Toilet ကနေပြန်ထွက်မလာတဲ့သမီးဖြစ်သူကို မိခင်ကိုယ်တိုင်သွားကြည့်လိုက်သောအခါ !!!!

လက်တလော Twitter မှာ かっし ဆိုတဲ့အမျိုးသမီးတင်ထားတဲ့ ပိုစ့်တစ်ခုဟာ လူပြောများတဲ့ နာမည်ကြီးအကြောင်းအရာတစ်ခုလိုဖြစ်နေပါတယ်။

အကြောင်းကတော့ ဒီလိုပါ…
かっしーー(@ayakoharun918)ဆိုတဲ့အမျိုးသမီးမှာ ၆ နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။

တစ်နေ့ အိမ်မှာနေရင်း toilet ထဲဝင်ပြီး တော်တော်နဲ့မှပြန်မထွက်လာတဲ့ သမီးဖြစ်သူကိုသတိပြုမိသွားရာကနေ သမီးဖြစ်သူတစ်ခုခုများဖြစ်နေမလားဆိုပြီး အခြေအနေကိုကြည့်ဖို့သွားရင်း အိမ်ထဲကစင်္ကြန်လမ်းမှာ တွေ့လိုက်ရတာက… သူမကိုရုတ်တရက် shock ရသွားစေခဲ့ပါတယ်..

အဲ့ဒါကတော့ ……

ဧည့်ခန်းကနေ အိမ်ထဲကိုပြန်ဝင်လာတဲ့လမ်းမှာ လူပုံစံကလေးတစ်ယောက်ဟာ မတ်တပ်ရပ်ပြီး သူမကိုစောင့်နေတာပဲဖြစ်ပါတယ် ….
သူမဟာ Child’s Play ဆိုတဲ့သရဲကားထဲက ကလေးသရဲလို့ထင်မှတ်သွားပြီး တစ်ခါမှမအော်ဖူးခဲ့တဲ့အသံနက်ကြီးနဲ့တောင် အော်မိပါတယ်တဲ့…

 

トイレから戻らない娘を心配した母親 様子を見に行こうと廊下に出ると?

တကယ်ကတော့ သူမကိုစောင့်နေတဲ့ လူပုံစံကလေးက သူမသမီးလေးရဲ့ အရုပ်မလေး メルちゃん ပဲဖြစ်နေပါတော့တယ်…..(အမလေး ကြောက်ဖို့ကောင်းလိုက်တာ ဟီဟီ)

အလင်းရောင်ကိုကျောပေးပြီး အရိပ်ကျနေတဲ့ပုံစံကလည်း ပိုပြီးကျောချမ်းစေတယ်နော်..

ဒါနဲ့ပဲ သူမဟာ toilet ကနေပြန်ထွက်လာတဲ့သမီးလေးကို ဘာကြောင့်ကြာရသလဲ မေးရင်းရင်တုန်ပန်းတုန်ဖြစ်ခဲ့ရပါတယ်။

သမီးဖြစ်သူက တမင်သက်သက်ထားခဲ့တာလာ၊ မမျှော်လင့်ဘဲထားမိတာလာဆိုတာမသိပေမဲ့၊ နတ်ဆိုးအရုပ်ဟုတ်မဟုတ် သေသေချာချာစစ်ဆေးပြီးမှပဲ かっしစံတစ်ယောက် စိတ်အေးသွားရပါတယ်။

pic.twitter.com/yUnrrMO5s8

ဒီအကြောင်းကိုတော့ သူမရဲ့ Twitter စာမျက်နှာမှာ ၁၀ ရက်နေ့က တင်ခဲ့တာပဲဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: