လေယာဉ်စီးတဲ့အခါကြုံတွေ့ရတတ်တဲ့ ကရိကထတွေကို ဂျပန်လူမျိုးတို့ဘယ်လိုဖြေရှင်းကြလဲ ?

အဝေးတစ်နေရာကို မြန်မြန်ဆန်ဆန် သွားလာနိုင်တဲ့ လေယာဉ်ပျံကတော့ အလွန်အဆင်ပြေတဲ့ ယာဉ်တစ်ခုပဲပေါ့။သို့ပေမယ့် စီးပွားရေးအတန်းအစား ( Eco class ) ဖြင့် အချိန်ကြာမြင့်စွာစီးခြင်းက သင့်ရဲ့ ကိုယ်ခန္ဓာကိုထိခိုက်စေပါတယ်။

 

https://beauty-men.jp/110434

 

ကျဉ်းကြပ်တဲ့ ယာဉ်ပေါ်မှာ လူတွေအများကြီးနဲ့ နီးနီးကပ်ကပ်ယာဉ်စီးရတာကြာလာရင် တစ်ချို့လူတွေထဲမှာ အနှောက်အယှက်ဖြစ်စေတဲ့သူတွေအမြဲပေါ်လာတတ်ပါတယ်။
အဲလိုအချိန်မျိုးမှာ သင်ဆိုရင် ဘယ်လိုအပြုအမူများပြုလုပ်မိတဲ့သူဖြစ်မလဲ ?အဖြစ်အများဆုံးပြဿနာကတော့ အနီးနားမှာရှိတဲ့သူတွေနဲ့ပါ။

ထိုင်ခုံနေရာကို သတ်မှတ်ထိုင်ခုံနေရာထက်ကျော်ပြီး နေရာယူထားခံရတဲ့အခါမျိုးမှာ ဒေါသထွက်မိမှာ အမှန်ပဲနော်။ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်ရှိလူ ၄၅ ရာခိုင်နှုန်းခန့်က သူတို့အား နေရာလွတ်ပေးရန်တိုက်ရိုက်ပြောကြပါတယ်။
ဂျပန်ရှိလူအများစုကတော့ ၎င်းကို လျစ်လျူရှုပြီးသည်းခံကြတယ်တဲ့။ကြီးမားတဲ့ခြားနားချက်ကတော့ထွက်လာပြီ။
နောက်ကျောထိုင်ခုံမှလူက ကိုယ့်ရဲ့ထိုင်ခုံကို ကန်ထားခံရတဲ့အခါ . . .

ဒါနဲ့ပတ်သတ်ပြီးတော့ ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်ရှိလူ ၄၀% ဟာ ထိုသူအားတိုက်ရိုက်ပြောပြီး တိုင်ကြားကြပါတယ်။
သို့သော်ဂျပန်လူမျိုးကတော့ CA ထံကို ဒီလိုလုပ်တာရပ်ခိုင်းဖို့ အကူအညီတောင်းခံပါတယ်။

ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဟု ယူဆပြီးတော့ ဒီလို တစ်ဆင့် မေတ္တာရပ်ခံတာလို့ မြင်ပါတယ်။
စကားမစပ်လေယာဉ်ထိုင်ခုံရွေးတဲ့အခါမှာ ဘယ်နေရာကို ရွေးကြလဲ?အပြင်ဘက်? ပြတင်းပေါက်ဘက်?ကမ္ဘာ့တစ်ဝန်းမှ ပျမ်းမျှအားဖြင့် ထိုင်ခုံနေရာရွေးတဲ့အခါ ပြတင်းပေါက်ဘက်ကို ရွေးကြ ကြိုက်ကြတာများပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ဟာ CA သယ်ဆောင်လာတဲ့ တွန်းလှည်းနဲ့ ထိမိတာတို့၊
ပြတင်းပေါက်ဘေးမှာရှိတဲ့လူတွေသန့်စင်ခန်းသွားတဲ့အခါ လာနှိုးတာတို့ကို မကြိုက်ကြဘူးလို့ဆိုပါတယ်။
သို့သော်ဂျပန်တွင်လူကြိုက်အများဆုံးခုံကတော့ အပြင်ဘက်ဖြစ်ပါတယ်။

အကြောင်းပြချက်ကတော့ သန့်စင်ခန်းသွားတဲ့အခါ အပြင်ဘက်ခြမ်းမှာထိုင်တဲ့ အခြားသူများကိုအနှောက်အယှက်မဖြစ်စေချင်လို့တဲ့။
စစ်တမ်းရလဒ်ကတော့ အလွန်ဂျပန်ဆန်ချက်ပဲ။
စကားမစပ် ကျွန်တော်ကတော့ ပြတင်းပေါက်ဘက်ခြမ်းကိုရွေးချယ်မှာဖြစ်ပြီး အနောက်ကနေကျောကို အတွန်းခံရရင် ပြန်တွန်းမှာပဲ။
ဂျပန်မဆန်ဘူးပဲပြောရမလား . . .(ဟဟဟ) !!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: