ဒါက ခြိမ်းခြောက်တာတဲ့ ? တကယ်ကြီးလား ?

သင်သာ တစ်စုံတစ်ယောက်နဲ့ စကားများရန်ဖြစ်ရင် ဘယ်လိုခြိမ်းခြောက်တဲ့ အပြုအမူမျိုးလုပ်လေ့ရှိလဲ ?
အသံအကျယ်ကြီးအော်တယ်
ကြောက်စရာကောင်းတဲ့ မျက်နှာမျိုးလုပ်တယ် !လက်သီးလက်မောင်းနဲ့ ရန်တွေ့တယ် !

ဘယ်လိုဟာမျိုးပဲဖြစ်ဖြစ် ဒီလိုအပြုအမူတွေကိုတော့ အလုပ်မခံရချင်ပါဘူး။ မြင်လည်းမမြင်ချင်ပါဘူး။

ဒါပေမယ့် တိရိစ္ဆာန်လေးတွေထဲမှာမှ အချို့တိရိစ္ဆာန်လေးတွေရဲ့ အပြုအမူတွေက‌တော့ ထူးထူးဆန်းဆန်းပဲတဲ့။ဒါဟာခြိမ်းခြောက်တဲ့အမူအရာဆိုပေမယ့် ချစ်စရာကောင်းနေချက် ! !!

ပွေ့ဖက်ချင်လောက်အောင် ချစ်ဖို့ကောင်းတဲ့ သူတို့ရဲ့ ခြိမ်းခြောက် pose တွေကိုကြည့်လိုက်ပါဦး။

 

Red Panda ကြောင်ဝန်

 

 

https://fundo.jp/100308

 

ရန်ဖြစ်နေတာတဲ့။ ဒါပေမဲ့ဒီသူတို့ရဲ့ ခြိမ်းခြောက်ပြနေတဲ့ပုံစံက တော်တော်လေးချစ်စရာဖြစ်နေပါတယ်။ဒါ အမျက်ထွက်နေတယ်ဆိုတာကို ဘယ်သူကသိမှာတုန်း။

 

ရေချိုကျောက်ပုစွန်

ကျောက်ပုစွန်ကြီးတစ်ကောင်ဆိုရင်တော့ ဒါကနည်းနည်းကြောက်စရာကောင်းပေမယ့် အခုလိုမျိုးလေးကတော့ တော်တော်လေးချစ်စရာကောင်းတယ်နော်။အညှပ်ခံရရင်တောင်အရမ်းနာတာမဟုတ်ဘူးဆိုတော့ အညှပ်တောင်ခံချင်မိတယ်။

 

ငါးပူတင်း

ဒီလိုလုံးလုံးလေးဖြစ်လာတာ ချစ်စရာကောင်းတယ်နော်။ဒေါသထွက်တဲ့အခါ ပါးကိုဖောင်းပြီး စူပုတ်နေတဲ့ကောင်မလေးတွေရှိတယ်မလား၊ သူတို့လိုပဲ ချစ်စရာကောင်းတယ်နော်။

 

Kagu

 

သြစတြေးလျမှာနေထိုင်တဲ့ Kagu အမည်ရှိငှက်တစ်ကောင်ပါ။ ဒီပုံကတော့ ပုံမှန်ဗားရှင်းဖြစ်ပါတယ်။သူအမျက်ထွက်တဲ့အခါမှာတော့  …သူ့ပုံစံက Dragon Ball ထဲက Super Saiyan နှင့်တူလာပါတယ်။

ဓါးခုတ်ကောင်

Yeah! လို့ပြောပြီး ကင်မရာကိုကြည့်ကာ Pose ပေးနေတဲ့ပုံစံပါပဲနော်!မင်းစိတ်ဆိုးနေပုံရတယ်နော်။နည်းနည်းပိုပြီး ကြီးလာတဲ့ပုံကို ပြဖို့ကြိုးစားနေတာဖြစ်မယ်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ် သူနိုင်နိုင်မယ်လို့တော့ မထင်ဘူး .. ..
ခွေးလေးရဲ့မျက်နှာကိုကြည့်လိုက်ပါဦး . . . ရန်တွေ့ခံရတဲ့သူတောင် ကြောင်သွားလောက်တယ်။

 

ပုရွက်စားကောင်

ပွေ့ဖက်ရန်တောင်းဆိုနေတာမဟုတ်ပါဘူးနော်၊ ဒေါသထွက်နေတာပါ။

 Momonga

(Japanese flying squirrel)ဒါက သူ့ရဲ့ခြိမ်း‌ခြောက်မှုတဲ့။ လုံးဝထင်မိမှာမဟုတ်ဘူးနော်။

ကဲ ဘယ်လိုလဲ?

တိရစ္ဆာန်တွေက ပိုကြီးလာရင်ပိုအားကောင်းလာတယ်ဆိုတဲ့သဘောမျိုးနဲ့၊ နည်းနည်းလေးပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ ပိုကြီးလာအောင်မြင်ရစေဖို့ လက်ကိုမြှောက်ထားပုံရပါတယ်။

ဒါပေမယ့် သူတို့ရဲ့ နားသွန်ခွန်စိုက် ‌‌‌‌‌ဒေါသထွက်နေတဲ့ပုံက ကြည့်ရတာ ချစ်ဖို့ကောင်းနေတယ်နော်။
ဒီလိုချစ်ဖို့ကောင်းနေပြန်တော့ နည်းနည်းတောင် မနာလိုဖြစ်မိလိမ့်မယ်ထင်တယ်နော် !!!!

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: