မုန်တိုင်းနံပါတ် (၈)၊ ၂၄ ရက်နေ့မှာ အိုကီနာဝါကျွန်းမကြီးနဲ့ Amami သို့ချည်းကပ်လာပြီးဟုခန့်မှန်းရ !!!!!!

မုန်တိုင်းနံပါတ် (၈)ဟာ အိုကီနာဝါစီရင်စုရဲ့ Kume ကျွန်း၏အနောက်ဘက်ပင်လယ်ပြင်ကနေ အရှေ့မြောက်ဘက်ဆီသို့ ဦးတည်လျှက်ရှိပါတယ်။

 

https://www3.nhk.or.jp/news/html/20200823/k10012579381000.html?utm_int=all_side_ranking-access_002

မုန်တိုင်းဟာ တဖြည်းဖြည်းအားပြင်းလာပြီး ၂၄ ရက်နေ့ အိုကီနာဝါကျွန်းမကြီးနဲ့ Amami ဒေသသို့ချည်းကပ်နေပြီးဟု သုံးသပ်ရပြီး လေပြင်းကျမှု၊လှိုင်းကြီးမှုနဲ့တူ မိုးကြီးမှုအပေါ် နိုးနိုးကြားကြားရှိဖို့ သတိပေးနှိုးဆော်ထားပါတယ်။

၂၅ ရက်နေ့နောက်ပိုင်းမှာတော့ Kyushu ရဲ့အနောက်ဘက်ကနေ မြောက်ဘက်ဆီသို့ဦးတည်သွားမယ်လို့ ခန့်မှန်းရရှိထားပါတယ်.

 

https://www3.nhk.or.jp/news/html/20200823/k10012579381000.html?utm_int=all_side_ranking-access_002

ဂျပန်မိုးလေဝဿဌာနရဲ့ ကြေငြာချက်အရ မုန်တိုင်းနံပါတ် ၈ ဟာ ၂၄ ရက်နေ့ နံနက် 0:00 နာရီခန့်တွင် အိုကီနာဝါစီရင်စု Kume ကျွန်း၏အနောက်ဘက် ပင်လယ်ပြင်မှာ လေပြင်းတွေနဲ့အတူ ၁ နာရီ ၁၅ ကီလိုနှုန်းနဲ့ အရှေ့မြောက်ဘက်ဆီသို့ ဦးတည်လျှက်ရှိတယ်လို့ ယူဆထားပါတယ်။

ဗဟိုဖိအားဟာ ၉၉၀ စတုရန်းမီတာ ဖြစ်ပြီး၊ ဗဟိုချက်အနီးရဲ့ အများဆုံးလေတိုင်နှုန်းကတော့ ၃၀ မီတာ၊ လက်တပြတ်တိုက်နှုန်း ၄၀ မီတာ၊ ဗဟိုကနေ အချင်းဝက်မျဥ်း ၇၅ ကီလိုအတွင်းမှာတော့ လေတိုက်နှုန်း ၂၅ မီတာနှင့်အထက် လေပြင်းများတိုက်ခတ်လျှက်ရှိပါတယ်။

  • မုန်တိုင်းချည်းကပ်လာတာနဲ့အတူ အိုကီနာဝါကျွန်းမကြီးဒေသတွေမှာ လေနဲ့အတူမိုးများသန်းထန်စွာရွာသွန်းလျှက်ရှိပါတယ်။
  • Kume ကျွန်းလေဆိပ်မှာ၊ ၂၃ ရက်နေ့ နေ့ခင်း ၂ နာရီအချိန်တွင် ၂၉.၃ မီတာရှိ လေပြင်းတစ်ချက်တိုက်ခတ်မှုရှိခဲ့ကြောင်း တွေ့ရှိထားပါတယ်။
  • ၂၃ ရက်နေ့ ညနေ ၅း၀၀ နာရီအထိ Yomitan ရွာရှိ နိုင်ငံတော်ကတပ်ဆင်ပေးထားတဲ့ မိုးရေချိန်တိုင်းကိရိယာမှာ ၁ နာရီအတွင်း ၃၀ မီလီရှိ ပြင်းထန်တဲ့မိုးရွာသွန်းမှုဖြစ်ခဲ့ကြောင်း သိရှိထားပါတယ်။

 

https://www3.nhk.or.jp/news/html/20200823/k10012579381000.html?utm_int=all_side_ranking-access_002

မုန်တိုင်းဟာနောက်ဆက်တွဲ အားကောင်းလာတာနဲ့လိုက်ပြီး

  • အိုကီနာဝါကျွန်းမကြီးဒေသမှာ ၂၄ ရက်နေ့ နံနက်လင်းပိုင်းကနေစပြီး မွန်းတည့်မီအထိ၊
  • Amami ဒေသမှာတော့ ၂၄ ရက်နေ့မွန်းတည့်ကနေ မွန်းလွှဲပိုင်းအထိ ပိုပိုပြီးနီးကပ်လာမယ်လို့ခန့်မှန်းရပြီး
    မိုးလေဝဿဌာနက ပြင်းထန်တဲ့လေတိုက်နှုန်းနဲ့အတူလှိုင်းကြီးမှုတွေအပြင်၊ မိုးကြီးမှုမှာလည်း နိုးနိုးကြားကြားရှိဖို့ သတိပေးထားပါတယ်။

နောက်ဆက်တွဲသတင်းတွေလည်း စောင့်ကြည့်ရန်လိုအပ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: