အပန်းဖြေဥယျာဉ်သို့ရောက်လာတဲ့ နွေရာသီအတွက် အကောင်းဆုံး ပရင်တာ က အေးမြသွားစေတယ် !!!

၂၀၂၀၊ သြဂုတ် ၃၁ ရက်နေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံးအပန်းဖြေဥယျာဉ်တစ်ခုဖြစ်တဲ့
Toshimaen အပန်းဖြေဥယျာဉ် ကို ပိတ်သိမ်းလိုက်ပါတယ်။

၉၄ နှစ်ကြာတည်ရှိခဲ့တဲ့ သမိုင်းဝင်အပန်းဖြေဥယျာဉ်လည်းဖြစ်ပြီး
တိုကျိုအလယ်ပိုင်းကနေ မြန်မြန်ဆန်ဆန်သွားနိုင်လို့ သွားရအဆင်ပြေတဲ့ နေရာတစ်ခုပေါ့။
ကျွန်တော့်အတွက်လည်း အမှတ်တရများစွာရှိခဲ့တဲ့ နေရာတစ်နေရာပါ။

တကယ်တော့ ဒီအပန်းဖြေဥယျာဉ်ဟာ ထူးခြားတဲ့ အမျိုးမျိုးသောလုပ်ဆောင်မှုတွေကြောင့် ကျော်ကြားခဲ့ပါတယ်။ဘာကြော်ငြာမှ မပါဘဲ ပန်းခြံကိုဖြတ်သန်းသွားလာနေတဲ့ လျှို့ဝှက်ဆန်းကြယ် တွန်းလှည်းတစ်စီး။

အဲဒီတွန်းလှည်း ဖြတ်သန်းခဲ့တဲ့ နေရာကို ကြည့်လိုက်တဲ့အခါ …

 

“としまえん大好き” Toshimaen ကိုအရမ်းကြိုက်တယ်ဆိုပြီး ရေ နဲ့ ရေးထားတာပါ။
သေချာတာကတော့ အားလုံးက ဒီလိုရေပရင်တာကို Toshimaen မှာကလွဲပြီး မမြင်ဖူးကြပါဘူး။
ကြည်ရတာ တော်တော်လေးကို သံသယဖြစ်ဖွယ်ပါ။

ဒီဗီဒီယိုမှာ ကြည့်လိုက်ပါ…

ပူတဲ့ နေ့ဘက်တွေမှာ လမ်းပေါ်ရေဖြန်းတဲ့အခါ ရေဟာ အပူအဖြစ်အငွေ့ပျံသွားပြီး အပူချိန်ကျလာပါတယ်။ဤအကြောင်းကြောင့် ဂျပန်မှာ ပူပြင်းသည့်နွေရာသီမှာဆို ဒီလိုရေဖြန်းတာကို တွေ့ရလေ့ရှိပြီး Toshimaen မှာကတော့ ဒီလိုပုံစံမျိုးကိုပြုလုပ်တာဖြစ်ပါတယ်။
ဒီလိုအမျိုးအစားတွေနဲ့ ကြော်ငြာအများကြီးရှိပါတယ်။

အပန်းဖြေပန်းခြံရဲ့ ပုံရိပ်လုံးဝမရှိတဲ့ ကြော်ငြာ

 

 

ဒေသသုံးစကားအလွန်များပြီး ဂျပန်လူမျိုးများပင် သူတို့ပြောနေသည့်အရာကို မသိတဲ့ ကြော်ငြာ

 

ရှင်းပြချက် မရှိတဲ့ ကြော်ငြာ

 

April Fool ရဲ့ ကြော်ငြာ ၊အပန်းဖြေဥယျာဉ်ရဲ့သမိုင်းမှာတော့ အဆိုးဆုံးပါပဲ။

စုစုပေါင်းယန်းဘီလီယံ ၂၆၀ ကုန်ကျမည့်စက်တစ်လုံးအားယခုရရှိနိုင်ပြီ !

concept ကို 25 နှစ်! စုစုပေါင်းဆောက်လုပ်ရေးယန်း ၂၆၀ ဘီလီယံကုန်ကျထားပြီး အနက်ဆုံးမြေအောက်အနက် ၄၁.၇ မီတာရှိပါတယ်။Toshimaen တွင်အံ့သြဖွယ်ကောင်းသောစက်တစ်ခုရောက်လာပြီ။
သူ့အမည်ကတော့ Toei မြေအောက်ရထားလိုင်း ၁၂ ဖြစ်ပါတယ်။

မြေအောက်ရထား! Toshimaen မဟုတ်ဘူး! !Toei Subway Line 12 တဲ့။
Toei မြေအောက်ရထားလိုင်း ၁၂ ကို Toei Oedo လိုင်းအောက်တွင်လက်ရှိလည်ပတ်နေပါတယ်။

Toshimaen နဲ့တော့ဘာမှမဆိုင်ပါဘူး။
မည်သို့ပင်ဖြစ်စေ Toshimaenဆိုတာ အခြားအပန်းဖြေဥယျာဉ်များ ဘယ်သောအခါမျှမလုပ်နိုင်သည့် ထူးခြားသောကြော်ငြာများကိုထုတ်လွှင့်ခဲ့တဲ့ အပန်းဖြေဥယျာဉ်ပါ။
ထိုကြော်ငြာများကို ထပ်မမြင်နိုင်သည့်အတွက်လည်း ဝမ်းနည်းဖွယ်ရာပါပဲ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: