နွေရာသီမှာကြောင်ပူစီတို့ အပူရှောင်တဲ့နေရာက?

ဂျပန်ရဲ့နွေရာသီဟာ အရမ်းကိုပူပါတယ်။
အပူချိန်မြင့်သလို အဲယားကွန်းတွေလည်းပိုပြီးဖွင့်ကြတဲ့အတွက် အခန်းအပြင်ရဲ့စက်ကနေထုတ်တဲ့လေတွေဟာ အရမ်းကိုပူပါတယ်။ ဒါ့အပြင် ကတ္တရာလမ်းတွေရဲ့ အပူဟပ်မှု၊ တိုက်တွေရဲ့ကွန်ကရစ်ကစုပ်ယူထားတဲ့အပူချိန်တွေဟာ နွေရာသီအတွက်တော့ ဒုက္ခလှလှပါပဲ။
လက်ရှိဟာ ကိုရိုနာကြောင့်သေကြတာထက် အပူလျှပ်ပြီးသေသူတွေက ပိုများနေတဲ့အခြေအနေမှာ ရှိပါတယ်။

ဒီလိုပူလောင်တဲ့နွေရာသီမှာ ပင်ပန်းခက်ခဲနေရတာ လူသားတွေပဲမဟုတ်ပါဘူး။
ကြောင်လေးတွေလည်းအတူတူပဲဖြစ်ပါတယ်။

‌ကြောင်ပူစီတို့ဟာ အဲယားကွန်းကလာတဲ့လေအေးတွေကိုလည်း သိပ်ပြီးတော့မကြိုက်လှပါဘူး။
ကျောက်ပြားနဲ့ခင်းထားတဲ့ကြမ်းပြင်ဆိုရင်တော့ အေးတာကြောင့်သူတို့အတွက်အဆင်ပြေပေမဲ့၊ ဂျပန်အိမ်တွေမှာတော့ ကျောက်ပြားအစား tatami တို့၊ သစ်သားတို့ကိုပဲ အများစုခင်းထားကြပါတယ်။
ဒါကြောင့် ပူလာတဲ့အခါမှာတော့ ကြောင်ပူစီတို့မနေနိုင်ကြတော့ပါဘူး….

ဒါကြောင့် သူတို့ပြေးခိုတဲ့နေရာကတော့ ….

 

https://nlab.itmedia.co.jp/nl/articles/2008/26/news012.html

ရေချိုးဇလုံပဲဖြစ်ပါတယ်။
သခင်တောင် လက်မြှောက်အရှုံးပေးရပါပြီ။ ….
ရေချိုးကန်ဘေးမှာတောင် ကြောင်တွေရဲ့ အလေးသွားတဲ့ခွက်ကိုပါထားပေးလိုက်ပါတယ်။

အေးပြီးနေရတာအဆင်ပြေတာကြောင့် ကြောင်ပူစီတို့ ရေချိုးခန်းထဲမှာပဲ သွားနေကြပါတော့တယ်။

 

နေရာအလုခံလိုက်ရပြီး….
အင်း…အဲ့ဒါဆိုဒီမှာပြောင်းနေမယ်ကွာ… ဒီမှာလည်းအေးတယ်

 

ဒီမှာနောက်တစ်ကောင် ဝင်လာပြန်ပြီ…

 

 

သူတို့တွေလည်း အေးလို့လာနေတာတဲ့….

နောက်ထပ် (၁) လလောက်ပဲသည်းခံရမှာပါ….
ကြောင်ပူစီတို့ အနေသက်သာသွားမယ့် ဆောင်းဦးရောက်လာပါတော့မယ်

အဲ့ဒီအထိတော့ ရေချိုးခန်းထဲမှာပဲ ဆက်ပြီးတောင့်တာကြအုံး ကြောင်ပူစီတို့ရေ……

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: