ကိုရိုနာကူးစက်လူနာတွေလက်ခံထားတဲ့ ဟိုတယ် ပြန်ဖွင့်ပါပြီ !!!!!

မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ရောဂါလက္ခဏာမပြင်းထန်နဲ့ လက္ခဏာမပြတဲ့လူနာတွေကို ယာယီလက်ခံပေးခဲ့တဲ့ Yokohama မြို့က ဟိုတယ်ကတော့ ၁ ရက်နေ့ကပြန်လည်ဖွင့်လှစ်ခဲ့ပါပြီ…
သူဟာ ကောလဟာသရန်တွေကနေလွတ်ဖို့အတွက်လည်း ဟိုတယ် ၁ ခုလုံးကိုပိုးသတ်ဆေးတွေဖြန်းပြီး ကာကွယ်မှုတွေလုပ်ခဲ့ပါတယ်။

APA Hotel & Resort ・Yokohama Bay Tower ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Ken Hirano ဟာ “ ခရမ်းလွန်ရောင်ခြည်စက်နဲ့ အခန်းတွင်းရှိထောင့်တိုင်းကို ဗိုင်းရပ်စ်တွေကိုဖယ်ရှားသုတ်သင်ပါတယ်။ အဲ့ဒီနောက်မှာတော့ သန့်ရှင်းရေးဝန်ထမ်းများထပ်မံဝင်ရောက်ပြီး၊ ပိုးသတ်ဆေးနဲ့စနစ်တကျသန့်စင်မှုတွေ အခန်းတွင်းပြင်ဆင်မှုတွေလုပ်ပါတယ်” လို့ပြောပါတယ်။

ဒီဟိုတယ်ဟာ ရောဂါလက္ခဏာမပြင်ထန်နဲ့ ရောဂါလက္ခဏာမပြတဲ့လူတွေကိုထားတဲ့နေရာအဖြစ် ကျန်ခဲ့တဲ့လအထိ ခန့်မှန်းချေ ၄ လအကြာ လူပေါင်း ၁၄၉ ဦးကို လက်ခံထားခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ၁ လကြာလောက်အထိ အဆောက်အအုံအတွင်းဘက်ကို သေသေချာချာလေး ပိုးသတ်မှုတွေလုပ်ပြီး မနေ့က (၁) ရက်နေ့မှာပဲ ဟိုတယ်ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

 

 

APA Hotel & Resort ・Yokohama Bay Tower ရဲ့ အထွေထွေမန်နေဂျာက “ ၂ ထပ်၊ ၃ ထပ် အကြိမ်ကြိမ်ပြန်လည်ပြီး ကာကွယ်စီမံမှုတွေလုပ်ထားတာကြောင့် ဧည့်သည်တွေကိုယုံကြည်စိတ်ချစွာနဲ့ အသုံးပြုစေချင်ပါတယ်” လို့ ဖြေကြားထားခဲ့ပါတယ်။

ဂုဏ်သိက္ခာထိခိုက်နစ်နာမှုမဖြစ်ဖို့ရန်အတွက်လည်း ရောဂါကူးစက်မှုကိုထိန်းချုပ်ခြင်းလုပ်ဆောင်ချက်တွေက အမှန်တကယ်သက်ရောက်မှု ရှိမရှိဆိုတာကိုစစ်ဆေးဖို့ရန် ကျွမ်းကျင်တဲ့ဝန်ထမ်းတွေကို ခန့်ထားတယ်လို့ဆိုပါတယ်။
နောက်ပြီး ဒီလကတော့ ပြန်လည်အစပြုမှာဖြစ်တာကြောင့် discount တွေလည်းပေးနေပါတယ်တဲ့…

ကူးစက်လူနာတွေတည်းသွားတဲ့ ဒီဟိုတယ်ကို အဆင့်မြင့်နည်းပညာတွေနဲ့ ပိုးသတ်ထားရုံသာမက discount ချပေးထားတဲ့ APA Hotel & Resort ・Yokohama Bay Tower ကြီးကတော့ ပြန်လည် လည်ပတ်နေပါပြီ…….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: