စစ်ပွဲအတွင်းမှ မီးပုံပွဲ !!!!

ကျိုတိုမှာကျင်းပတဲ့ Bon ပွဲတော်ကိုပြောပါဆိုလျှင် 五山送り火Gozan Okuribi ဆိုတဲ့ ရိုးရာပွဲတော်တစ်ခုရှိပါတယ်။ဝိညာဉ်တွေကို ပူဇော်ပသတဲ့ ပွဲတစ်ခုဖြစ်ပြီး တောင် ၅ ခု ( တကယ်တမ်းက တောင် ၆ခု) ပေါ်မှာ
မီးနဲ့ ” 大” ဆိုတဲ့ ကြီးမားတယ်လို့အဓိပ္ပာယ်ရတဲ့ အက္ခရာဖြင့် မီးပုံပြုလုပ်တဲ့ပွဲတစ်ခုပဲဖြစ်ပါတယ် !!!!

https://souda-kyoto.jp/blog/00518.html

နောက်နှစ်ရဲ့ Bon ပွဲမှာ ဘိုးဘေးတို့ရဲ့ ၀ိညာဉ်များကို ကျွန်ုပ်တို့ရဲ့အိမ်သို့ ထပ်မံဖိတ်ခေါ်နိုင်ရန်အတွက် ၄င်းတို့ကို သေချာ ကြည့်ရှုပို့ဆောင်မှု မပြုလုပ်လို့မရပါဘူး။

ဟုတ်ပါတယ်၊ ကျိုတိုပြည်သူတွေအတွက်တော့ ဒါဟာ အလွန်အရေးကြီးတဲ့နွေရာသီပွဲတစ်ပွဲပါ။
အခြားပွဲတော်များနှင့်မတူဘဲ ဒီပွဲတော်ကတော့ တေးဂီတကိုတီးမှုတ်ခြင်းနှင့် ဆူညံသံများမပြုလုပ်ကြပါဘူး။ တောင်ပေါ်တွင်ပေါ်လာသော အက္ခရာများကိုကြည့်ခြင်းအားဖြင့် သူတို့ရဲ့ ဘိုးဘေးများကိုသာ တွေးတောကြပါတယ်။

ဒီလိုတိတ်ဆိတ်တဲ့ ပွဲတော်က တကယ့်ကိုကျိုတိုမြို့ပီပီ မြင်ယောင်စေပြီး ဒါဟာအလွန်ကောင်းတဲ့အစဉ်အလာတစ်ခုဖြစ်ပါတယ်။
Corona ကိုတားဆီးသည့်အနေဖြင့် ယခုနှစ်တွင်တော့ မီးထွန်းအသုံးပြုမှု အရေအတွက်သိသိသာသာလျှော့ချနိုင်သော်လည်း ၎င်းသည် နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်များစွာကိုဆွဲဆောင်ထားတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

ဤပွဲကို Rinzai ဗုဒ္ဓဘာသာဂိုဏ်းတစ်ဖွဲ့ကပြုလုပ်ခဲ့ပြီး မူလကတော့ ဤဂိုဏ်းကသတ်မှတ်ထားသောထူးခြားသောဘုရားကျောင်း ၅ ခုရှိပါတယ်။
သို့ပေမယ့် ထိုအချိန်ကအစိုးရသည် အခြားဝတ်ပြုရာအိမ်တော်ကို ထပ်ထည့််ခြင်းအားဖြင့် ၆ခု ဖြစ်လာပါတယ်။
၎င်းကို 五山Gozan ဟုခေါ်သော်လည်း ၎င်းသည်ခြောက်ခုလို့ဆိုတဲ့အတိုင်း လျှို့ဝှက်ဆန်းကြယ်မှုတွေ kyoto မှာရှိပါတယ်။

အက္ခရာ ၅ လုံးသာရှိသဖြင့် 大門寺(だいもんじ)Daimonji နှင့်左大門寺(ひだりだいもんじ) Hidairi Daimonji သည်တူညီသော “大” ကြီးမားသော ဆိုတဲ့ အက္ခရာဖြစ်လာပါတယ်။

နှစ်ပေါင်းများစွာကြာအောင်ပြုလုပ်ခဲ့သောဤရိုးရာအဖြစ်အပျက်သည် corona ကြောင့် အတိုင်းအတာတစ်ခုအထိလျှော့ချပြီး ပြုလုပ်ခဲ့ပေမယ့်
တကယ်တော့တစ်ချိန်တုန်းက ဒီပွဲဖျက်သိမ်းရပ်နားမှုအကျပ်အတည်းမျိုးဖြစ်ခဲ့ဖူးပါတယ်။

အဲဒါက ၁၉၄၃ ကနေ နောက်သုံးနှစ်အထိ။
ဟုတ်ပါတယ်၊ ဂျပန်မှာ စစ်ပွဲတွေဖြစ်တုန်းကပေါ့။

 

မီးထွန်းရန် ထင်းလုံလောက်မှုမရှိခြင်း၊ လေတိုက်တဲ့အခါ လေကြောင်းစီးနင်းမှုကိုရှောင်ရှားရန် နှင့် မီးထိန်းချုပ်မှုပြင်းထန်သည့် ညအချိန်များတွင် မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်မယ်ဆိုရင်လည်း အဆင်မပြေ!
ဒီလိုနဲ့ ပွဲကိုကျင်းပ အကောင်အထည်ဖော်ရန် အခက်အခဲဖြစ်လာပါတယ်။

ဒေသခံလူထုက ဤအစဉ်အလာကိုမချိုးဖောက်ရန်နှင့် ဆက်လက်ပြုလုပ်ဖို့ တောင်းဆိုသည့်အခါ မူလတန်းကျောင်းသားများကို စု‌ပေါင်းကာ အဖြူရောင်စာလုံးများကိုပြုလုပ်ခဲ့တယ်ဟုဆိုကြပါတယ်။

ဤသည်မှာ ၁၉၄၄ ခုနှစ်တွင်ဒုတိယအကြိမ်မြောက်လူသားများဖြင့် အက္ခရာဖော်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

 

https://www.kyoto-np.co.jp/articles/-/329131

 

4 တန်းနှင့်အထက် မူလတန်းကျောင်းတက်ရောက်သည့်ကျောင်းသားအယောက် ၄၀၀ ။
ထို့အပြင်အခြားပါ၀င်သူများအပါအ၀င်စုစုပေါင်း ၈၀၀ ဦးတို့ဟာ
အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ဤမတ်စောက်သောတောင်ကိုတက်ခဲ့ကြပါတယ်။

 

ထိုအချိန်က ဂျပန်နိုင်ငံဟာ ပြင်းထန်သောစစ်ပွဲကြောင့် လိုက်လံဖမ်းဆီးခံခဲ့ရပြီး စားစရာအနည်းငယ်သာရှိခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ တောင်ပေါ်တက်ဖို့ဆိုတာ အတော်လေးခက်ခဲခဲ့မယ်လို့ထင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒီလိုခက်ခဲတဲ့ အချိန်မှာတောင် ရိုးရာကိုဆက်လက် ကာကွယ်ထားခဲ့ဒေသခံရိုးရာပွဲတစ်ခုဖြစ်ပါတယ်။

 

 

နှစ်ပေါင်းရာနဲ့ချီပြီး ဒီရိုးရာပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့ မျှော်လင့်ဆုတောင်းရင်း၊
လာမယ့်နှစ်မှာ ဒီ Gozan မီးပုံပွဲကို လူတိုင်းမြင်နိုင်မယ်လို့မျှော်လင့်ပါတယ် !!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: