In This Corner of the World ရဲ့အသံသရုပ်ဆောင် Non စံနှင့်တစ်ခဏ !!!!

၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒီ In this corner of the world ဇာတ်ကားက စစ်ပွဲတွင်း ဟီရိုရှီးမားနဲ့ ကူရယ် ကို ဇာတ်အိမ်တည်ပြီး စစ်ပွဲအတွင်းကြမ်းတမ်းတဲ့ဘဝကိုဖြတ်သန်းနေရတာကိုတောင်မှ ပေါ့ပေါ့ပါးပါးပျော်ရွှင်စွာနဲ့ဖြတ်သန်းခဲ့တဲ့ ကောင်မလေးအကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20200812/k10012563001000.html?utm_int=tokushu-new_contents_list-items_020

 

ဒါနဲ့ပတ်သက်ပြီး すずさんSuzu စံဆိုတဲ့ကောင်မလေးနေရာမှာ အသံသရုပ်ဆောင်ခဲ့တဲ့ のんさんNon စံရဲ့အတွေ့အကြုံအရ

“ စစ်ပွဲအကြောင်းကို ကျောင်းမှာလည်းသင်ရတယ်။ ရုပ်ရှင်တွေမှာလည်းကြည့်ရတဲ့အတွက် ဦးနှောက်ထဲမှာတော့ တကယ်ဖြစ်ခဲ့တာပဲဆိုတာသိပေမဲ့၊ ဘာပဲပြောပြော ကိုယ်နဲ့မဆိုင်တဲ့ကမ္ဘာမှာဖြစ်ခဲ့တဲ့စကားတွေပဲလို့ ထင်ခဲ့တယ်။
ဒါပေမဲ့ すずさんSuzu စံ နေရာကိုရောက်သွားတဲ့အခါမှာတော့ သူ့ကိုအမှန်တကယ် ကိုယ်ချင်းစာတတ်လာပါတယ်။
ကိုယ့်လိုလူတစ်ယောက် ဒီဂျပန်နိုင်ငံမှာဖြတ်သန်းခဲ့ရတဲ့ တကယ့်အဖြစ်အပျက်ပဲ။ လျစ်လျူရှုလို့မရနိုင်ခဲ့ဘူး”

လို့ပြောပါတယ်။

 

https://www3.nhk.or.jp/news/html/20200812/k10012563001000.html?utm_int=tokushu-new_contents_list-items_020

 

လက်ရှိအချိန်မှာလည်း ကပ်ရောဂါလို့ခေါ်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင်တွေဆုံးရှုံး၊ အသက်တွေဆုံးရှုံးရသလို ကလေးများရဲ့ပညာရေး၊ နေ့စားသမားတို့ရဲ့ဘဝ စတဲ့ထိခိုက်ဆုံးရှုံးနစ်နာမှုတွေရှိပါတယ်။
ဒါဟာ စစ်ပွဲလောက် ဒုက္ခတွေမခံစားရပေမဲ့ စစ်ပွဲနီးနီးကြုံရတဲ့အခက်အခဲတွေပါ….
ဒါနဲ့ပတ်သက်ပြီးတော့လည်း …

“ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူများစွာဟာလည်းဘဝရှင်သန်မှုအတွက် ကြိုးစားနေရပြီး၊ နောက်မနက်ဖြန်ဘယ်လိုဖြစ်မလဲ၊ ဒါပြီးရင်ဘာတွေလာအုံးမလဲမသိရတဲ့အထဲမှာ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းနေရပေမဲ့ အခက်အခဲတွေထဲမှာ အရှေ့ကိုပဲဦးတည်ပြီး စိတ်ဓါတ်မကျဘဲ မျှော်လင့်ချက်တွေကို ဆက်လက်ဆုပ်ကိုင်ထားဖို့ すずさん Suzu စံဖြတ်သန်းခဲ့တဲ့ဘဝနဲ့ ခိုင်းနှိုင်းပြီးခွန်အားပေးစကားပြောခဲ့ပါတယ်။

 

https://www3.nhk.or.jp/news/html/20200812/k10012563001000.html?utm_int=tokushu-new_contents_list-items_020

 

ကဲ..japo ရဲ့စာဖတ်ပရိသတ်ကြီးရေ ..
စစ်ပြီးနောက် ၇၅ နှစ်ပြည့်တဲ့အနေနဲ့ ဂျပန် NHK ကလည်း စစ်ပွဲအတွင်း すずさん Suzu စံလိုမျိုးဘဝကိုကြမ်းတမ်းစွာနဲ့ဖြတ်သန်းခဲ့တဲ့ တစ်နိုင်ငံလုံးကသူတွေကို အတွေ့အကြုံတွေပြန်ဝေမျှပေးဖို့ 「#あちこちのすずさん」ဆိုတဲ့ campaign ကို ဒီနွေရာသီမှာ ပြုလုပ်ဖို့ စီစဥ်ခဲ့ပါတယ်။
သို့သော် ကိုရိုနာရဲ့ အခြေအနေမတည်ငြိမ်သေးတဲ့အတွက် လုပ်ခွင့်မရခဲ့ပါဘူး……

 

https://www3.nhk.or.jp/news/html/20200812/k10012563001000.html?utm_int=tokushu-new_contents_list-items_020

 

စာဖတ်သူတို့လည်း ဒီဇာတ်ကားလေးမကြည့်ရသေးရင် ရှာပြီးတော့ကြည့်လိုက်ပါ။

အရမ်းကောင်းတဲ့ကားလေးပါ….
တစ်ကားလုံးမှာ စစ်ပွဲရဲ့ရက်စက်မှု၊ ကြောက်စရာကောင်းပုံတွေကို သေသေချာချာကြီးဖော်ပြပေးနိုင်ရုံသာမက
ကြည့်နေတဲ့သူကိုပါ စာနာသနားစိတ်တွေရော၊ဝမ်းနည်းစိတ်တွေရော၊ကျေနပ်ပီတိဖြစ်စေမှုတွေရော ဖြစ်စေတယ်……
ရသအစုံပါပဲဗျာ…
ဒါတင်မကသေးဘူး ချစ်သူနှစ်ဦးတို့ရဲ့ အပြန်အလှန်နားလည်မှုကိုပါခံစားရပါတယ်…..

ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး …ဒါရိုက်တာကတော့ Sunao Katabuchi ဆိုသူပဲဖြစ်ပါတယ်။

ကဲ.  link ကိုတော့ ကိုယ်ဘာသာကိုယ်ရှာပြီးကြည့်လိုက်နော် ….lol !!!!

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: