

အဲ့ဒီအချက်တွေကြောင့် အိမ်မှာပဲထားတဲ့အရိုးအိုးတွေဟာ ဂျပန်တစ်နိုင်ငံလုံး ၄ သန်းကနေ ၄.၅ သန်းအထိရှိတယ်လို့ ပြောကြပါတယ်။
အခုကနေစပြီး ဂျပန်နိုင်ငံဟာ အသုဘအခမ်းအနားနဲ့ အုတ်ဂူတွေရဲ့လိုအပ်မှုတွေ ပိုပိုပြီးမြင့်တက်လာတဲ့ သက်ကြီးရွယ်အိုတွေများလာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
စိတ်အေးသက်သာစွာနဲ့သေဆုံးရမယ့်နေ့ ရောက်လာလိမ့်မလား? လို့တွေးမိပါတယ်။……

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: