မတော်တဆအနေနဲ့တောင် မသွားသင့်တဲ့ ဂျပန်ရှိ ကျွန်း၎ကျွန်း !!!!

ဂျပန်နိုင်ငံမှာတော့ ကျွန်းတွေများစွာရှိပါတယ်။ကျွန်းဆိုတာက ပင်လယ်ထဲမှာ သီးခြားဖြစ်တည်ထားတဲ့အတွက် ကိုယ်ပိုင်ယဉ်ကျေးမှုကိုတိုးတက်စေရန်နှင့် လျှို့ဝှက်ထားရန်အတွက် အကောင်းဆုံးနေရာဖြစ်ပါတယ်။၎င်းတို့ထဲကမှ အထူးသဖြင့် ကောလဟာလအနေနဲ့ တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တဲ့ အကြောင်းတွေရှိတယ်လို့သိရပါတယ်။ အဲဒီ ကျွန်း၄ကျွန်းကို မိတ်ဆက်ပေးပါရစေ။

 

Mie စီရင်စု Watakano ကျွန်း

http://www.kirari1000.com/www.kirari1000.com.base_data.base_data.phpQkirari_cd=00690.html

 

အဲဒီကျွန်းက အရင်တုန်းက ငါးဖမ်းသမားများအတွက် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ကြတဲ့ကျွန်းအနေနဲ့ ဖြစ်တည်လာပုံရပါတယ်။
အဲဒီနောက်ပိုင်း ပြည့်တန်ဆာလုပ်ငန်းကို ဂျပန်တွင်ဥပဒေအရ တားမြစ်ခံလိုက်ရပြီး ဒီမြို့လေးမှာတော့ တိတ်တဆိတ်နဲ့ အဲဒီယဉ်ကျေးမှုက ဆက်လက်ရှိနေခဲ့ပါတယ်။

ဒီကျွန်းရဲ့ အမြင့်ဆုံးသက်တမ်းမှာ ၁၉၇၀-၁၉၈၀ ဖြစ်ပြီး ထိုအချိန်က လူဦးရေမှာ ၂၀၀ လောက်ရှိခဲ့ပါတယ်။
ပြည့်တန်ဆာလုပ်တဲ့အမျိုးသမီးကတော့ အယောက် ၆၀ ကနေ ၇၀ အထိရှိတယ်လို့ဆိုပါတယ်။
ထိုအချိန်က အရှေ့တောင်အာရှမှ အမျိုးသမီးများလည်းတော်တော်များများအလုပ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။အလုပ်ဥပဒေအရ တားမြစ်ထားသဖြင့် ကျွန်းသူကျွန်းသားများက ပုံမှန်အားဖြင့် သတင်းအချက်အလက်များကိုလိုအပ်သည်ထက် ပို၍ ပြင်ပသို့ပေါက်ကြားစေသည်ကို မကြိုက်ကြပါဘူး။

ကျွန်းပေါ်သို့လာသူများကိုကျွန်းတစ်ခုလုံးကစောင့်ကြည့်နေကြပြီး
အကယ်၍ ထူးဆန်းတဲ့ လှုပ်ရှားမှုတစ်ခုရှိခဲ့ပါက ကျွန်းသူကျွန်းသားအားလုံးအချင်းချင်းပူးပေါင်းပြီး အချို့ကိစ္စရပ်များတွင် ၎င်းလှုပ်ရှားမှုတို့ကို သူ့နည်းသူ့ဟန်နဲ့ ထိန်းချုပ်ကြပါတယ်။

လက်ရှိမှာတော့ ဒီပုံရိပ်အား ဖျက်ပစ်နိုင်ရန်အတွက် ခရီးသွား tour တွေကို ဆွဲဆောင်နိုင်ဖို့ကြိုးစားလုပ်ဆောင်နေကြပါတယ်။မြေပုံပေါ်မှာမြင်နိုင်တဲ့အတိုင်း နှလုံးပုံစံကို တွေ့မြင်နိုင်လို့ Heart Island ဆိုတဲ့အမည်ပြောင်အနေနဲ့ လည်း ခေါ်ကြပါတယ်။

 

အိုကီနာဝါစီရင်စု Ogami ကျွန်း

https://o-gamijima.com

 

ဘုရားသခင်ကျိန်းဝပ်တော်မူသည့်ကျွန်းဟုလည်း လူသိများသည့်လှပသောကျွန်းတစ်ကျွန်းပါ။ကျွန်းတစ်ကျွန်းလုံးကိုသန့်ရှင်းရာဌာနအဖြစ်သတ်မှတ်ထားပြီး၊ ကျွန်းပေါ်ရှိနေရာတိုင်းတွင်ပစ်ခတ်မှုကိုတားမြစ်ထားပါတယ်။ဘုရားသခင် ဖိတ်ကြားထားသူများသာ ၀င်နိုင်တယ်လို့ ဆိုထားပါတယ်။
ဖိတ်ကြားထားခြင်းမရှိသောသူများဟာ အဲဒီကျွန်းကိုရောက်သွားရင်တော့ ပြင်းထန်သောခေါင်းကိုက်ခြင်းနှင့် ပျို့ချင်ခြင်းများခံစားရတယ်လို့ ဆိုကြပါတယ်။

ဒီကျွန်းကိုခရီးသွားနေရာတစ်ခုဖြစ်စေရန် လမ်းပြုပြင်ထိန်းသိမ်းမှု စတင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်
အကြီးစားစက်ယန္တရားများဆက်တိုက်ပျက်ခြင်း၊ ဆိုက်မန်နေဂျာပျောက်ဆုံးခြင်းကြောင့် ဆက်မလုပ်နိုင်ခဲ့ဘူးလို့လည်းသိရပါတယ်။

အဲဒီကျွန်းပေါ်မှာ Uyagansai လို့ခေါ်တဲ့ ပွဲတော်ရှိပါတယ်။ဒီကျွန်းပေါ်က ကျွန်းသူကျွန်းသားတွေအတွက်ပွဲတော်ဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်းကိုတားမြစ်ထားပါတယ်။ဒီပွဲတော်ကို လာခိုးကြည့်တဲ့သူတွေအတွက်လည်း ကျိန်စာတိုက်ခံရတာတွေရှိတယ်လို့ ဆိုပါတယ်။ပွဲတော်ကို လျှို့ဝှက်စွာဖုံးကွယ်ပြီး သတင်းယူရန်သွားခဲ့သော သတင်းရေးဆရာဟာလည်း
‌အကြောင်းအရင်းမရှိပဲ ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင်ကျွန်းပေါ်မှာရှိသမျှအရာအားလုံးဖြစ်တဲ့ ကျောက်တုံးကအစ ယူဆောင်သွားတာကိုလည်း တားမြစ်ထားပါတယ်။

 

Hiroshima စီရင်စု Ookunoshima ကျွန်း

https://play-life.jp/plans/14863

 

လူသားများထက် ယုန်များပိုများသည့်ကျွန်းတစ်ကျွန်း။
အများစုက ယုန်ကျွန်းဟူသောအမည်အနေနဲ့ သိတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။ချစ်စရာယုန်တစ်ကောင်ကိုတွေ့ပြီး စိတ်ချမ်းမြေ့စေချင်တဲ့လူတွေအများကြီးရှိပါတယ်။

သို့သော် ဒီကျွန်းကတော့ ဂျပန်မြေပုံမှယာယီဖျက်ပစ်လိုက်တဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အချိန်တုန်းက ဒီကျွန်းမှာ အဆိပ်ဓာတ်ငွေ့သုတေသနနှင့်ထုတ်လုပ်မှုစက်ရုံရှိခဲ့ပါတယ်။ဘယ်သူမှသတိပြုမိခံရခြင်းမရှိဘဲ တိတ်တိတ်ကလေး လျှို့ဝှက်စွာ မသွားရင်မရတဲ့အတွက် မြေပုံကနေဖျက်ပစ်ခဲ့တာဖြစ်ခဲ့တာပါ။အခုလက်တွေ့မှာ ယုန်အများကြီးရှိနေတာကတော့
အဆိပ်ဓာတ်ငွေ့အတွက် စမ်းသပ်တိရိစ္ဆာန်များအဖြစ်ယူဆောင်ခဲ့ကြရတဲ့ ယုန်တွေရဲ့ သားစဉ်မြေးဆက်တွေဖြစ်ပါတယ်။
အဆိပ်ဓာတ်ငွေ့စမ်းသပ်ချက်များကြောင့် လူပေါင်းများစွာလည်း ခံစားခဲ့ရပါတယ်။

လက်ရှိမှာလည်း အဆိပ်ဓာတ်ငွေ့ရဲ့ အပျက်အယွင်းတွေဟာလည်း ကျန်ရစ်နေဆဲပါ။
ချစ်ဖို့ကောင်းတဲ့ ယုန်လေးတွေရှိတဲ့ အခြားတစ်ဖက်မှာ ကြောက်ဖို့ကောင်းတဲ့အဆောက်အအုံတွေရှိနေပါတယ်။တတ်နိုင်သမျှ ချစ်စရာကောင်းတဲ့ယုန်ကျွန်းလေးဆိုတဲ့အတိုင်း ငြိမ်းချမ်းတဲ့ကျွန်းတစ်ခုဖြစ်စေချင်ပါတယ်။

 

Okinoshima ကျွန်း Fukuoka စီရင်စု

https://stingraycruise.com/okinoshima/

 

ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံးစာအုပ် Nihon Shoki တွင်တွေ့ရတဲ့ ဒီကျွန်းရဲ့ အကြောင်းကတော့
ကျွန်းတစ်ခုလုံးသည် ဂျပန်ရဲ့ ရှေးအကျဆုံးနတ်ကွန်း၏အစိတ်အပိုင်းဖြစ်တယ် ဆိုတာပါပဲ။

 

အဲဒါကတော့ Munakata Taisha ဖြစ်ပါတယ်။
ထို့ကြောင့် ဒီနေရာဟာ နတ်ဘုရား နေထိုင်တဲ့ ကျွန်းဖြစ်တယ်လို့ ဆိုကြပါတယ်။မကြာသေးမီနှစ်များအတွင်းက ရှေးဟောင်းပစ္စည်း ၁၀၀၀၀၀ ခန့်ကိုရှာဖွေတွေ့ရှိခဲ့ပြီး
၎င်းတို့အနက် ၈၀,၀၀၀ ကို နိုင်ငံတော်ပိုင်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
ရတနာသိုက်ကျွန်းအဖြစ်လည်းကျော်ကြားပါတယ်။

ရှေးအချိန်ကတည်းကစ ပစ္စုပ္ပန်အထိ ဒီကျွန်းသည် အမျိုးသမီးများမဝင်ရောက်နိုင်သည့် ကျွန်းအဖြစ်သတ်မှတ်ထားပြီး အမျိုးသမီးများဝင်ရောက်ခြင်း အားတားမြစ်ထားပါတယ်။
Munakata Taisha တွင်ဖော်ပြထားသောနတ်က မကြိုက်သောကြောင့် ဖြစ်ပုံရပါတယ်။ယောက်ျားဝင်နိုင်ပေမယ့် တင်းကြပ်စွာဝန်ခံချက်၊ကန့်သတ်ချက်များထားရှိထားပြီး
Munakata ဘုန်းကြီးကျောင်းမှ လူတစ် ဦးတည်းသာကျွန်းပေါ်တွင်နေထိုင်တယ်လို့ သိရပါတယ်။

စစ်ပွဲအတွင်းသေဆုံးသွားသူများကို အောက်မေ့ရန်အခမ်းအနားကိုယခင်က ကျင်းပခဲ့ပါတယ်။
ရွေးချယ်ခံထားရသည့် အမျိုးသား ၂၀၀ ခန့်က ဒီကျွန်းပေါ်ကိုဆင်းသက်ခဲ့ပုံရပါတယ်။
ပင်လယ်ထဲကိုမဝင်မီအဝတ်ကိုချွတ်ကာ ပင်လယ်ရေနဲ့ သန့်ရှင်းစေပြီးမှ ဝင်ခွင့်ပြုပါတယ်။
ပြီးတော့ ကျွန်းပေါ်၌ မြင်သမျှ ကြားသမျှအရာတိုင်းကို ပြန်ပြောရန်တားမြစ်ထားပြီး
ကျောက်တုံးများနှင့် သစ်ပင်များမှအစ ဘယ်အရာကိုမှ ကျွန်းကနေ သယ်ဆောင်တာကိုလည်း တားမြစ်ထားပါတယ်။
ဒီကျွန်းကို အနာဂတ်တွင်ခရီးသွားနေရာ destination အဖြစ်သတ်မှတ်ရန်အစီအစဉ်မရှိပါဘူး။
ကျွန်တော်တို့လို ပြည်သူတွေလည်း ဘယ်တော့မှ သွားဖြစ်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။
ဒါကြောင့်လည်း ဒီကျွန်းတွေကို လျှို့ဝှက်ဆန်းကြယ်သောကျွန်းအဖြစ်သတ်မှတ်ကြတာပေါ့။

သင်လည်း ဒီလို ထူးခြားတဲ့ ယဉ်ကျေးမှုရှိသောကျွန်းတစ်ကျွန်းကို ရှာကြည့်ပါက ရှာဖွေနိုင်ဆဲဖြစ်မယ်လို့ထင်ပါတယ်။
ခရီးသွားမယ်ဆိုရင်တော့ တိုကျိုနှင့်အိုဆာကာတို့လည်းကောင်းပါတယ်နော်၊
တခြားကျေးလက်ဒေသများမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားနေရာများစွာရှိလို့ ဒီကျွန်းတွေကလွဲပြီး သွားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: