(28) ရက်နေ့ ဂျပန်နိုင်ငံ၏ အပူချိန်နှုန်းများ !!!!!

ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပူပြင်းတဲ့အချိန်ကာလကိုကျော်ဖြတ်နေရပါတယ်။
အထူးသဖြင့်ဂျပန်ပင်လယ်ပြင်ဘက်မှာ ၂၈ ရက်နေ့ နံနက်အချိန်ကနေစပြီး အပူချိန်မှာတစ်စနဲ့တစ်စ တိုးလာခဲ့ပါတယ်။

ဂျပန်ကျွန်းစုဘက်မှာတော့ ၂၈ ရက်နေ့အထိလည်းနေသာလျှက်ရှိပြီး ဂျပန်ပင်လယ်ပြင်ဘက်မှာ ပြင်းထန်တဲ့နေရောင်ခြည်အပြင် တောင်လေဟာတောင်တွေကိုဖြတ်ပြီးတိုက်ခိုက်လာပါတယ်။
Honshu ဒေသရှိ Niigata မြို့နဲ့ Tottori စီရင်စုမှာတော့ နံနက်ကနေစပြီး 35°C ဖြစ်ကြောင်းမှတ်တမ်းရရှိပြီး၊ အပူလျှပ်နိုင်ချေရှိတဲ့အနေအထားဖြစ်ပါတယ်။ အိမ်တွင်း အစိုဓါတ်ရှိနေဖို့နဲ့၊ လေအေးပေးစက်လည်း မကြာခဏအသုံးပြုဖို့ပြောထားပါတယ်။
အပြင်ထွက်တဲ့အခါ တောက်လျှောက် mask တပ်ထားခြင်းမဟုတ်ဘဲ အခြေအနေနဲ့လိုက်ပြီး mask ချွတ်ပါ။ ဒီလိုအပူလျှပ်မှုအတွက်ကာကွယ်မှုတွေလည်း လုပ်ဖို့လိုအပ်ကြောင်း နှိုးဆော်လျှက်ရှိပါတယ်။

 

https://news.tv-asahi.co.jp/news_society/articles/000191765.html

 

တစ်လက်စတည်း ယနေ့ (28) ရက်နေ့ရဲ့အပူချိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Tokyo 32°C  ,chance of rain (0%)
Osaka 32°C , (30%)
Hiroshima 33°C , (0%)
Fukuoka 32°C , (30%)
Okinawa 31°C , (30%)
Sapporo 31°C , (0%)
Sendai 32°C , (10%)
Niigata 34°C , (10%)
Nagoya 32°C , (30%)

တို့ပဲဖြစ်ပါတယ်။

 

JAPO Myanamr

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: