Mask တပ်ထားတဲ့ဝက်ဝံပုံစံ စပါးခင်း !!!!

ကျိုတိုစီရင်စု၊ Fukuchiyama မြို့နယ်၊ Yakuno မြို့ရဲ့ Osako ပြည့်သူ့ခန်းမရှေ့ရဲ့ စပါးခင်းမှာ Mask တပ်ထားတဲ့ဝက်ဝံပုံစံလေးကိုတွေ့လိုက်ရပါတယ်။
စပါးအရောင်တွေစပြီးတက်လာကာ၊ ကိုရိုနာဗိုင်းရပ်စ်အပေါ် သတိရှိကြဖို့ဆိုတဲ့ဆန္ဒနဲ့ ဒီဇိုင်းပြုလုပ်ထားတာက တဖြည်းဖြည်းပေါ်လာပါပြီ။

 

https://www.kyoto-np.co.jp/articles/-/352339

 

တောင်တက်ချစ်သူတွေနဲ့ဖွဲ့စည်းထားတဲ့ Iboyama ကလပ်ရဲ့အဖွဲ့ဝင်တွေအားလုံးဟာ နှစ်တိုင်း ခန့်မှန်းချေ ၉ ဧရိယာလောက်ရှိတဲ့စပါးခင်းမှာ အနီ၊အမည်း၊အစိမ်းနဲ့အဝါ စတဲ့ရှေးဟောင်းစပါးပျိူးပင်တွေကို စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
အခုအချိန်ထိ Fukuchiyama နဲ့ဆက်စပ်နေတဲ့ Sengoku စစ်သည်တော်ရဲ့ပုံတွေ အစရှိသဖြင့် ဒီဇိုင်းအလှဆင်တာတွေကို ဆွဲခဲ့ကြပါတယ်။

၁၅ နှစ်မြောက်ဖြစ်တဲ့ ဒီနှစ်မှာတော့၊ သူတို့အသင်းကပဲ လာဘ်ကောင်လေးဖြစ်တဲ့ဝက်ဝံမှာ Mask ကိုပါတပ်ထားပေးခဲ့ပါတယ်။
စက်တင်ဘာလလယ်လောက်ဆို တော်တော်လေးရုပ်လုံးပေါ်လာမယ့်ပုံပါပဲ..

သူတို့အသင်းရဲ့ အသက် ၇၆ နှစ်ရှိပြီးဖြစ်တဲ့ ဥက္ကဌက “ ကိုရိုနာကိုသတိပြုစေချင်တဲ့ဆန္ဒရယ်၊ Mask ကိုအသုံးပြုရမယ်ဆိုတဲ့အတွေးကိုထည့်ထားပါတယ်။
စပါးတွေအရောင်ပြောင်းလာတဲ့အခါ ပိုပြီးတောင်လှလာအုံးမှာမို့ မြင်ရသူတွေကိုလည်း ပျော်စေချင်တယ်” လို့ မိမိတို့ရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးခဲ့ပါတယ်။

ဒီလိုမိမိတို့တတ်ထားတဲ့အနုပညာနဲ့ အများပြည်သူအတွက်အထောက်အကူပြုတာဟာ ချစ်စရာကောင်းတဲ့လှုပ်ရှားမှုတစ်ခုပဲလို့ မြင်မိပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: