ဂျပန်အနောက်ပိုင်းဒေသကိုဦးတည်ပြီး အန္တရာယ်ရှိတဲ့အပူချိန် 40 ဒီဂရီအထိအပူလှိုင်းဖြတ်နိုင်ခြေရှိ‌‌‌ !!!!!!

ဂျပန်မိုးလေဝသရဲ့ အဆိုအရ Shizuoka စီရင်စု Hamamatsu မြို့ ရှိ ၁၇ ရက်တွင်ရောက်ရှိခဲ့တဲ့ နေ့အပူချိန်ဟာ
လေ့လာထားရှိမှုတွေရဲ့ သမိုင်းအရ ဂျပန်နိုင်ငံအတွက် အပူချိန် 41.1 ဒီဂရီဟာ အမြင့်ဆုံး အပူချိန်ဖြစ်တယ်လို့ သိရှိရပါတယ်။

 

https://www3.nhk.or.jp/news/html/20200818/k10012571521000.html?utm_int=news-saigai_contents_list-items_004

 

 

ဒီအပြင် အခြား‌ဒေသရဲ့ အမြင့်ဆုံးအပူချိန်တွေကတော့
Mino City၊ Gifu စီရင်စုနှင့် Nishimera ၊ Miyazaki စီရင်စုတွင် ၃၉.၇ ဒီဂရီ၊
Nagida စီရင်စု၊ Iida မြို့၊ Minami Shinano တွင် ၃၉.၅ ဒီဂရီ၊
Tokai နှင့် ဂျပန်အနောက်ပိုင်းဒေသရဲ့နေရာအမျိုးမျိုးမှာတော့ ၄၀ ဒီဂရီနီးပါး ရှိပြီး
အန္တရာယ်ရှိတဲ့ အပူချိန်ဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20200818/k10012571521000.html?utm_int=news-saigai_contents_list-items_004

 

Kanto တွင် ၁၈ရက်နေ့ရဲ့ အပူချိန်သည် ၁၇ ရက် နေ့လောက် အပူချိန် မြင့်တက်ခြင်းမရှိသော်လည်း
ဂျပန်အနောက်ပိုင်းနှင့်တိုကျိုတို့တွင်အန္တရာယ်ရှိသောအပူရှိန်ကတော့ ဆက်လက်ဖြစ်ပွားနေပါတယ်။

တစ်နေ့တာအတွင်းအပူချိန်အမြင့်ဆုံးအပူချိန်ကတော့
Yamaguchi ခရိုင်နှင့် Kumamoto စီရင်စု၊ Hitoyoshi မြို့ ၊ Hita မြို့ Oita ခရိုင် တွင် ၃၉ ဒီဂရီ၊
Nagoya၊ Okayama၊ Kagoshima တွင် ၃၈ ဒီဂရီ၊
Kochi နှင့်Kofu တို့တွင် ၃၇ ဒီဂရီခန့်ခန့်ရှိသည်ဟုခန့်မှန်းရပါတယ်။

 

https://www3.nhk.or.jp/news/html/20200818/k10012571521000.html?utm_int=news-saigai_contents_list-items_004

 

ပြင်းထန်သော အပူချိန်ကြောင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကုန်သွားသည်နှင့်အမျှ၊
အပူရှပ် သံသယဖြင့် ဆေးရုံများသို့ သယ်ယူပို့ဆောင်ရသော လူနာဦးရေမှာ အလွန်များပြားလာပါတယ်။

အပူရှပ်ပြီး သေဆုံးရတဲ့ သူတွေလည်းရှိပါတယ်။မကြာခဏ ရေဓါတ်ကိုပြန်လည်ဖြည့်ပေးခြင်း နှင့် အပြင်မှာနေခြင်း ကိုတတ်နိုင်သမျှရှောင်ပါ၊ ဆက်လက်ပြီးတော့ ကျေးဇူးပြုပြီး အပူရှပ်ခြင်းမဖြစ်စေရန်သတိပြုပါ။

အထူးသဖြင့်သက်ကြီးရွယ်အိုများအတွက် ကိုယ်တိုင်က သတိမထားမိဘဲ ရောဂါလက္ခဏာများပိုမိုဆိုးရွားလာနိုင်တဲ့ အတွက် သင့်ပတ်၀န်းကျင်ကသူတွေကို လေအေးပေးစက်နဲ့ပန်ကာတို့ကို မှန်ကန်စွာ အသုံးပြုနိုင်ဖို့ အကူအညီရယူပါ။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: