လှည့်စားရုပ်ပုံပန်းချီတွေနဲ့ “သိပ်သည်းမှု” ကို ကာကွယ်နိုင်မလား ?

တိုကျိုမြို့ကတော့ ဆေးလိပ်သောက်သူများနေထိုင်ရန်အလွန်ခက်ခဲတဲ့မြို့ဖြစ်ပါတယ်။
စားသောက်ဆိုင်အများစုမှာ ဆေးလိပ်မသောက်ရပါဘူး၊ အပြင်ဘက်မှာပဲ ဆေးလိပ်သောက်ဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာပဲ ဆေးလိပ်သောက်ကြရပါတယ်။

 

https://style.nikkei.com/article/DGXMZO40961380W9A200C1000000?channel=DF220420167262&page=2

 

မိသားစုနဲ့နေတဲ့အိမ်အများစုမှာလည်း အိမ်တွင်း ဆေးလိပ်မသောက်ရဘဲ အပြင် ဝရန်တာမှာသာ ဆေးလိပ်သောက်ခွင့်ပြုတဲ့ သူတွေလည်းအများကြီးရှိပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဂျပန်စီးကရက်များရဲ့ ဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေဦးမှာဖြစ်ပြီး ၂၀၂၀ အောက်တိုဘာလမှစ၍ စီးကရက်တစ်ဘူး( အခု ၂၀ပါ )ကို ယန်း ၅၄၀ မှစတင်ကာ ရောင်းချမှာဖြစ်ပါတယ်။
စျေးတက်တဲ့အကြောင်းရင်း အများစုမှာ အခွန်ဖြစ်ပါတယ်။

အခြားမည်သူထက်ကိုမဆို အခွန်ပိုမိုပေးဆောင်ရမှာဖြစ်ပါတယ်။
ဆေးလိပ်သောက်ရင်း အေးဆေးနေတဲ့အချိန်တွေ အခုပျောက်သွားပြီ၊ အခုတော့ ဈေးတွေတက်တော့မှာ ကြေကွဲစရာပါပဲ။
ဒီလို ဆေးလိပ်သောက်ဖို့ခွင့်ပြုထားတဲ့နေရာမှာ ဆေးလိပ်သောက်လိုသူများ ပြည့်လျှံနေတဲ့ အခါမှာတော့ . . .

Corona ပြဿနာက စပါပြီ !!!

လူထူထပ်မှုကိုရှောင်ကြပါလို့ပြောပေမဲ့ “သိပ်သည်းမှု” များတဲ့နေရာ ဖြစ်တာကြောင့် လူအစုအဝေးကိုရှောင်လွှဲဖို့ ဘယ်လိုလုပ်ကြမလဲ။
Shinagawa မှာတော့ ထိုကဲ့သို့သောဆေးလိပ်သောက်ရတဲ့နေရာမှာ ကိရိယာအသစ်တစ်ခုထည့်သွင်းထားပါတယ်
လှည့်စားရုပ်ပုံနဲ့ လူသိပ်သည်းမှုနည်းအောင် ပြုလုပ်ထားပါတယ်။
ဒီမှာပါ။

 

https://www.fnn.jp/articles/CX/74707

 

လမ်းထဲမှာ တကယ့်အပေါက်တော့ မရှိပါဘူး။ဒါပေမယ့် ကြည့်ရတာ ရေအိုင်ထဲမှာ ကောင်းကင်ထင်ဟပ်နေတယ်ဆိုတဲ့ လှည့်ကွက်တစ်ခုပါ။

အမျိုးမျိုးသောပုံစံများဖြစ်တဲ့ မြက်ခင်းပြင်၊ကောင်းကင်ပြာပြာ၊ အာကာသ၊ ရေကန်တွေလည်း ရှိပါတယ်။
လူ့အသိစိတ်အရ မြေပြင်ပေါ်မှာ ဒီလိုကပ်ထားရင် ပုံမှန်ဆို လန့်ပြီးအသွားရဲကြတော့ပါဘူး။

အဲ့ဒီလိုစဉ်းစားလိုက်တဲ့အခါ တကယ့်ကို လှည့်စားနိုင်ရလောက်အောင်လည်း မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလူမှုရေးအကွာအဝေးပြုလုပ်ထားတာကိုတော့ သဘာဝကျကျ သဘောပေါက်ကြောင်း လာရောက်သူတွေကပြောပါတယ်။

အခုနက ပြောတာလေး နည်းနည်းပြန်ကြည့်ရအောင်။
ဆေးရွက်ကြီးအခွန်ဟာ တစ်နှစ်လျှင်ယန်း ၂ ထရီလီယံ (၂,၀၀၀,၀၀၀,၀၀၀,၀၀၀) အထိရောက်ရှိနေပါတယ်။

စုစုပေါင်းအခွန်ရငွေသည်ယန်း ၆၀ ထရီလီယံရှိပါတယ်။
လူကြီး ၁၇ ရာခိုင်နှုန်းခန့်သည်ဆေးလိပ်သောက်သူများဖြစ်ကြပြီး။
တစ်နေ့တာ၏အကန့်အသတ်ဖြင့်သာ စုဆောင်းရရှိသောငွေပမာဏမှာ အခွန်တစ်ခုဖြစ်ပါတယ်။

နောက်ပြီး ဆေးလိပ်သောက်ခြင်းကအနံ့နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်အတွက်ဆိုးကျိုးရှိပေမဲ့၊
ဒီလူတွေကပေးဆောင်ရတဲ့အခွန်က ဒီတိုင်းပြည်ကိုချမ်းသာစေတယ်ဆိုတာ ကျွန်တော်တို့ သိသွားရင်
ဆေးလိပ်သောက်တဲ့သူတွေအတွက် အနည်းငယ်ပိုပြီး စာနာမှုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: