Alcohol လက်သန့်ဆေးရေကြောင့် ဂျပန်ဘုန်းတော်ကြီးတစ်ပါး လက်မီးစွဲသွားခဲ့ရ !!!

ဂျပန်လည်း နွေရာသီသို့ရောက်ရှိလာခဲ့ပါပြီ…
ဂျပန်ရဲ့ နွေခေါင်ခေါင် ၈ လပိုင်းရဲ့ လလယ်လောက်မှာရှိတဲ့ ကြီးမားတဲ့ပွဲတော်ကတော့ お盆 Obon ပွဲတော် ပဲဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဘိုးဘေးတွေကိုနေအိမ်သို့ပြန်ပြီးခေါ်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ပွဲပဲဖြစ်ပါတယ်။
ဒီအချိန်မှာ ဘုန်းတော်ကြီးတွေက အခန်းကဏ္ဍအတော်များများမှာ ပါဝင်လှုပ်ရှားရပါတယ်။
ဘိုးဘေးတို့ရဲ့ဝိညာဥ်တွေအတွက် သုတ်ကိုရွတ်ဖတ်ပူဇော်ဖို့အိမ်သို့ ကြွလာပေးသလို၊ ဘုန်းကြီးကျောင်းတွင်းမှာလည်း အမျိုးမျိုးသောအရာတွေကိုလုပ်ဆောင်ရပါတယ်။

 

https://grapee.jp/854566

 

အဲ့ဒီလိုဘုန်းတော်ကြီးကို ကိုရိုနာကာကွယ်မှုစီမံဆောင်ရွက်ရေးက တိုက်ခိုက်လာခဲ့ပါတယ်။
Social Distance ကြောင့် လူတွေရောက်မလာလို့အခက်တွေ့ရတာလာ?

အဲ့ဒီလိုမဟုတ်ပါဘူး…..

 

သုတ်ရွတ်ဖတ်ပူဇော်ဖို့ရန်သွားတဲ့အိမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုအနေနဲ့ လက်ကို alcohol လက်သန့်ဆေးရေနဲ့ဆေးရပါတယ်။
အဲ့ဒီနောက် မီးခြစ်နဲ့ဖယောင်းတိုင်မီးညှိလိုက်တဲ့အချိန် လက်မှာကျန်ခဲ့တဲ့ alcohol ဆီသို့မီးကူးသွားပြီး ညာဘက်လက် မီးစွဲသွားခဲ့ပုံရတာပါ…

သေချာတာကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒုတိယဘေးအန္တရာယ်ပါပဲ…..
ဒဏ်ရာကြီးကြီးမားမားမဖြစ်သွားပေမဲ့ အရမ်းအန္တရာယ်များပါတယ်….

alcohol ပါတဲ့လက်သန့်ဆေးရေကို သုံးနေသူများလည်းအများအပြားရှိမယ်လို့ထင်ပါတယ်။ သို့သော် alcohol ကမီးကူးလွယ်ပါတယ်….
ချက်ပြုတ်တာတို့၊ ဆေးလိမ်သောက်တာတို့ လုပ်တဲ့အချိန် မီးကိုအသုံးပြုရတာကြောင့် alcohol လက်သန့်ဆေးရေနဲ့ မီးရဲ့အန္တရာယ်ကိုမပေါ့ဆကြပါနဲ့….

ကိုရိုနာကနေ ကာကွယ်ပေးတယ်ဆိုပေမဲ့ မီးလောင်ပြီးဒဏ်ရာရတဲ့အထိဖြစ်မယ်ဆိုရင်တော့ အဓိပ္ပါယ်မရှိဘူးလေနော်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: