Nara စီရင်စုရှိ အမြင့်ဆုံးအဆောက်အဦးက လွန်ခဲ့တဲ့အနှစ် ၁၀၀၀ နီးပါးကအပျက်အယွင်းတွေထဲက! ?

ဂျပန်နိုင်ငံသည် ငလျင်လှုပ်မှုများစွာရှိတဲ့နိုင်ငံဖြစ်ပြီး အဆောက်အအုံကြီးများဆောက်လုပ်ရန် မသင့်တော်ပါဘူး။
အကြောင်းကတော့ မြင့်မားတဲ့အဆောက်အအုံများသည် ပိုပြီးတော့တုန်လှုပ်မှုဒဏ်ကိုခံရပြီး ကြီးမားတဲ့ ဘေးအန္တရာယ်တွေလည်း ဖြစ်စေနိုင်လို့ပါ။

အဲဒါကိုမှ နည်းပညာဆိုင်ရာတီထွင်ဆန်းသစ်မှုများအားဖြင့် ၎င်းဘေးအန္တရာယ်တွေကို ကျော်လွှားနိုင်ရန်လုပ်ဆောင်မှုကတော့ ဂျပန်နိုင်ငံရဲ့ ကောင်းလွန်းတဲ့အရာဖြစ်ပြီး စီရင်စုတစ်ခုစီရှိ အမြင့်ဆုံးအဆောက်အအုံရဲ့ အဆင့်အလိုက်တည်ရှိမှုကတော့ တကယ့်ကိုစိတ်ဝင်စားစရာကောင်းသော ရလဒ်ဖြစ်ပါတယ်။

ပထမဦးဆုံး မျှော်လင့်ထားသည့်အတိုင်း ရလဒ်များကိုကြည့်ခြင်းဖြင့်စတင်ကြပါစို့။

 

Tokyo


https://haveagood.holiday/articles/525

 

Midtown ကတော့ တိုကျိုတွင်အမြင့်ဆုံးဖြစ်ပါတယ်။
ဒီအဆောက်အဦးက 54ထပ်ရှိပြီး 248m အမြင့်ရှိပါတယ် ။

Osaka

https://www.mapple.net/article/4844/

Abeno Harukas
အထပ် 60 ရှိပြီး အမြင့်300 မီတာရှိတဲ့ ဂျပန်ရဲ့ အကောင်းဆုံးတွေထဲကတစ်ခု။ကောင်းပါပြီ၊ အကယ်၍ သင်ဟာ တိုကျို သို့မဟုတ် အိုဆာကာ ကိုသိလျှင် ဒါတွေကို သင်မြင်ယောင်ကြည့်နိုင်ပါတယ်။အခြားစီရင်စုမှာတော့ အထူးသဖြင့် မြင့်မားတဲ့ အဆောက်အအုံတွေနဲ့ ပတ်သတ်ရင် စိတ်ဝင်စားစရာမရှိဘူးဆိုပေမယ့် Nara ကတော့ အနည်းငယ်ကြီးမြတ်ပါတယ်။
ဒါကတော့ Nara ရှိအမြင့်ဆုံးအဆောက်အ ဦး ဖြစ်ပါတယ်။

 

https://ja.wikipedia.org/wiki/東大寺大仏殿

 

Todaiji ဘုရားကျောင်းရှိဗုဒ္ဓခန်းမ။ဘုရားကျောင်းဖြစ်နေတယ်နော်။
ဒီအဆောက်အဦးက လောင်ကျွမ်းသွားပြီး လက်ရှိတည်ဆောက်မှုကို ၁၇၀၉ ခုနှစ်တွင်တည်ဆောက်ခဲ့သော်လည်း မူလတည်အဆောက်အဦးကတော့ ၁၁၈၁ ခုနှစ် မှစတင်ခဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အမြင့် 49.1m ရှိပါတယ်။

အထပ်အနေနဲ့ပြောမယ်ဆိုရင် ၁၇ ထပ်လောက်ရှိပါတယ်။
ဒါဟာမပြောပလောက်တဲ့အရွယ်အစားဗိမာန်တော်လို့ပြောလို့ရပါတယ်။
ဒါပေမဲ့ဒီထဲမှာ, …

 

https://ja.wikipedia.org/wiki/東大寺盧舎那仏像

 

အံ့သြဖွယ်ကြီးမားတဲ့အရွယ်အစား ဗုဒ္ဓရုပ်ပွားတော်ရှိပါတယ်။
ဆင်းတုတော်ကိုထုလုပ်ခဲ့တာကတော့ ၇၄၅ ခုနှစ်တွင်စတင်ခဲ့ပြီး ၇၅၂ ခုနှစ်တွင် ပြီးစီးခဲ့ပါတယ်။

စုစုပေါင်းပါဝင်လုပ်ကိုင်ခဲ့တဲ့ လူပေါင်း အယောက် ၂,၆၀၀,၀၀၀ ရှိတယ်လို့ ဆိုထားပါတယ်။
လက်ရှိတန်ဘိုးအရ ဤဗုဒ္ဓဆင်းတုရဲ့ တန်ဖိုး သည် ယန်း ၄၆၅,၇၀၀,၀၀၀,၀၀၀ ရှိတယ်လို့ ဆိုထားပါတယ်။အောက်ခံတိုင်သည် အမြင့် ၃ မီတာရှိပြီး ထိုင်နေသောဗုဒ္ဓဆင်းတုတော်ရဲ့ အမြင့်ကတော့ ၁၅ မီတာရှိပါတယ်။

လူတစ်ယောက်ကို ရုပ်ပွားတော်ရဲ့လက်ထဲမှာ ထားလို့ရတဲ့အရွယ်အစားရှိပါတယ်။
အဲဒီလိုလုပ်ဖို့တော့ ခွင့်ပြုမထားပါဘူး။ .. ..

လူသားတို့ရဲ့ နည်းပညာများဖြင့် ဆက်လက်၍ မြင့်မားတဲ့ တီထွင်မှုများနှင့် ပိုမိုမြင့်မားသောအဆောက်အအုံများကိုတည်ဆောက်ခြင်းနှင့်အတူ ဤဗုဒ္ဓ၀င်ခန်းမသည်လည်း Nara စီရင်စုတွင်အကောင်းဆုံးတည်ရှိနေဆဲပင်ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော်က နည်းပညာကျွမ်းကျင်မှုနှင့် ဘာသာရေးစိတ်ဓာတ်ပြင်းပြမှုတို့ကို ကျွန်တော် သဘောကျမိပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်တွင်ဒီထက်ကြီးမားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ များစွားရှိပါတယ်။

သို့သော် အဆောက်အဦး အတွင်းထဲမှာရှိတဲ့အရာကိုပြောမယ်ဆိုရင်တော့ Nara ရှိ ဤဗုဒ္ဓရုပ်ပွားတော်သည် ကမ္ဘာပေါ်တွင်အကောင်းဆုံးပါပဲ။
Kansai ကိုသွားတဲ့အခါမှာတော့ ဗုဒ္ဓမဟာနာရဘုရားကိုသေချာပေါက် သွားလည်ဖြစ်အောင်သွားပါ‌နော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: