ကြိုက်သလောက်စား အဆီမတက်စေမယ့် နည်းလမ်း !!!

စားသမျှအစာတွေ အဆီဖြစ်ဖို့ ၄၈ နာရီကြာမြင့်သည်။

https://locari.jp/posts/70994?page=1

 

ဟုတ်ပါတယ် အဲ့ဒီအတိုင်းပါ။
စားသမျှအစာတွေဟာ အဆီဖြစ်ဖို့ ၄၈ နာရီမျှကြာမြင့်ပါတယ်။ အဆီတွေပေါ်လာဖို့တော့ ၁ ပတ်ကနေ ၂ ပတ်လောက်အထိကြာတဲ့အတွက် ဒီနေ့အများကြီးစားပြီး နောက်နေ့ထမင်းမစားတော့ဘူးဆိုရင်လည်း သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။

ဒါကြောင့် ၄၈ နာရီအတွင်း ကိုယ်တွင်းဇီဝဖြစ်စဥ်ကိုအလုပ်ပေးမလာ၊ ၁ ပတ်ကြာလောက်အထိ အစားအသောက်ထိန်းညှိမလာ… ဒါအရမ်းအရေးကြီးပါတယ်။

အဲ့ဒီအတွက်….

၁။နောက်နေ့စားမယ့်အစာပမာဏကို control လုပ်လိုက်ပါ


နောက်တစ်နေ့မှာ ထမင်းလုံးဝမစားတော့တာမဟုတ်ဘဲ အဆီလောင်ကျွမ်းဖို့လွယ်ကူစေမယ့် အစားအစာကိုရွေးချယ်စားသုံးပါ။ ဥပမာ Salmon, sardines, tuna အစရှိတဲ့ငါးတွေက အဆီလောင်ကျွမ်းဖို့အထောက်အကူဖြစ်တဲ့အတွက် ညစာအတွက် သင့်လျော်ပါတယ်။

 

၂။နောက်နေ့နံနက် Salad နဲ့ ဒိန်ချဥ် စားပေးပါ


ခန္ဓာကိုယ်ဇီဝဖြစ်စဥ်လုပ်ဆောင်ရည် နိမ့်ကျသွားမယ်ဆို အဆီလောင်ကျွမ်းစေမှုကလည်းနိမ့်ကျသွားမှာပါ ..
ဒါကြောင့် နောက်နေ့မနက်မှာ အာဟာမျှတမှုရှိတဲ့ Salad နဲ့ ဒိန်ချဥ် ကိုစားပေးပါ။

၃။လမ်းလျှောက်ပါ။

စားတာများသွားလို့ဆိုပြီး ချက်ချင်းလေ့ကျင့်ခန်းလုပ်မယ်ဆို အစာမကြေဖြစ်တတ်ပါတယ်။ ဒါကြောင့်လေ့ကျင့်ခန်းမလုပ်ဘူးဆိုပြီးတော့လည်း မနေပါနဲ့။
လုပ်ဖို့သင့်တော်တာကတော့ မိနစ် ၃၀ လောက်လမ်းလျှောက်ခြင်းပါ။
အစာစားပြီးနောက် ၁ နာရီအတွင်း လမ်းလျှောက်မယ်ဆိုရင် သကြားဓါတ်တွေဟာ အဆီမဖြစ်ခင်မှာပဲ စွမ်းအင်အဖြစ်လောင်ကျွမ်းသွားရပါတယ်။

 

၄။ ၁ နာရီလောက်အကြာမှာ ကြွက်သားများကိုလေ့ကျင့်ခန်းလုပ်ပေးပါ….


အနည်းငယ်လောက် လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။

၅။ မအိပ်ပါနဲ့..


အစားစားပြီးနောက် ၃ နာရီအတွင်းအိမ်စက်တာက အစာခြေခြင်းအတွက် အနှောက်အယှက်ဖြစ်စေပါတယ်။
အစာခြေမှုမလုံလောက်ဘဲအိပ်လိုက်တာဟာ အစာအိမ်အတွက်လည်းဥပဒ်ဖြစ်စေသလို၊ အဆီစုစည်းမှုအတွက်လည်း အားပေးသလိုဖြစ်ပါတယ်။

 

၆။ အစာစားပြီးတာနဲ့ချက်ချင်း ရေချိုး/ရေစိမ်ခြင်းမလုပ်ပါနဲ့…

ရေချိုးလိုက်ခြင်းဟာလည်း အိပ်စက်တာနဲ့အတူတူပါပဲ။ အစာအိမ်ရဲ့ သွေးလည်ပတ်မှုကိုအတားအဆီးဖြစ်စေကာ အစာမကြေခြင်းများဖြစ်ပေါ်တတ်ပါတယ်။
အစာစားပြီးနောက် မိနစ် ၃၀ ခန့် ဒါမှမဟုတ် ၁ နာရီလောက်ကြာမှရေချိုးပါ။ ချွေးထွက်များပြီး ခန္ဓာကိုယ်လှုပ်ရှားမှုရှိတာက အဆီကျဖို့အထောက်အကူပြုပါတယ်။

 

ဒါကြောင့် အဆီအဆိမ့်တွေကိုအများကြီးစားမိပြီးဆိုရင် စိတ်ပူစရာမလိုတော့ဘူး‌နော် …
အစာစားပြီးတဲ့နောက် ဒီအချက်တွေအတိုင်းကျင့်သုံးမယ်ဆိုရင် ကျန်းမာလှပတဲ့ကိုယ်ခန္ဓာကို ရရှိပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: