မတော်တော့တဲ့ T-shirt ကိုမစွန့်ပစ်နိုင်တဲ့ သားလေးနဲ့ ဉာဏ်ကောင်းလွန်းတဲ့ မေမေ !!!!

Handmade လေးတွေလုပ်တတ်တဲ့ Okiyon(@Okiyonism)ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူမပြုလုပ်ထားတဲ့အရာလေးတွေကို
ဓတ်ပုံရိုက်ပြီး Twitter ပေါ်မှာတင်လိုက်ပါတယ်။ ထိုအရာပေါ် တုံ့ပြန်မှုလည်းအရမ်းများခဲ့ပါတယ်။

သူမမှာ သားငယ်လေးတစ်ယောက်ရှိပါတယ်။
သားလေးနဲ့မတော်တော့တဲ့ T-shirt တွေကို စွန့်ပစ်ဖို့လုပ်ခဲ့ပါတယ်။
အဲ့ဒီအချိန် “ ကျွန်တော်ရဲ့ ပန်ဒါလေးတွေကို မပစ်ပါနဲ့ !သူတို့နဲ့ဝေးအောင်မလုပ်ပါနဲ့” ဆိုပြီး အော်ငိုနေခဲ့ပါတယ်။

ခဏအကြာမှာတော့
“ အဲ့ဒါဆိုရင် အားလုံးကိုအထဲမှာဂွမ်းထည်ပြီး အရုပ်လေးလုပ်ပေးပါ သေးသေးလေးတွေလည်း တစ်ခုစီလုပ်ပေးပါ”

ဒီစကားကိုကြားလိုက်တဲ့မိခင်ဟာ အကြံတစ်ခုရလိုက်ပါတယ်။
သားလေးဟာ ပန်ဒါကိုသဘောကျသူပီပီ သူမှာပန်ဒါပါတဲ့ T-shirt က ၆ မျိုးတောင်ရှိပါတယ်။

 

Tシャツを捨てられたくない息子の『無茶ぶり』 やり遂げた母の投稿に「5度見した」の声

ဒါနဲ့ ဉာဏ်ကောင်းတဲ့မေမေဟာ သားလေးသဘောကျ ပန်ဒါလေးတွေကိုလည်း မထိခိုက်စေဘဲ သားလေးနဲ့အတူရှိနိုင်မယ့်
အရာလေးတွေအဖြစ် ချုပ်ပေးလိုက်ပါတယ်။
အဲ့ဒါလေးတွေကတော့ !!!!!

 

 

 

 

 

 

ဝါး ချစ်စရာလေးတွေနော်….

“ အစွန်းအထင်တွေပေနေတဲ့ ပန်ဒါကိုလည်း ဒဏ်ရာရထားတဲ့စစ်သားအဖြစ်လုပ်ချင်တယ်” လို့ပြောလာတဲ့ သားလေးရဲ့ဆန္ဒအတိုင်းပဲ
ဆေးရောင်တွေနဲ့ပေနေတာတို့၊ အစားအသောက်တွေနဲ့စွန်းထင်သွားတဲ့ ပန်ဒါအိင်္ကျီကိုလည်း မပစ်ဘဲ သေသေချာချာလေးညှပ်ကာ
ပစ္စည်းအသစ်တစ်ခုအနေနဲ့လုပ်ပေးလိုက်ပါတယ်။

အားလုံးလုပ်ပြီးသွားလို့ သားလေးကိုပေးလိုက်တဲ့အခါမှာတော့ အရမ်းကိုပျော်ရွှင်သွားပြီးအတူတူကစားရုံသာမက အိပ်ယာမှာတောင်
ဒီလိုမျိုးထား ထားပါသေးတယ်တဲ့ !!!!!

 

သူမကတော့ သားလေးပျော်နေတာတွေ့ပြီး အရမ်းပီတိဖြစ်မိမယ်ထင်ပါတယ်…

မိမိအိမ်မှာကလေးတွေရှိမယ်ဆိုရင်လည်း ဒီလိုလေးလုပ်ပေးနိုင်တယ်နော်….

 

JAPO Myanmar

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: